အပိုင်း🍀၃🍀
287 12 0
💤ဝိုးတဝါးအိမ်မက်💤
🍀🍀🍀🍀🍀🍀🍀
#🌈အပိုင်း(၃)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
""ဟုတ်..""
🍗🍗🍗
""ဟဲလို..သား.လွန်း..""
""အင်း..ကြားတယ်လေ...""
"ဟင်..ဘာဖြစ်လို့လဲ..""
"" မဟုတ်ပါဘူး..လွန်းက...""
""တော်ပြီ..လွန်း..မင်း..အစ်ကို့ကို..အစ်ကိုတစ်ယောက်လို.သဘောထားတယ်ဆိုရင်..အစ်ကိုစကားကို.နားထောင်...""
❤❤❤
""ဟုတ်..""
🌲🌲🌲
""ဂျောက်..""
""မလာခဲ့နဲ့..""
""လူတစ်ယောက်ဟုတ်လား..""
🌲🌲🌲
                       🌲ညှို့စက်ကွင်း🌲
💤ဝိုးတဝါးအိမျမကျ💤
🍀🍀🍀🍀🍀🍀🍀
#🌈အပိုင်း(၃)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
       နှာခေါင်းထဲတိုးဝင်လာသည့်..အနံ့တစ်ခုကြောင့်..လွန်း အိပ်ရာက နိုးလာခဲ့လေသည်။ဘေးနားမှာ  အစ်ကိုမရှိတော့..။လစ်ဟာနေတဲ့..အိပ်ရာလေးကို ကြည့်ပြီး..မနေ့ညက..အစ်ကိုနဲ့အတူ..အိပ်ခဲ့ရသည်ကို.ပြန်တွေးမိပြီး..ရင်တွေခုန်နေလျှက်..။
"ဟေ့..အိပ်ပုတ်လေး..နိုးရင်လည်း..အမြန်မျက်နှာသစ်ပြီး..အောက်ထပ်ဆင်းလာခဲ့..""
""ဟုတ်..""
ရုတ်တရက်..အခန်းတံခါးလေး.ပွင့်လာပြီး..ပြောလာသည့်.အသံကြောင့်.လွန်း..အလျှင်မြန်ထလိုက်ပြီး..ရေချိုးခန်းထဲ.ဝင်လာခဲ့လေသည်။
      လွန်း..မျက်နှာသစ် ကိုယ်လက်သန့်စင်.ပြီးသွားတော့.အောက်ထပ်ကို..ဆင်းလာခဲ့သည်။.အခန်းထဲကနေ ထွက်လာကတည်းက..အနံ့တစ်ခုက..လွန်းကို.ဆွဲဆောင်​နေသည်။
""ဝါး...ဒါ..လွန်းစားဖို့အတွက်..အစ်ကို.လုပ်ပေးထားတာလား..""
စားပွဲဝိုင်းပေါ်က..ဟင်းပွဲတွေကို.ကြည့်ရင်း..လွန်းတအံ့တသြနဲ့မေးလိုက်သည်။.လွန်း၏အမေးစကားကို.ထစ်ချုန်းပြန်မဖြေဘဲ.ပြုံးနေလေသည်။
""အမယ်လေး..ဟုတ်နေဦးမယ်..အားကြီးကြီး..ဒီအကောင်လား..ကြက်ဥတောင်.မကြော်တတ်ဘူး..ဒါတွေအားလုံး..ငါချက်ထားတာဟေ့..""
မီးဖိုချောင်ထဲကနေ...လူတစ်ဦး.ထွက်လာပြီး..ပြောလိုက်ခြင်းဖြစ်သည်။လွန်း..အူလည်လည်လေး..ထစ်ချုန်းကို.လှမ်းကြည့်လိုက်သည်။ထစ်ချုန်းက.ပုခုံးတစ်ချက်တွန့်လိုက်ပြီး..
""သူပြောတဲ့အတိုင်းဘဲ.လွန်း
..အစ်ကို.က.ကြက်ဥတောင်မှ.မကြော်တတ်ဘူး..ဒါပေမယ့်..သူကတော့.အကုန်လုံးချက်တတ်တယ်လေ..""
""ထစ်ချုန်းမိုး..ထစ်ချုန်းမိုး..မင်းတော့နော်..ငါမပြောလိုက်ချင်တော့ဘူး..""
ထိုသူက.ထစ်ချုန်း.ကိုတစ်လှည့်..လွန်းကိုတစ်လှည့်ကြည့်နေလေသည်။နောက်တော့.လွန်းကိုယ်လေးကို.ပတ်ကြည့်နေပြန်သည်။
""မဆိုးပါဘူး..​ချစ်စရာလေးဘဲ..""
""ဟေ့ကောင်...ဝေယံ..ကလေးအနေရခက်အောင်.သွားစမနေနဲ့..လွန်း..သူက..အစ်ကိုသူငယ်ချင်း.ဝေယံ.....စားဖိုမှူးလေ..လွန်းအတွက်.မနက်စာ.ချက်ပြုတ်ပေးဖို့အတွက်
အစ်ကို..လှမ်းခေါ်ထားတာ..""
""ကဲ..ကဲ.အကုန်လုံးပြင်ဆင်ပြီးပြီ.ဆိုတော့..ငါလဲ.သွားတော့မယ်..သြော်.ထစ်ချုန်း.နေ့လည်စာ.မင်းတို့နှစ်ယောက်.ငါ့ဆိုင်မှာ.လာစားကြနော်.""
ဟုပြောပြီး.လွန်းတို့ကိုနုတ်ဆက်ကာ..ဝေယံ.ထွက်သွားလေသည်။
🍗🍗🍗
""ကဲ..လွန်း..ထိုင်..ဒါက.သီးစုံထမင်းကြော်တဲ့.စားကြည့်..အရမ်းကောင်းတယ်..ဒီမှာ..လွန်း.ကြိုက်တဲ့.ကြက်ကြော်.ဒါက ငါးဖယ်လုံးဟင်းချို.ဒါက.မှိုနဲ့ကန်စွမ်းရွက်ကြော်...""
ထစ်ချုန်းက လွန်းထိုင်စေပြီး..စားပွဲပေါ်က ဟင်းတွေရဲ့အမည်​ကိုပြောပြ​လေသည်။
""အစ်ကို...လွန်းရဲ့မနက်စာကလေ..ထမင်းကြော်နဲ့.ကြက်ဥ​ကြော်
ရှိနေရင်ကို.ပြည့်စုံပါပြီ..""
""မဟုတ်တာကွာ..အစ်ကိုက..အစ်ကိုရဲ့ချစ်ညီလေး လွန်းကို..အာဟာရရှိရှိ..အရသာရှိရှိ စားစေချင်တာ..""
""ဟုတ်ကဲ့ပါ..ချစ်အစ်ကိုကြီး..ချစ်ညီလေး..ချစ်အစ်ကိုကြီး.ကျေနပ်အောင်.စားပါ့မယ်ခင်ဗျ...""
လွန်း နဲ့ ထစ်ချုန်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်လိုက်လေသည်။.အမြဲတမ်း.ဒီလိုလေးဘဲ..အစ်ကိုနဲ့အတူမနက်စာကို.ရယ်ရယ်မောမောလေး အတူတူစားရရင် အရမ်းကောင်းမှာဘဲ..ဟု.လွန်းတွေးရင်း..ပြုံးလိုက်မိသည်။
       လွန်းတို့ ထမင်းစားနေတုန်း..စားပွဲပေါ်က.လွန်းဖုန်းလေး ထမြည်လာတာကြောင့် ထစ်ချုန်း ဘာရယ်မဟုတ်.လှမ်းကြည့်လိုက်သည်။ဖုန်း   screenပေါ်မှာ ဒေါ်လေးငယ် ဟု ပေါ်နေတာကြောင့်.ထစ်ချုန်းကောက်ကိုင်လိုက်လေသည်။  လွန်းလဲ.ဒေါ်လေးငယ်ဆီက ဖုန်းမို့..အစ်ကို.ကောက်ကိုင်လိုက်တာကို..ဘာမှ မပြောဘဲ..ငြိမ်နေလိုက်သည်။ထစ်ချုန်းက.ဖုန်းကို စပီကာဖွင့်ပြီးကိုင်လိုက်သည်။
""ဟဲလို..သား.လွန်း..""
""ဒေါ်လေးငယ်..ကျွန်တော်.ထစ်ချုန်းပါ..""
""သြော်.​မောင်.ထစ်ချုန်း ရောက်နေတာလား..""
""ဟုတ်တယ်..ဒေါ်လေးငယ်..လွန်းတစ်ယောက်တည်းဖြစ်နေလို့..ကျွန်တော်.အဖော်လာလုပ်ပေးနေတာပါ..""
""ကျေးဇူးပါဘဲ..မောင်ထစ်ချုန်းရယ်..သားလေးလွန်းကို.ဒီရက်ပိုင်း.မင်းလက်ထဲဘဲ.အပ်ရတော့မှာဘဲ..ဒေါ်လေးတို့..ဒီမှာ.တစ်လလောက်..နေရဦးမယ်.ထင်တယ်..
သား.လွန်းလေးကို.ဒေါ်လေးကိုယ်စား..စောင့်ရှောက်ထားပေးပါဦးနော်..""
""ဟုတ်ကဲ့..စိတ်ချပါနော်..ဒေါ်လေးငယ်..ကျွန်တော်.လွန်းကို..သေချာဂရုစိုက်ထားလိုက်ပါ့မယ်..""
ထစ်ချုန်း..ဖုန်းချလိုက်ပြီး.လွန်းကို.ပြုံးစိစိနဲ့ မေးငေါ့ပြရင်း..
""ကဲ..ကြားတယ်နော်..လွန်းအဒေါ်က..လွန်းကို.အစ်ကိုလက်ထဲအပ်သွားပြီ..""
""အင်း..ကြားတယ်လေ...""
""အဲ့ဒီတော့..လွန်း.အစ်ကို.စကားကိုနားထောင်ရမယ်..""
""ဟင်..အခုလဲ.အစ်ကိုစကားနားထောင်နေတာဘဲလေ..""
လွန်း.အူကြောင်ကြောင်လေး.ဖြေလိုက်တဲ့ပုံလေးကို..ထစ်ချုန်း.အူယားပြီး..လွန်းရဲ့ပါးလေးကို.ဆွဲလိမ်လိုက်ပြီး...
""စားသောက်ပြီးရင်..လွန်း.အဝတ်စားတွေ.သွားထည့်လာခဲ့..""
"ဟင်..ဘာဖြစ်လို့လဲ..""
""ဘာဖြစ်ရမှာလဲ..လွန်းကို..တစ်ယောက်တည်းဒီမှာထားခဲ့ရမှာစိတ်မချလို့..စိတ်ချရမဲ့နေရာမှာ.သွားပို့ထားမလို့လေ..""
""ဟာ..အစ်ကိုကလည်း..လွန်းကို.စိတ်မချရအောင်..လွန်းက..ကလေးမဟုတ်တော့ပါဘူးနော်..လွန်းအသက်က..၂၄နှစ်ရှိပြီ..ကိုယ့်ကိုယ်ကို.ကာကွယ်စောင့်ရှောက်နိုင်တဲ့အရွယ်ပါ..နောက်ပြီး..လွန်းက..အားနွဲ့နေတဲ့..မိန်းမသား​လဲ.မဟုတ်ဘူး..""
လွန်း.ခေါင်းမာစွာနဲ့..ရေပက်မဝင်အောင်ပြန်ပြောနေတာကြောင့်.ထစ်ချုန်း..သက်ပြင်းတစ်ချက်ချလိုက်သည်။
""လွန်း..အစ်ကိုပြောပြီးပြီဘဲကွာ  အစ်ကို..လွန်းကို စိတ်မချဘူး..နောက်ပြီး..လွန်းက..ကောင်းကောင်းနေကောင်းသေးတာလဲမဟုတ်ဘူး..နောက်ပြီး..ဆရာဝန်က.လွန်းကို.ဘာပြောထားလဲ..အခုရက်ပိုင်း..ကောင်းကောင်းအနားယူရမယ်လို့.လေ..""
""အင်းလေ..အခု..လွန်း.အိမ်မှာဘဲ.ကောင်းကောင်းအနားယူနေတာဘဲလေ..""
""ဒါပေမယ့်..လွန်းအိမ်မှာက..လွန်းတစ်ယောက်တည်းဖြစ်နေတယ်လေ..အစ်ကိုစကားကို.နားထောင်စမ်းပါ လွန်းရဲ့..အစ်ကို့.လွန်းကိုအချိန်ပြည့်စိတ်ပူနေစေချင်တာလား..""
"" မဟုတ်ပါဘူး..လွန်းက...""
""တော်ပြီ..လွန်း..မင်း..အစ်က်ို့ကို..အစ်ကိုတစ်ယောက်လို.သဘောထားတယ်ဆိုရင်..အစ်ကိုစကားကို.နားထောင်...""
အမိန့်မဆန်သော.အမိန့်စကား​တစ်ခွန်းကြောင့်..လွန်း..အသာတကြည်လက်ခံလိုက်ရလေသည်။အစ်ကိုက..စကားဆိုရင်..လွန်း.အမြဲတမ်းနားထောင်နေကျဘဲလေ...။
❤❤❤
     . ""အစ်ကို..လွန်းကို..ဘယ်ခေါ်သွားမလို့လဲ..အစ်ကိုအိမ်ကိုလား.""
လွန်း..ကားမောင်းနေတဲ့ ထစ်ချုန်းကို
ကြည့်ရင်း.မေးလိုက်သည်။
""အစ်ကိုအိမ်ကိုတော့မဟုတ်ဘူး..ဒါပေမယ့်..အဲ့နေရာကို..လွန်းသဘောကျမှာပါ..ရောက်ရင်သိလိမ့်မယ်..""
""ဟုတ်..""
အစ်ကို ကားမောင်းနေတာကို.အနှောင့်ယှက်ဖြစ်မှာစိုးလို့..လွန်း.မေးခွန်းတွေ မထုတ်တော့ဘဲ.အသာငြိမ်နေ​လိုက်သည်။ကားပြတင်းပေါက်ကနေ..အပြင်က.ရှု့ခင်းတွေကို.ငေးကြည့်ရင်း.အစ်ကိုခေါ်ရာနောက်ကို.လွန်းလိုက်လာခဲ့လေသည်။ကားလေးက မြို့ပြင်ဘက်ဆီသို့ ဦးတည်ပြီး.. တရိပ်ရိပ်နဲ့ ပြေးလွှားလို့နေလေသည်။
🌲🌲🌲
      ၂နာရီလောက် မောင်းနှင်လာခဲ့ပြီးနောက်..။ကြီးမားကျယ်ဝန်းလှသည့် ခြံကြီးတစ်ခြံဆီကို ရောက်ရှိလို့လာခဲ့လေသည်။ခြံပေါက်ဝကနေ..အသက်ခပ်ကြီးကြီး လူကြီးတစ်ဦးက ဆီးကြိုနေပြီး ခြံတံခါးလေးကို အရန်သင့် ဖွင့်ထားပေးလေသည်။ကားလေး ခြံထဲသို့ ရောက်ရှိသွားသည့်နှင့်တပြိုင်နက်တည်း.လွန်းနှာခေါင်းဝထဲသို့ လေပြေအေးနှင့်အတူ ပြေးဝင်လာသည့်  ​ပန်းရနံ့များ..။ထိုပန်းရနံ့နဲ့ လွန်းအင်မတန်မှ ရင်းနှီးနေလေသည်။
""ဟာ..ဧကရာဇ်ပန်းနံ့တွေ..မွှေးကြိုင်နေတာဘဲ...""
လွန်း အားရဝမ်းသာ ရေရွတ်လိုက်ပြီး .ပန်းရနံ့တွေသယ်ဆောင်လာသည့်..လေတွေကို တစ်ဝကြီး ရှုရှိုက်လိုက်လေသည်။မြတ်နိုးသည်။
ဧကရာဇ်ပန်းလေးတွေရဲ့ရနံ့ကို လွန်း အင်မတန်မှာ.နှစ်ခြိုက်မြတ်နိုးသည်။
       ကားပေါ်ကနေ လွန်းဆင်းလိုက်တော့..လွန်းရဲ့စိတ်အစဥ်ကို ဖမ်းစားလိုက်သည့်အရာကတော့..။ခြံထဲမှာ အစီအရီ မြောက်မြားစွာ ပေါက်ရောက်နေကြသည့် ဧကရာဇ်ပန်းပင်များပင်ဖြစ်သည်။
     လွန်း ပျော်လွန်းလို့..ကလေးငယ်လေးလိုတစ်ယောက် ဧကရာဇ်ပန်းပင်တွေအောက်ကို ပြေးသွားလိုက်လေသည်။အပင်အောက်မှာ အမြောက်မြားကြွေကျနေသည့်..ဧကရာဇ်ပန်းဖြူလေးများကို ကြည့်ရင်း..လွန်း.သဘောကျစွာပြုံးပျော်နေမိသည်။ပန်းပွင့်လွှာတွေက.
နေရာမလပ်..ကြွေကျနေတာဖြစ်တာကြောင့်..လွန်းအနေနဲ့..ပန်းပွင့်လေးကို..မနင်းချင်ပေမယ့်လဲ.နင်းရပေတော့မည်။ထိုကြောင့် စီးထားသည့်.ဖိနပ်လေးကို အသာချွတ်လိုက်ပြီး.ခြေဗလာနဲ့ ပန်းလေးတွေကို.အသာခပ်ဖွဖွ..နင်းလိုက်သည်။
            ​နူးညံ့တဲ့ပန်းလေးတွေကို.
.ရက်ရက်စက်စက်နဲ့ လွန်းနင်းခြေမိသလိုဖြစ်နေပြီလား..ဆိုတဲ့ အသိကြောင့်..ခြေလေးကို.ထောက်ပြီး..တတ်နိုင်သလို..ရှောင်ကွင်းပြီး..သွားနေမိသည်။မြင့်မားစွာပေါက်ရောက်နေတဲ့.ဧကရာဇ်ပန်းပင်ကို..မော့ကြည့်ရင်း..လွန်း.မျက်နှာပေါ်မှာ.အပြုံးလေး​များက တောက်ပနေလျှက်..။မျက်နှာကို မော့..မျက်စိကိုမှိတ်ပြီး.လေကိုတစ်ဝကြီး.ရှုရှိုက်နေမိသည့်..လွန်း.နားထဲ..သစ်ကိုင်းခြောက်နင်းမိလိုက်တဲ့ အသံကြောင့်..ဖြတ်ခနဲ့.အသံလာရာကို ကြည့်လိုက်မိသည်။...ဧကရာဇ်ပန်းပင်တစ်ပင်၏ ပင်စည်နောက်ကို ရိပ်ခနဲ့ ဝင်ရောက်ပုန်းခိုသွားသည့် လူရိပ်တစ်ခုကို.လွန်းတွေ့လိုက်ရလေသည်။.လွန်း အစ်ကိုရှိရာ ကားဆီကို လှည့်ကြည့်​လိုက်တော့..အစ်ကိုနဲ့ လူကြီးတစ်ယောက် စကားပြောနေကြလေသည်။
""ဂျောက်..""
သစ်ကိုင်းခြောက်ကို ခပ်ဖွဖွနင်းမိလိုက်သည့် အသံ ​နောက်ထပ် ထွက်ပေါ်လာသည်။ လွန်း အသံလာကြည့်လိုက်တော့..စောစောကလူရိပ်ပြေးဝင်သွားသည့် ပန်းပင်ရဲ့ ပင်စည်နောက်ကွယ်က ထွက်ပေါ်နေခြင်းဖြစ်သည်။
      လွန်း သိချင်စိတ်နဲ့..ထိုပန်းပင်နားကို.တိုးကပ်လို့သွားလိုက်သည့်အချိန် 
""မလာခဲ့နဲ့..""
အထိတ်တလန့်တားမြစ်လိုက်သည့်အသံက မတိုးမကျယ် ထွက်ပေါ်လာ​တာကြောင့်..လွန်း လန့်ဖျတ်သွားကာ.နောက်ကို ဆုတ်လိုက်မိသည်။
    ထိုပန်းပင်ပင်စည်ကို ကွယ်ပြီး..လွန်းကို အသာချောင်းကြည့်လာသည့်.မျက်ဝန်းတစ်စုံ..။အစ်ကိုထစ်ချုန်းလိုဘဲ.မျက်ဆံနက်နက်နဲ့.စူးရှ တောက်ပနေသည်။သို့ပေမယ်.အစ်ကိုထစ်ချုန်း၏မျက်ဝန်းတွေလိုမျိုး.ကြည်လင်နေပြီး.ထက်မြတ်မှုတွေက အတိုင်းသားပေါ်လွင်မနေပါ..။အနည်းငယ်..ညို့မှိုင်းနေပြီး..တစ်စုံတစ်ခုကို လွမ်းဆွတ် ပူဆွေးနေသည့် အရိပ်ယောင်များက ထင်ဟပ်နေကြသည်။
""မင်္ဂလာပါ.  ကျွန်တော်နာမည်က လွန်းပုံရိပ်လို့ခေါ်ပါတယ်..အစ်ကိုထစ်ချုန်းမိုးရဲ့ မိတ်ဆွေပါ..""
လွန်း..ထိုလူကို  ယဥ်ကျေးပျူဌာစွာနဲ့ မိတ်ဆက်လိုက်သည်။
     သို့ပေမယ့် ထိုလူက..လွန်းကို.သူ့ကိုယ်လုံးကိုထွက်မပြဘဲ..။ဒီအတိုင်း.ပင်စည်ကို ကွယ်ထားပြီး..ချောင်းကြည့်နေတုန်းပင်..။
""လွန်း..ဘာတွေ ရပ်ကြည့်နေတာလဲ..""
နောက်နားဆီကနေ ထွက်ပေါ်လာသည့်.အမေးစကားကြောင့်..လွန်း နောက်လှည့်ကြည့်လိုက်သည်။
""သြော်..အစ်ကို.ဒီမှာ.လူတစ်ယောက်နဲ့တွေ့နေလို့..မိတ်ဆက်နေတာ..""
""လူတစ်ယောက်ဟုတ်လား..""
လွန်းစကားကြောင့် ထစ်ချုန်း.မျက်မှောင်ကြုပ်လိုက်မိသည်။
""ဘယ်က လူတစ်ယောက်လဲ လွန်းရဲ့..ဒီအိမ်မှာ..ဦးလေးရာပြည့်နဲ့သူ့မိန်းမ..အန်တီသက်ထားဆွေ.ရယ်ဘဲ.ရှိတာပါ..""
""ဟင်..ဟုတ်လား.အဲ့ဒါဆို..ဟိုသစ်ပင်နောက်ကွယ်က လူက ဘယ်သူများပါလိမ့်.."
လွန်း စောစောက လူရှိရာ သစ်ပင်ဆီကို လက်ညိုးညွှန်ပြရင်း ဆိုလိုက်သည်။
    ထစ်ချုန်း.လည်း လွန်း ညွှန်ပြတဲ့ သစ်ပင်နောက်ဆီကို သွားကြည့်လိုက်တော့...
""ဘယ်သူ့မှ မရှိပါဘူး လွန်းရဲ့..""
""ဟင်.စောစောကမှ အဲ့လူကို..လွန်း.အဲ့သစ်ပင်နောက်မှာ သေချာတွေ့လိုက်တာပါ အစ်ကိုရဲ့..""
""အင်း..ဒီအနီးနားတစ်ဝိုက်က.လူတွေလဲ.ဖြစ်ချင်ဖြစ်မှာပေါ့..ခြံက.အကျယ်ကြီးဆိုတော့..ခြံက.သိပ်ပြီး.မလုံတော့ဘူးလေ..တစ်နေရာကနေ..ဝင်လာတာဘဲ.ဖြစ်မယ်..လာ..အထဲဝင်ကြစို့.လွန်း..ဖိနပ်စီး.""
ထစ်ချုန်း..လွန်း.ဖိနပ်လေးကို.ကောက်ယူလိုက်ပြီးလွန်းရှေ့ကို.ချပေးလေသည်။လွန်းလည်း ဖိနပ်စီးလိုက်ပြီး..အစ်ကိုရဲ့ လက်မောင်းကို.ဖက်ကိုင်ပြီး..အစ်ကိုနဲ့အတူ ပြန်လိုက်သွားလိုက်လေသည်။သို့ပေမယ့်..နောက်ကျောမလုံသလို ခံစားလိုက်ရတာကြောင့် လွန်း နောက်လှည့်ကြည့်လိုက်တော့..ပန်းပင်တွေကြား တိုးဝင်ပျောက်ကွယ်သွားသည့် အရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။
🌲🌲🌲
အပိုင်း🍓၄🍓မျှော်ပေးကြဦးနော်..။
ဦးက စာရေးတာညံ့တော့..ဖတ်မကောင်းရင် ညည်းခံပြီးဖတ်ကြပါနော်.။အစကတော့ အတိုလေးဘဲရေးမလို့ပါဘဲ..။ဒါပေမယ့်..ဦးရေးချင်နေတဲ့ပုံစံမျိုးလေးဖြစ်တာကြောင့်.ဇာတ်လမ်းရှည်ဘဲရေးလိုက်တော့မယ်နော်😊။
                       🌲ညှို့စက်ကွင်း🌲
ဝိုးတဝါးအိမ်မက်Where stories live. Discover now