အပိုင်း🍓၃၁🍓

154 7 3
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၁)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

          အမေအေးကို..နန်းဦးနဲ့ ခါးသက် တို့နှစ်ယောက် ကားဂိတ်မှာ သွားကြိုကြလေသည်။လွန်းကတော့ အိမ်မှာနေရစ်ခဲ့ပြီး ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်နေခဲ့လေသည်။အမေအေးနေဖို့ရန် အခန်းကို ကိုယ်တိုင်ပြင်ဆင်ထားသလို အမေအေး စားဖို့ရန်အတွက်လဲ အမေ‌အေးကြိုက်တတ်သည့် ဟင်းလျာများကို နန်းဦးကိုမေးပြီး ကိုယ်တိုင်ချက်ပြုတ်
ပြီး ပြင်ဆင်ထားလိုက်လေသည်။
     မီးဖိုချောင်ထဲမှာ လွန်းတစ်‌ယောက်တည်း ဗျာများနေလေသည်။
""သခင်လေး နားလိုက်ပါတော့လား..ကျန်တာ ဒေါ်လေးလုပ်လိုက်ပါ့မယ်...""
""ဟုတ် ..ရပါတယ် ဒေါ်လေးရဲ့..ဒေါ်လေးလဲ ပင်ပန်းနေပြီမလား""
""အမယ်လေး..သခင်လေးရယ်..ဒေါ်လေးတာ ပုံမှန်လုပ်နေကျ အလုပ်တွေပါ မပင်ပန်းပါဘူး..သခင်လေးသာ...မြန်မြန်အ၀တ်စားသွားလဲချည်..ဟုတ်ပြီလား..""
""ဟီး...ဟုတ်...""
💓💓💓
       ""အမေအေး..ဒါက ကျွန်တော်နဲ့လက်ထပ်ထားတဲ့ ကိုလွန်းပုံရိပ်...
ကို..ဒါကမောင်ပြောပြောနေတဲ့..
အမေအေးလေ..""
ခါးသက်က လွန်းနဲ့ အမေအေးတို့ကို မျက်နှာချင်းဆိုင် မိတ်ဆက်ပေးလေသည်။
""ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်..အမေအေး..""
လွန်းက လှိုက်လှဲစွာပြုံးပြရင်း ဆိုလိုက်သည်။ အမေအေးကလဲ လွန်းကို သဘောကျနှစ်ခြိုက်စွာ စိုက်ကြည့်နေလေသည်။
""အမယ်လေး...သားလေးက videoထဲကထက် အပြင်မှာ ပိုပြီးချစ်စရာကောင်းနေတာဘဲ""
အမေအေးကဆိုလိုက်တော့ ခါးသက် နှစ်ခြိုက်စွာပြုံးနေမိ၏။
""အမေအေး လာ ထိုင်ပါဦးဗျ အမေအေးခရီးပန်းလာမှာဘဲ သားအမေအေးအတွက်..သံပရာရည်လေးသွားဖျော်လိုက်ဦးမယ်..""
""နေပါစေကွယ်...အမေအေးအတွက်..သံပရာရည်မလိုတော့ပါဘူး ..ဟော့ဒီက ငါ့သားရဲ့အပြုံးလေးကိုမြင်လိုက်ရတာ အမေအေး အမောပြေသွားပါပြီ""
အမေအေးက လွန်းရဲ့ လက်ကိုဆုပ်ကိုင်ရင်း ဆိုလာလေသည်။
ခါးသက်ကတော့ ဘာစကားမှမဆို သူ့ဘာသာနေမြဲတိုင်းပင်..။နန်းဦးကတော့ ဘေးနားမှာ ပြုံးစိပြုံးစိနှင့်။
""ဟဲ့ နန်းဦး..အမယ်..ကြည့်စမ်း ရေသာခိုနေတာ ငါ့ပစ္စည်းတွေကို ငါနေမဲ့အခန်းထဲသွားပို့လေ""
အမေအေးက ဘေးနားမှာရပ်နေသည့်နန်းဦးကိုစောင်းကြည့်ရင်းဆိုလိုက်သည်။
"အာ..ဟုတ်သားဘဲ...အမေအေးပစ္စည်းတွေကို အခန်းထဲသွားပို့ဖို့ကိုမေ့နေတာ.""
လွန်းက ထိတ်လန့်တကြားဆိုလိုက်ပြီး အမေအေးပစ္စည်းတွေကို သယ်ဖို့ရန် ဟန်ပြင်လိုက်သည်။
""သားက ဘာလုပ်မလို့လဲ...ထားလိုက် နန်းဦးလုပ်လိမ့်မယ်""
အမေအေးကတားလိုက်သလို..
""ဟုတ်တယ် ကို...အေးဆေးနေပါ..
နန်းဦးလုပ်လိမ့်မယ်""
ခါးသက်ကပါ ထပ်ဆင့်ဝင်ရောက်၍ပြောဆိုလာလေသည်။
""ဟွန်း...အမေအေးတို့များနော်.
ချက်ချင်းကြီး မျက်နှာကိုလိုက်တယ်""
နန်းဦးက စူပုတ်ပုတ်လေးနှင့်ဆိုလိုက်တော့ အမေအေး၏ နဂါးမျက်စောင်းက ဒိန်းခနဲ့ နန်းဦးဆီသို့ကျရောက်သလို။ နန်းဦး၏ခေါင်းပေါ်သို့ ခါးသက်က ဖက်ခနဲ့ ရိုက်ချလိုက်ပြီး..
""လျှာကိုရှည်တယ် လုပ်စရာရှိတာ လုပ်လိုက်ပါ့လား""
ခါးသက်က ဆိုလိုက်တော့ နန်းဦးတစ်ယောက် ပွစိပွစိနဲ့ ‌တီးတိုးစွာကျိန်ဆဲလိုက်ပြီး အမေအေးရဲ့ပစ္စည်းတွေကိုသယ်သွားလေတော့သည်။လွန်းကတော့ နန်းဦးကို အားတုန့်အားနာစွာပြုံးပြီးကြည့်နေမိသည်။
💓💓💓
        ""အမေအေးထည့်စားနော် အမေအေးကြိုက်တတ်တဲ့ ဟင်းတွေကိုချည်းဘဲ ကို ကချက်ထားတာ""
ခါးသက်က အမေအေးပန်းကန်ထဲ ဟင်းတွေ ထည့်ပေးရင် ဆိုလိုက်သည်။
""ဒီ ဟင်းတွေအကုန်လုံးက သားချက်ထားတာ ဟုတ်လား""
အမေအေးက အံ့ဩဟန်နဲ့မေးလိုက်တော့ လွန်း ပြုံးလိုက်ပြီး..
""အာ...သားတစ်ယောက်တည်း ချက်ထားတာမဟုတ်ပါဘူး..ဒေါ်လေးတာကို ဝင်ကူပေးတယ်ဆိုရုံလေးပါ..""
လွန်းက ဆိုလိုက်တော့ ဘေးနားမှာရပ်နေသည့် ဒေါ်တာက သဘောကျစွာ ရယ်လိုက်ပြီး..
""မဟုတ်ပါဘူး..ဒါတွေအကုန်လုံးကို သခင်လေး ချက်ထားတာပါရှင်..""
ဟု ၀င်ပြီးပြောလာလေသည်။
""ကို က...အမေအေးကို စားချင်လို့ အပင်ပန်းခံပြီးချက်ထားတာပါ..ကျေးဇူးဘဲကို...""
ခါးသက်က လွန်းရဲ့လက်လေးကို လှမ်းကိုင်ပြီး ချိုသာစွာပြောလိုက်လေသည်။
""မဟုတ်တာဘဲကွာ...အမေအေးက..မောင့်ဘ၀အတွက် အရေးပါတဲ့သူဆိုရင်.ကို့အတွက် လဲ  အရေးပါတဲ့သူဘဲလေ..မောင်ရဲ့""
ခါးသက်နဲ့လွန်းတို့နှစ်ယောက်ကို ကြည့်ရင်း အမေအေးတစ်ယောက်ပီတိဖြာနေသလို နန်းဦးသည်မှာလဲ မျက်နှာကြီး စပ်ဖြဲဖြဲဖြစ်နေလေတော့သည်။
""အိုး...သားလေးလက်ရာက စားကောင်းလိုက်တာကွယ်..အမေအေးရဲ့သားလေး ခါးသက်တော့ မယားကောင်းလေး...အဲ ..လင်ကောင်းသားကောင်းလေးရတယ်လို့ ဆိုရမှာပေါ့""
အမေအေးက ပြောလိုက်တော့ ခါးသက် မျက်နှာက ပြုံးစိစိ ဖြစ်သွားရသလို လွန်းမျက်နှာလေးမှာလဲ ရှက်သွေးလေးများ ရဲခနဲ့ဖြာသွားရလေသည်။
      အမေအေးက ထမင်းစားနေစဉ်တစ်လျှောက်လုံး လွန်းကို ချီးမွန်းခန်းဖွင့်ခဲ့လေသည်။အမေအေးအနေနဲ့ လွန်းကို အချိန်တိုလေးအတွင်းမှာ သားအရင်းနဲ့မခြား ချစ်ခင်လို့နေ၏။
   
   အကုန်လုံးစားသောက်လို့ပြီးသွားတော့ လွန်း စားပြီးသားပန်းကန်များကို ဆေးကြောဖို့ရန် ဘေစင်မှာ အလုပ်ရှုပ်နေလေသည်။ ထိုအချိန် လွန်းရဲ့ဘေးနားကို ခါးသက် လာရပ်လေသည်။ လွန်း အသာ ခါးသက်ကို မော်ကြည့်လိုက်ပြီ..
""ဟင်..မင်းက ဒီမှာ ဘာရပ်လုပ်နေတာလဲ ""
""ခင်ဗျားနဲ့အတူ ပန်းကန်တွေ ကူဆေးပေးမလို့လေ..""
""ကျားသားမိုးကြိုး..ဘုရားရေ..ငါနားရှိလို့သာ ကြားလိုက်ရတယ်..ဘယ်လို..ဘယ်လို..မင်းက ငါ့ကိုကူပြီး ပန်းကန်တွေ ဆေးပေးမလို့ ဟုတ်လား ..အဟား..ဟား.."
လွန်းက ပြောရင်းဆိုရင်းနဲ့ ရယ်လိုက်လေသည်။
""ကျစ်..ခင်ဗျားဗျာ...အသဲပြဲကြီးနဲ့ အော်ရယ်မနေနဲ့..ခင်ဗျားကို ကျွန်တော်က ကူပေးချင်လို့ ကူပေးမယ်များထင်နေလား...ဝေးသေး.ဟိုမှာ..အမေအေးက ကျွန်တော်တို့ကိုကြည့်နေလို့..ဟန်ဆောင်နေတာဗျ""
ဟု ခါးသက်က သွားကြားထဲက ထွက်သည့်လေသံမျိုးနဲ့ တီးတိုးစွာဆိုလိုက်လေသည် ။
လွန်းလဲယောင်နန နဲ့ နောက်လှည့်ကြည့်လိုက်တော့ ထမင်းစားစားပွဲကို လက်ထောက်ပြီး သူတို့ကို ပြုံးရွှင်စွာ စိုက်ကြည့်နေသည့် အမေအေးကို တွေ့လိုက်ရလေသည်။ လွန်း အသာ ခပ်ဖွဖွ ပြုံးပြလိုက်ရသည်။ ရင်ထဲတွင် ကသိကအောင့်နိုင်လွန်းလှ၏။
ဘယ်အချိန်ထိများ ခါးသက်နဲ့ ကြင်နာချင်ယောင်ဆောင်ရပါမည်နည်း။။
      
   ""သူတို့နှစ်ယောက်ကို မြင်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ..အရမ်းကိုလိုက်ဖက်တာဘဲကွယ်..""
အမေအေးက သဘောကျနှစ်ခြိုက်စွာဆိုလိုက်လေသည်။
"ဟီး..ဟီး..ဟုတ်တယ် အမေအေးရေ..သူတို့အတွဲက..နတ်ဖက်တဲ့စုံတွဲလိုဘဲ..အရမ်းကိုလိုက်ဖက်ညီတယ်ဗျ..""
နန်းဦးက ပြုံးဖြဲဖြဲလေးနဲ့ အမေအေးရဲ့စကားကိုထောက်ခံလေသည်။
""ခွေးကောင်လေး..ငါရောက်ကတည်းက..နင်ကိုကြည့်နေတာ..မျက်နှာက ပြောင်စပ်ပြောင်စပ်နဲ့ အိန္ဒကြေိုမရှိဘူး..""
""ဟီး...ဟီး..အမေအေးရေ..သူတို့နှစ်ယောက်ကို မြင်ရင်လေ..ကျွန်တော်
မျက်နှာက တည်လို့ကိုမရတော့ဘူးဗျ..""
""အေး..အေး..နင်အဲ့မှာ သူများအတွဲကိုအားကျနေလိုက်..သိလား.နင်လို မျက်နှာပိုးမသေ..‌စပ်ဖြဲဖြဲရုပ်ကို..
ဘယ်သူကမှ လာကြိုက်မှာမဟုတ်ဘူး""
""ဟင့်...အမေအေးကလဲ..""

ဝိုးတဝါးအိမျမကျWhere stories live. Discover now