အပိုင်း🌺၄၁🌺

158 7 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၄၁)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

""အဟွပ်...အဟွပ်.. အဟွပ်..""

""ချောင်းတွေ အရမ်းဆိုးနေပါလား..နေမကောင်းလို့လား.""

ခါးသက် စိုးရိမ်စွာနဲ့ လွန်းရဲ့နဖူးလေးကို စမ်းကြည့်ဖို့ရန် ဟန်ပြင်လိုက်တော့..

""မထိနဲ့..ငါအသားကို..အဟွပ်..အဟွပ်..""

လွန်း ခါးသက် လက်ကိုပုတ်ထုတ်လိုက်ပြီး ဆိုလိုက်၏။

""ကိုလွန်း..""

""မခေါ်နဲ့ .ငါမင်းအသံကို မကြားချင်ဘူး..အဟွပ်...အဟွပ်..""

ချောင်းဆိုးရလွန်းလို့ မောဟိုက်နေသည့် ကြားထဲကနေ ခါးသက်ကို လွန်းရန်တွေ့လိုက်သေးသည်။

""မဟုတ်သေးဘူးလေ..ဒီက စိုးရိမ်လို့ မေးနေတာကို..""

""မစိုးရိမ်ပါနဲ့..အဟွပ်..အဟွပ်..ငါဘာသာ သေသေ မင်းအပူမပါဘူး..အဟွပ်..အဟွပ်..""

""ဟုတ်ပါပြီ..ဘာမှမပြောနဲ့ဆိုရင်လဲ..မပြောတော့ဘူး..ကိုလွန်း ကျွန်တော်ကို ရန်တွေ့ရလို့ ပိုပြီး မောနေလိမ့်မယ်..""

ခါးသက် လွန်းကို စိုးရိမ်နေမိသည်။
ချောင်းဆိုးနေသည်က ပိုပိုဆိုးလာနေသည် မဟုတ်ပါလား..။

   လွန်း ဘေးနားက ရှပ်အင်္ကျီတစ်ထည်ကို ကောက်၀တ်လိုက်ပြီး အိပ်ရာပေါ်ကနေ ဆင်းဖို့ကြိုးစားလိုက်၏။
အိပ်ရာပေါ်ကအဆင်း ခြေမခိုင်သလို ဖြစ်သွားကာ..လွန်း ကြမ်းပြင်ပေါ် လဲကျသွားသည်။

""ဟာ..ကိုလွန်း..""

ခါးသက် စိုးရိမ်တကြီးနဲ့ အိပ်ရာပေါ်ကနေဆင်းပြီး လွန်းကိုယ်လေးကို ပွေ့ချီလိုက်သည်။

""လွှတ်....လွှတ်…..ငါအသားကို..မထိနဲ့..လွှတ်..အဟွပ်...အဟွပ်...""

လွန်း ခါးသက်ရင်ခွင်ကို ထုထောင်းရင်း အသည်းသန်ကို အော်ဟစ်နေလေတော့သည်။

""မလွှတ်နိုင်ဘူး..ဘယ်သွားမလို့လဲ..
ရေချိုးချင်လို့လား..ကျွန်တော်ချိုးပေးမယ်လေ..""

""မလိုဘူး...ငါကိုလွှတ်..ငါ့အသားကိုမထိနဲ့လို့ ပြောနေတယ်လေ..လွှတ်...""

ဝိုးတဝါးအိမ်မက်Where stories live. Discover now