အပိုင်း🌺၄၅🌺

171 5 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၄၅)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

         ဧကရာဇ်နန်းမြိုင်စံအိမ်ကြီးဆီကို..လွန်း နောက်ထပ်တစ်ခေါက် ရောက်လာခဲ့ပြန်ပြီ။ စိမ်းစိမ်းစိုစိုနေတဲ့ ဧကရာဇ်ပင်တွေကို လွန်း ငေးကြည့်စိုက်ကြည့်ရင်း ပြုံးနေမိသည်။
လွန်းနဲ့ခါးသက်တို့ရဲ့ ပထမဦးဆုံး ဆုံတွေ့ခဲ့တာ ဖွေးဖွေးလှုပ်နေတဲ့ ဧကရာဇ်ပန်းတွေကြားထဲမှာလေ။

       ပန်းတွေ ဖွေးဖွေးလှုပ်နေအောင် ဖူးပွင့်နေခဲ့တဲ့ ပန်းပင်တွေကြားထဲမှာ သူ့ရဲ့ဘ၀အကြောင်းတွေကို ရင်ဖွင့်ခဲ့တဲ့ ကောင်လေးတစ်ယောက်။ ထိုကောင်လေးရဲ့ဖြစ်တည်မှုက ပဟေဠိဆန်နေခဲ့တယ်။ နောက်တော့ လွန်းကို လက်စားချေမဲ့ ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပြန်ရော..။ အခုကျပြန်တော့လဲ..လွန်းကို သည်းသည်းလှုပ်အောင် ချစ်ပြနေတဲ့ ကောင်လေးအဖြစ်နဲ့ လွန်းရဲ့ဘေးနားမှာ သူရပ်တည်နေခဲ့ပြီ။ 

     လွန်း အတိတ်က ခြေရာတချို့ကို..ပြန်လည်တူးဖော်နေတုန်းမှာ..

""မတွေ့ရတာအတော်ကြာနေပြီနော် လွန်း..""

လွန်း နောက်လှည့်ကြည့်လိုက်တော့ အနောက်တိုင်း သတို့သား၀တ်စုံ အပြာနုရောင်လေးနဲ့ အစ်ကိုထစ်ချုန်းကို တွေ့လိုက်ရ၏။

""ဟုတ်တယ်နော်..အစ်ကိုနဲ့လွန်း မတွေ့ဖြစ်တာ ကြာပြီ.."

""..အစ်ကို လွန်းရဲ့အဒေါ်အကြောင်းကို ကြားတယ်..အဲ့ဒီအတွက်လဲ စိတ်မကောင်းဖြစ်မိပါတယ်..နောက်ပြီး..
အစ်ကိုရဲ့အဘိုးလုပ်ရပ်တွေနဲ့ပတ်သက်ပြီးလဲ အစ်ကိုတောင်းပန်ပါတယ်..လွန်း..""

လွန်း ခပ်ဖွဖွလေး ပြုံးလိုက်ပြီး..

""ဟုတ်ကဲ့..ရပါတယ် အစ်ကို..အခု လွန်းရင်ထဲမှာ အာဃတ အငြိုးတရားတွေ အမုန်းတရားတွေ ဘာတစ်ခုမှ မရှိတော့ပါဘူး..အတိတ်ကို အတိတ်မှာဘဲ...ထားခဲ့နိုင်အောင် လွန်းကြိုးစားနေပြီ အစ်ကို.""

""အင်း..အစ်ကိုကတော့ လွန်းကိုပျော်ရွှင်စေချင်ဘဲ သိတယ်..ဒါနဲ့ ခါးသက်နဲ့ရော အဆင်ပြေရဲ့လား...""

""ဟုတ်ကဲ့...ပြေပါတယ်အစ်ကို..""

""အင်း..ဘာလိုလိုနဲ့ တစ်နှစ်ပြည့်တော့မယ်နော် လွန်း...တစ်နှစ်ပြည့်သွားရင် .လွန်းဘာဆက်လုပ်မယ် စဉ်းစားထားလဲ..""

ဝိုးတဝါးအိမ်မက်Where stories live. Discover now