အပိုင်း🌱၂၂🌱

138 6 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၂၂)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
      ခါးသက်.ထွက်သွားတာနဲ့.လွန်းလည်း..အိမ်သန့်ရှင်းစလုပ်ဖို့ရန်ပြင်လိုက်သည်။ တိုက်ကြီးထဲက..
တချို့နေရာတွေ..အခန်းတွေက..သန့်ရှင်းရေးမလုပ်ထားတာ ကြာ​နေသည့်ပုံ..။ဖုန်တွေ အလိမ်းလိမ်း..ပင့်ကူအိမ်တွေအထပ်ထပ်နှင့်...။
     နောက်ပြီး..လွန်းသတိထားမိတယ်..။အရင်ကဆို..တိုက်ကြီးထဲမှာ.အနည်းဆုံး.အစေခံ၂ဦး ၃ဦးလောက်တွေ့နေကြပါ..။ဒီနေ့တော့တစ်ယောက်မှကိုမတွေ့ဘူး..။တိုက်ကြီးထဲမှာ..လွန်းတစ်ယောက်တည်း..။
      ဒါဟာ ခါးသက်မိုး တမင်ကြံစည်ပြီး.လွန်းကိုပညာ​ပြနေတာ..။လွန်းသိပေမယ့်. သူကျေနပ်တဲ့အထိ..
လွန်းပေးဆပ်သွားဖို့ ပြင်ထားပြီးသားပါ..။ ကြမ်းတွေကိုရေပတ်တိုက်..။
ပစ္စည်းတွေကို..သပ်ရပ်သွားအောင်.နေရာချလိုက်..ဖုန်သုတ်လိုက်နဲ့.နေ့တစ်ဝက်ကျိုးသွားတယ်.။ဒါတောင်.အောက်ထပ်တစ်ခုလုံး..မပြီးသေးဘူးရယ်.လွန်းအတော့်ကို..မောနေပြီ..။ ဒါပေမယ့်...လွန်းမနားဘဲ..သန့်ရှင်းကို.ဆက်လုပ်နေမိတယ်..။
အောက်ထပ်တစ်ခုလုံး..သန့်ရှင်းရေးလုပ်ပြီးသွားတဲ့အချိန်..ပစ္စည်းတွေ.ရွေ့ရတဲ့ဒဏ်တွေကြောင့်..လွန်းအတော့်ကိုမောဟိုက်နေပြီ..။ 
    အားတင်းပြီး  ဒုတိယအထပ်ကိုလွန်း တက်လာခဲ့တယ်..။လွန်းတစ်ကိုယ်လုံးနာကျင်ပြီး  ခြေထောက်တွေ မသယ်နိုင်တော့ဘူး.။
   ဒုတိယထပ်မှာက အခန်းလေးခန်းရှိတယ် ။တစ်ခန်းက လွန်းရဲ့အခန်း..။
တစ်ခန်းက ခါးသက်အခန်း..။
တစ်ခန်းက စာကြည့်ခန်း.ဆိုတာကိုတော့.လွန်းသိထားတယ်..။လွန်း မရောက်ဖူးသေးတဲ့ အခန်းထဲကို အရင်ဆုံးဝင်ပြီး..သန့်ရှင်းရေးလုပ်ဖို့ လွန်းဆုံးဖြတ်လိုက်တယ်..။
        လွန်း အခန်းတံခါး.ကိုဖွင့်လိုက်တော့..။အခန်းရဲ့အပြင်ဆင်တွေကြောင့်..လွန်း တအံ့တသြဖြစ်သွားရလေသည်။ တစ်ခန်းလုံးကို ခရမ်းရောင်အနုအရင့်..တွေနဲ့ခြယ်ထားလေသည်။
သပ်ရပ်စွာ ပြင်ဆင်ထားတဲ့..ကုတင်ပေါ်က..အိပ်ရာခင်းတွေ..ခေါင်းအုံးတွေကအစ..ခရမ်းရောင်.အနုနဲ့အရင့်တွေဘဲ..သုံးထားသည်။
       လွန်းမျက်စိတဲ့ အဲ့အခန်းက တမျိုးလေးဆွဲဆောင်ထားနေလေသည်။
ခရမ်းရောင်က လွန်းကြိုက်တဲ့ colorမဟုတ်ပေမဲ့..။အခန်းတစ်ခုလုံးကို..တစ်ရောင်မတည်းဟုတ်တဲ့..အရောင်ကွဲပြားလှတဲ့..ခရမ်းရောင်တွေနဲ့.ခြယ်မှုန်းထားတော့..တစ်မျိုးလေးနဲ့..ကြည့်လို့ကောင်းနေတာက အမှန်..။ လွန်း တစ်ခန်းလုံး မျက်လုံးလေးဝေ့ပြီး ကြည့်နေတုန်း..။အခန်းရဲ့တစ်နေရာ..နံရံပေါ်မှာ..ချိတ်ဆွဲထားတဲ့...ဓာတ်ပုံကြီးတစ်ပုံကိုမြင်လိုက်ရတယ်..။အဲ့ဓာတ်ပုံကိုမြင်လိုက်ရတော့..လွန်း..ရင်ထဲအောင့်ခနဲ့.ဖြစ်သွားပြီး..အသက်ရှုတွေတောင်ကြပ်လာသလိုခံစားလိုက်ရတယ်..။
    ""Dလင်းသာ..""
လွန်းနုတ်ကနေ ခပ်တိုးတိုးလေး..ထွက်ကျလာတဲ့..အမည်နာမလေး..။ လွန်း Dလင်းသာရဲ့ဓာတ်ပုံကို ကြောင်အစွာနဲ့ ငေးစိုက်ကြည့်နေမိတယ်..။ဓာတ်ပုံထဲက Dက လွန်းကို..ပြုံး​ပြနေတယ်..။အရမ်းဖြူစင်ပြီး.လှပသေသပ်စွာနဲ့ကို ပြုံးနေတာ..။
      ပြာလဲ့လဲ့ မျက်ဝန်းတစ်စုံရယ်..။ဖြောင့်စင်းနေတဲ့နှာတံလေးရယ်..။ ပန်းနုရောင်သန်းနေတဲ့နုတ်ခမ်းလေးတွေရယ်..။ခြုံငုံ ပြီးပြောရမယ်ဆိုရင်.အတော့်ကို ချောမောလှတဲ့ နတ်သားလေးတစ်ပါးနဲ့ပင်တူသည်။
     လွန်းနဲ့Dက ရုပ်​ခြင်းဆင်ပေမယ့်.လဲကွဲပြားသည်။ Dရဲ့အသားရည်က.လွန်းလောက်.မဖြူပါ..။ နောက်ပြီး.လွန်းက..ဝိုင်းစက်နေတဲ့.မျက်ဝန်းနက်နက်လေးတွေကိုပိုင်ဆိုင်ထားတဲ့သူ..။ နောက်ပြီး..လွန်းရဲ့နုတ်ခမ်းတွေက..Dရဲ့နုတ်ခမ်းတွေထက်.ပိုပြီး.နီရဲတယ်..။ လွန်းက Dလောက် ရုပ်မချောပေမယ့်..။
ချစ်စရာအရမ်းကောင်းတယ်..။
လွန်းရဲ့နီတာရဲ နုတ်ခမ်းလေးတွေ..တွန့်ကွေးရုံလေးဘဲ ပြုံးလိုက်လို့ရှိရင်..မြင်ရတဲ့သူတိုင်း..လွန်းကို.မချစ်ဘဲမနေနိုင်အောင်..စွဲညှို့တတ်တဲ့သူ.။
  Dက ဆွဲဆောင်အားကောင်းသူဆိုရင်..။လွန်းက.ညှို့အားပြင်းတဲ့သူပေါ့.။
      လွန်း အချိန်အတော်ကြာတဲ့အထိ..Dရဲ့ပုံကိုငေးကြည့်နေမိတယ်..။
လွန်းက...ဒီလောက်ချစ်စရာကောင်းတဲ့.ကောင်လေးကို.သတ်ခဲ့မိတာလား..။ လွန်းကြောင့်..သူသေသွားခဲ့တယ်ဆိုတဲ့အသိကြီးက..လွန်းကို.မွန်းကြပ်စေသည်။ တိတ်ဆိတ်နေသည့်..ပတ်ဝန်းကျင်အခြေနေကလဲ..လွန်းကို.အသံတိတ်ခြောက်လန့်နေသည့်အလား..။
     လွန်း Dရဲ့ပုံကိုကြည့်ရင်း ကိုယ့်ကိုယ်ကို လိပ်ပြာမလုံသလိုခံစားနေရသည်။နောက်ပြီး..ရင်ထဲဝမ်းနည်းနေသည့်စိတ်တွေက လှိုက်ခနဲ့.တက်လာပြီး..မျက်ရည်တွေအဖြစ်.ပြောင်းလဲလာကာ..လွန်းပါးပြင်ထက်စီးကျလို့လာခဲ့သည်။..လွန်းမျက်ရည်တွေကို သုတ်ပြီး..။အခန်းထဲကို သတိထားပြီး လိုက်ကြည့်တော့. ။တခြားနေရာတွေနဲ့မတူ..။သန့်ရှင်းလို့နေသည်။ကြည့်ရတာ..ဒီအခန်းကို.ခါးသက်နေ့တိုင်း.သန့်ရှင်းပေးနေပုံရသည်။
     လွန်း အခန်းထဲကဘီရိုကို ဖွင့်ကြည့်လိုက်တော့ သပ်ရပ်ညီညာစွာ ခေါက်ထည့်ထားသည့်..အဝတ်စားတွေကိုတွေ့ရသည်။ထိုအတူ.ကုတင်ဘေးနားက အသေးစားမှန်တင်ခုံထဲက..အံ့ဆွဲထဲမှာလဲ..အပြာရောင်မျက်ကပ်မှန်များကိုတွေ့ခဲ့ရလေသည်။ ကြည့်ရတာ.Dက မျက်ကပ်မှန်အပြာကို.တပ်ထားလို့.သူ့မျက်လုံးများက ပြာလဲ့လဲ့ဖြစ်နေသည့်ပုံ...။
     လွန်း အသာ သက်ပြင်းချ
လိုက်ရင်း..ခါးသက်မိုး၏ အစွဲလမ်းကြီးမှုများအပေါ်မှာ ရင်လေးသွားမိ၏။ Dကို ယနေ့ထိတိုင်..တစ်နာရီတောင်မလပ်..သတိရလွမ်းဆွတ်နေခဲ့တဲ့ခါးသက်မိုးအပေါ်..လွန်း.အားတုံ့အားနာဖြစ်မိသည်။.ခါးသက်.လွန်းကို..နာကြည်းမုန်းတီးနေတာ ဖြစ်သင့်ပါတယ်လေ.ဟု.လွန်းစိတ်ထဲကနေရေရွတ်လိုက်မိသည်။
       လွန်း တစ်စက်ကလေးမှမနားဘဲ..ခါးသက်မိုး ပေးအပ်လာတဲ့အပြစ်ဒဏ်ကို..ကျေကျေနပ်ကြီးလုပ်ဆောင်နေမိ၏။ အခန်းတိုင်း.ကိုသေချာ ပြောင်လက်နေအောင်..လွန်း သန့်ရှင်းရေးလုပ်ခဲ့သည်။တစ်နေကုန်..
အစားလဲမစား..နားလဲမနားဘဲ..လွန်းတောက်လျောက်.လုပ်လိုက်လာတာ..ညနေတောင်စောင်းသွားလေသည်။ လွန်း လည်းခြေကုန်လက်ပန်းကျပြီး..ဧည့်ခန်းထဲ.ဆိုဖာပေါ်..ခွေခွေလေးဝင်လှဲရင်း..မှေးခနဲ့ အိပ်ပျော်သွားလေသည်။
🌱🌱🌱
       ""ကိုကို..ဘယ်ရောက်နေတာလဲ..
နေ..အခု.ကိုကိုအိမ်ရှေ့မှာ..ရောက်နေတယ်..""
""ဟုတ်လား..နေ.အစ်ကို.အခုချက်ချင်းဘဲ..ပြန်လာခဲ့မယ်..အိမ်ထဲမှာဝင်နေထိုင်နေနော်..ခြံစောင့်ဦးလေးတင်မောင်ကို..အစ်ကို့ဧည့်သည်လို့.ပြောလိုက်.သူခြံတံခါးဖွင့်ပေးလိမ့်မယ်..""
""ဟုတ်ကဲ့..ကိုကို..ခြံစောင့်ဦးလေးကြီးနာမည်က..ဦးတင်မောင်နော်ဟုတ်လား...""
""အင်း..ဟုတ်တယ်..နေ..""
""ဟုတ်..ကိုကို..အမြန်ပြန်လာခဲ့နော်..နေက..ကိုကို့ကိုတွေ့ချင်လို့..ကိုကိုဆီကိုတန်းလာခဲ့တာ..""
   လိုတာထက် ပိုပြီးချွဲနွဲ့စွာ..ပြောလာသည့်..နေလင်းသာ.ကြောင့်..ခါးသက်ပြုံးလိုက်မိသည်။Dလင်းသာရဲ့တစ်ဦးတည်းသော..ညီလေး​..ဖြစ်တာကြောင့်..ခါးသက်.သူ့ကို.အလေးထားဆက်ဆံနေခြင်းသာ..။ နေလင်းသာ.က.သြဇီ(Australia)မှာ လွန်ခဲ့တဲ့၂နှစ်လောက်က ကျောင်းသွားတက်နေရာကနေ..အခုချက်ချင်းကြီး..မြန်မာပြည်ပြန်လာတာဆိုတော့..ခါးသက်မိုး..အနည်းငယ်စိတ်ရှုပ်သွားမိတာက အမှန်.။သူက ဘာဖြစ်လို့.ပြန်လာတာပါလိမ့်..။
🌱🌱🌱
     နေလင်းသာ.ဖုန်းကိုချလိုက်ပြီး.လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။သူ သြဇီ(Australia)ကနေ..ချက်ချင်းမြန်မာပြည်ကို ပြန်လာရတာက အကြောင်းရာတစ်ခုကြောင့်ဖြစ်သည်။
    ထိုအကြောင်းရာက..သူအရမ်းချစ်နေရတဲ့ကိုကို...ယောက်ျားတစ်ယောက်ကို.လက်တွဲဖော်အဖြစ်နဲ့..အသိမိတ်ဆွေတွေရှေ့မှာ..အကျဉ်းရုံးလက်ထပ်ခဲ့သည်ဆိုသည့်အကြောင်းကြောင့်ဖြစ်သည်။
     ထိုသတင်းကို ကြား ကြားချင်းတုန်းကဆို..နေလင်းသာ..အရမ်းဘဲဝမ်းနည်း.ပြီးပေါက်ကွဲခဲ့ရသည်။
ကိုကိုက..သူ့ရဲ့အစ်ကိုDလင်းသာ.ကိုအရမ်းချစ်တဲ့သူတစ်ယောက်..။
..ကိုကိုရင်ထဲမှာရှိနေတဲ့ ကိုDရဲ့နေရာက..တစ်နေ့ကျရင်..နေ အတွက်ဘဲ ဖြစ်ရမည်ဟု..နေ.သေချာပေါက်တွေးထင်ခဲ့လေသည်။အခုတော့..နေ.မထင်မှတ်ထားတဲ့အချိန်မှာ..ကိုကိုက.တခြားတစ်ယောက်ကို.လက်ထပ်သည်တဲ့လား..။နေ.ရင်ထဲခံပြင်းဒေါသစိတ်တွေနဲ့အတူ..ကိုကိုလက်ထပ်လိုက်သည်ဆိုသော..သူကိုမမြင်ဖူးသေးဘဲနဲ့..နေအရမ်းကိုမုန်းတီးနေမိ၏။
သူကဘာတွေများထူးခြားနေလို့..ကိုကိုက..လက်ထပ်လိုက်ရတာလဲ..။
     နေ..စိတ်အလိုမကျစွာနဲ့ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။
""ကလေး..ဘယ်သူနဲ့တွေ့ချင်လို့လဲ.""
""ကျွန်တော်က..ကိုခါးသက်မိုးရဲ့ဧည့်သည်ပါ..ကိုကိုက အိမ်ထဲမှာ ဝင်စောင့်ဖို့ပြောတယ်..ဦးနာမည်က..ဦးတင်မောင်.ဟုတ်တယ်မလား..""
""ဟုတ်ပါတယ်..ဟုတ်ပါတယ်..အစ်ကိုလေး.ခါးသက်မိုးရဲ့.ဧည့်သည်ဆိုရင်..ဦးက.တံခါးဖွင့်ပေးရမှာပေါ့..""
ဟုပြောရင်း..ဦးတင်မောင်က..ခြံတံခါးကိုဖွင့်ပေးလေသည်။   
    နေ လဲ ခြံထဲကိုဝင်လိုက်ပြီး တိုက်ကြီးဆီကို ဦးတည်ပြီးလျှောက်လှမ်းလာခဲ့၏.။တိုက်ထဲမှာ..ကိုကိုနဲ့လက်ထပ်ထားတဲ့သူများ ရှိနေလေမလား..။အတွေးနဲ့တင်..နေ..တစ်ကိုယ်လုံကသွေးတွေ ပွက်ပွက်ဆူနေလျှက်.။
    ဦးတင်မောင်က..နေ.နဲ့အတူ..တိုက်ကြီးထဲကို..လိုက်မလာပေ..။နေ တိုက်ထဲကိုဝင်​လာတော့..ဧည့်ခန်းထဲကဆိုဖာပေါ်မှာ..လူတစ်ယောက်အိပ်နေသည်ကိုတွေ့လိုက်ရသည်။
     ဒူးအထက်ဘောင်းဘီတိုလေးနဲ့..အနီနဲ့..အနက်ရောင်စင်းကျားတီရှပ်လေးကိုဝတ်ဆင်ထားလေသည်။
ထိုသူ၏.ဖြူနုနေသောအသားရည်များက ထင်းခနဲ့ ပေါ်လွင်နေသည်။
ဒါတောင်..အနည်းငယ်.ညစ်ပေနေသလိုဖြစ်နေတာတောင်မှ..ထိုသူ၏ အလှများက.ပျောက်ကွယ်မသွား..။
နေ ထိုသူကိုသေချာစိုက်ကြည့်​နေမိသည်။.သူက နေ ရဲ့အစ်ကို Dလင်းသာနဲ့ ခပ်ဆင်ဆင်တူနေလေသည်။
အဲ့ဒါကြောင့်များ..ကိုကိုက..သူ့ကိုရွေးချယ်ခဲ့တာများလား..။နေ ရင်ထဲမနာလိုဝန်တိုမှုများနှင့်ပြည့်နှက်လို့လာခဲ့၏.။ မိမိရှေ့မှာ နှစ်ခြိုက်စွာ အိပ်မောကျနေသည့်.ထိုသူ၏မျက်နှာပြင်တစ်ခုလုံးကို..ကုတ်ဖဲ့ပစ်လိုက်ချင်နေမိသည့်စိတ်များက တဖွားဖွား..။
     ""ခဏနေရင်.အစ်ကိုလေးခါးသက်မိုး.ပြန်ရောက်လာတော့မယ်တဲ့..ဒီမှာ..ကလေးကြိုက်တဲ့..လိမ္မော်ဖျော်ရည်လေး.သောက်ထားလိုက်နှင့်ဦးနော်...""
မီးဖိုချောင်ထဲကနေ..အလုပ်သမားမိန်းမကြီးတစ်ဦး.ထွက်လာပြီး..နေ.ရှေ့ကို.လိမ္မော်ရည်ခွက်လေးချပေးရင်းဆိုလာလေသည်။
နေ..လဲထိုအမျိုးသမီးကြီးကို..လှပစွာပြုံးပြလိုက်ပြီး..
""ဟုတ်ကဲ့..ကျေးဇူးပါနော်.အန်တီ..""
""ရပါတယ်..လိုတာရှိရင်..လှမ်းခေါ်လိုက်နော်..ဒေါ်လေး.မီးဖိုခန်းထဲမှာရှိနေမယ်နော်..""
""ဟုတ်...""
ထွက်သွားတဲ့.အဒေါ်ကြီး..​နေ.မျက်စိအောက်ကနေ.ပျောက်ကွယ်သွားတဲ့အထိ..စိုက်ကြည့်နေမိ၏။
ထိုအဒေါ်ကြီးလည်း.အဝေးကိုရောက်သွားရော.နေထိုင်နေရာကနေ.ထလိုက်သည်။.စောစောက.လာပို့ထားသည့်..လိမ္မော်ရည်ခွက်ကိုယူပြီး..နေ​.ရှေ့မှာ..အိပ်မောကျနေသည့်..လူပေါ်ကို..လောင်းချလိုက်သည်။
      လွန်း ကိုယ်ပေါ်ကို ရေနဲ့လောင်းချခံလိုက်ရတယ် ခံစားချက်ကြောင့် လွန်းအိပ်ပျော်နေရာကနေ လန့်နိုးလာခဲ့သည်။
""ဟင်..""
လွန်းကိုယ်ပေါ်ကို..ကောင်လေးတစ်ယောက်.လိမ္မော်ရည်တွေနဲ့လောင်းချနေသည်ကိုမြင်လိုက်ရတော့..လွန်းစိတ်တိုသွားမိတာအမှန်..။
""ဟေ့..မင်းဒါဘာလုပ်တာလဲ..မိုက်ရိုင်းလှချည့်လား..""
လွန်း..ဆတ်ခနဲ့.ထလိုက်ပြီး..ထိုကောင်လေးနဲ့.မျက်ချင်းဆိုင်ပြီး.မေးလိုက်သည်။.ထိုကောင်လေးပုံက.အသက်၂၀ဝန်းကျင်လောက်ဘဲရှ်သေးမည်ပုံ..။သူက.လွန်းကိုကြည့်ပြီး..မျက်နှာတစ်လုံး.မဲ့ကျသွားကာ..
""ခင်ဗျား..အလုပ်သမားဖြစ်ပြီးတော့..ဧည့်သည်လာတာကို..ကြိုဆိုရကောင်းမှန်းမသိဘူးလား..""
ဟု.မောက်မာခက်ထန်စွာ..ပြောလာလေသည်။
""ဒီမှာ.ချာတိတ်..ဧည့်သည်က.ဧည့်သည်လိုနေလေ...လူတစ်ယောက်လုံးအိပ်နေတာကို..မင်းမမြင်ဘူးလား..မင်းလုပ်လိုက်တဲ့လုပ်ရပ်က..ဘယ်လောက်ထိ.ရိုင်းဆိုင်းလဲဆိုတာကို..မင်းသိလား..""
လွန်း.မကျေနပ်စွာ.ပြန်ပြောလိုက်သည်။
""အဟက်..ရိုင်းဆိုင်းတာတွေ.ဘာတွေကို..နေ..နားမလည်ဘူး..နေ..ဘယ်သူလဲဆိုတာကိုရော.ခင်ဗျားကြီးသိရဲ့လားနေက...ကိုကိုခါးသက်မိုး
ရဲ့..ချစ်သူဘဲ..""
 ထိုကောင်လေး၏စကားများကြောင့်..လွန်း.အံ့အားသင့်လို့သွားရလေသည်။
""မဖြစ်နိုင်တာ. ခါးသက်မိုးရဲ့ချစ်သူက..Dလင်းသာပါ..""
""ဟုတ်တယ်..အစ်ကိုDလင်းသာက..ကိုကိုခါးရဲ့.အရင်ချစ်သူ..
နေ.က.အစ်ကိုDရဲ့.ညီလဲဖြစ်သလို..ကိုကိုခါးရဲ့..လက်ရှိချစ်သူ
ဆိုရင်မမှားဘူး.""
ဟင်.ဒီကောင်လေးက..Dလင်းသာရဲ့ညီ..။လွန်း.ထိတ်လန့်အံ့သြ.သွားရလေပြီ..။ ထိုကောင်လေးက..လွန်းမျက်ဝန်းထဲကို.စူးစိုက်ကြည့်လာပြီး.
""ဘာကြောင်ပြီး..ရပ်ကြည့်နေတာလဲ..အခုချက်ချင်း..နေ.အတွက်.
လိမ္မော်ရည်သွားဖျော်ပေးလေ..""
    မောက်မာစွာပြောလာသော ထိုကောင်လေးကြောင့်..လွန်းထောင်းခနဲ့ဒေါသထွက်သွားလေသည်။သို့ပေမယ့်..Dလင်းသာ ညီဆိုသော အသိကြောင့်..လွန်းစိတ်တို့ကိုထိန်းလိုက်ပြီး..မီးဖိုချောင်ထဲဝင်လာခဲ့လိုက်သည်။
""သြော်..သခင်လေး.နိုးလာပြီလား..ဘာလိုချင်လို့လဲ..""
ထမင်းချက် ဒေါ်တာက မေးလာလေသည်။
""ဒေါ်လေး..လွန်းကိုလေ..သခင်လေးလို့..မခေါ်ပါနဲ့လား..""
""အစ်ကိုလေးခါးသက်မိုးက..သခင်လေးကို.သခင်လေးလို့ခေါ်ရမယ်လို့..မှာထားလို့ပါ..""
လွန်း.စိတ်ပျက်စွာသက်ပြင်းချလိုက်မိသည်။.ဒေါ်တာကို ဘာမှမပြောတော့ဘဲ..လိမ္မော်ရည်ဖျော်ဖို့ရန် ပြင်လိုက်သည်။ 
""နေ..နေ သခင်လေး..ဒေါ်လေးဖျော်ပေးလိုက်မယ်..""
ဟုပြောပြီး ဒေါ်တာ..ဖျော်ပေးလေသည်။လွန်း.လဲဒေါ်တာ ဖျော်ပေးလိုက်တဲ့..​လိမ္မော်ရည်ကို.ယူလာလိုက်သည်။
     ဧည့်ခန်းထဲမှာ.မိန့်မိန့်ကြီးထိုင်နေတဲ့..ကောင်လေးရှေ့..ချပေးလိုက်သည်။ နေ..ရှေ့မှာ လာချပေးတဲ့လိမ္မော်​ရည် ခွက်ကိုယူလိုက်သည်။လှည့်ထွက်သွားတဲ့လွန်းကို ကြည့်ပြီး..
""ခဏနေဦး..""
""ဘာလဲ..""
လွန်းစိတ်မရှည်ဟန်နဲ့မေးလိုက်သည်။
နေ ထိုင်နေရာကနေ ထလာပြီး  လက်ထဲက လိမ္မော်ရည်ခွက်ကိုမြှောက်ပြီး..ကြမ်းပြင်ပေါ်သွန်ချပစ်လိုက်လေသည်။ နေ ရဲ့လုပ်ရပ်ကြောင့် လွန်း အံ့သြသွားရပြန်၏။
""မင်း ဒါဘာလုပ်တာလဲ..""
""လိမ္မော်ရည်က အရမ်းချိုနေတယ်""
""မင်းသောက်တောင်မသောက်ရသေးဘဲနဲ့..ဘာဖြစ်လို့သွန်ပစ်လိုက်ရတာလဲ""
လွန်း..ဒေါသတကြီးနဲ့အော်မေးလိုက်သည်။
""နေ သွန်လိုက်တာမဟုတ်ဘူး​လေ..ခင်ဗျားကြီးသွန်လိုက်တာပါ..ဒီလိမ္မော်ရည်တွေကို..""
""ဘာ..""
နေ စကားကြောင့်..လွန်း.အံအားသင့်နေတုန်း..လွန်းလက်ထဲကိုနေက.ဖန်ခွက်ကိုဇွတ်အတင်းလာထည့်လေသည်။.လွန်းကြောင်အစွာနဲ့..သူအတင်းထည့်ပေးသည့်..ဖန်ခွက်လေးကို..ကိုင်မိလျှက်သား..ထိုအချိန်...
"အဟင့်..အဟင့်..ကိုကို...ဒီလူကြီးအရမ်းရိုင်းတာဘဲ..သိလား..""
ချက်ချင်းကြီး..ပုံစံပြောင်းသွားသည့်နေလင်းသာ..။လွန်း..ကိုယ့်မျက်လုံးကိုယ်တောင်မယုံ..။ နေ က တိုက်ထဲဝင်လာတဲ့ ခါးသက်မိုးဆီကို..အပြေးလေးသွားကာ..မျက်ရည်လေးစမ်းတမ်း.စမ်းတမ်းနဲ့ ဆိုသည်။
    လွန်းအံ့သြလွန်းလို့..ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိရုံက လွဲပြီးဘာမှမတတ်နိုင်တော့..။
ခါးသက် မျက်ရည်တွေနဲ့ နေ ကိုကြည့်ရင်း. မျက်နှာကတင်းမာသွားလေသည်။
""ဘာဖြစ်လို့လဲ..နေ..""
""အဟင့်...အဟင့်...နေက သူယူလာပေးတဲ့..လိမ္မော်ရည်က..အရမ်းချိုနေတယ်လို့.ပြောမိတာလို့.သူက..ဒေါသထွက်ပြီး..လိမ္မော်ရည်တွေသွန်ပစ်လိုက်တာ..ကိုကို..နေ..အရမ်းကြောက်တာဘဲ..နေ..ဘာမှလဲ..အမှားမလုပ်မိတာကို..""
လွန်းရှေ့မှာ  ပေါ်ပေါ်တင်တင် ဗြောင်လိမ်နေသည့်..နေလင်းသာကြောင့်..လွန်း..အံ့အားသင့်လွန်းလို့..ဘာစကားမှမဆိုနိုင်..။
""ဘာ...မ...မဟုတ်...""
လွန်း..ပြန်လည်ပြီးဖြေရှင်းချက်ထုတ်ဖို့ရန်ကြိုးစားလိုက်သော်လည်း..လွန်းကို..ဒေါသတကြီးစူးရဲစွာ..စိုက်ကြည့်လာသည့်..ခါးသက်ကြောင့်..လွန်းနုတ်ခမ်းဝမှာတင်..စကားလုံးများက..ပျောက်ရှကုန်သည်။ခါးသက်က လွန်းရဲ့ ရင်ဘတ်က အင်္ကျီ စကိုဆောင့်ဆွဲလိုက်ပြီး..
""ကိုလွန်းပုံရိပ်...နေလင်းသာက..ခင်ဗျား..မလေးမစား.ဆက်ဆံရမဲ့.သူမဟုတ်ဘူး...ခင်ဗျား.မှတ်ထားပါ..နောက်ဆို..သူ့ကိုလေးလေးစားစား..နဲ့အလေးပေးပြီး..
ဆက်ဆံပါ...နောက်ပြီး...ကြမ်းပြင်ပေါ်က..လိမ္မော်ရည်တွေကို..အခုချက်ချင်းသုတ်လိုက်..""
ဟုပြောပြီး..လွန်းကိုယ်ကို..နောက်သို့တွန်းထုတ်ပစ်လိုက်လေသည်။ ကြမ်းပြင်ပေါ်သွန်ချထားတဲ့ လိမ္မော်ရည်တွေပေါ်ကို..လွန်း.​ကိုယ်လေး.ပစ်လဲကျသွားလေသည်။ လွန်းတစ်ကိုယ်လုံး.လိမ္မော်ရည်နံများက.ထောင်းထောင်းထနေသည်။
       ခါးသက်က လွန်းကို အေးစက်စွာစိုက်ပြီး..မျက်နှာလွဲသွားလေသည်။ နေကတော့..ကျေနပ်စွာပြုံးနေလေသည်။
""ကိုကိုရယ်..အဲ့လောက်ထိ..လုပ်စရာမလိုပါဘူး..အဲ့လူကြီး..သနားပါတယ်..""
နေ က တကယ့်ကို အပြစ်ကင်းစင်နေသည့် ပုံစံမျိုးလေးနဲ့ဆိုလာလေသည်။
""မရဘူး.နေ.. ဒီလိုလူစားမျိုးတွေက..ဒီလိုဆက်ဆံတာနဲ့ဘဲ တန်တယ်..
လာ..အစ်ကိုအခန်းထဲကိုသွားမယ်..သူ့ရဲ့ကျက်သရေမရှိတဲ့.မျက်နှာမြင်ရတာ..အော့နှလုံးနာတယ်..""
ခါးသက်ထိုသို့ပြောလိုက်တော့..လွန်းရင်ထဲအောင့်ခနဲ့..။ဝဲတက်.လာတဲ့မျက်ရည်စတွေကို..မျက်တောင်ရှည်တွေနဲ့.ပုတ်ထုတ်ရင်း..​လွန်း.အောက်နုတ်ခမ်းကိုဘဲ.ဖိကိုက်ထားနေမိ၏။
   ချာခနဲ့ လှည့်ထွက်သွားသည့်..ခါးသက်နောက်ကို နေ ပြေးလိုက်သွားကာ.ခါးသက်၏လက်မောင်းနဲ့သူ့ရဲ့
လက်မောင်းကိုချိတ်လိုက်​လေ
သည်.။နောက်တော့..လွန်းကို..​အထင်သေးသည့်နောက်ပြောင်သည့်မျက်ဝန်းများနှင့်..လှည့်ကြည့်လိုက်ပြီး.မထီတရီ အပြုံးတစ်ပွင့်ခြွေချလိုက်သည့်.နေလင်းသာ..။
     လွန်း အသာ သက်ပြင်းကိုချလိုက်ပြီး..နေလင်းသာ..အသက်သာငယ်တယ်..အဆိပ်ကတော့ပြင်းလွန်းသည်။.သူ ဘာဖြစ်လို့ လွန်းအပေါ်ကို..အခုလိုဆက်ဆံနေရတာလဲ..။.သူ့အစ်ကိုသေတာ လွန်းကြောင့်ဆိုတာကို.သူသိနေလို့များလား..။လွန်းအတွေးတွေနဲ့အသာ..သက်ပြင်းတစ်ချက်ချလိုက်လေသည်။
🌱🌱🌱🌱
အပိုင်း🍓၂၃🍓လေးမျှော်ပေးကြဦးနော်..။ အခုရက်ပိုင်း အလုပ်ကြောင့်..စာတင်တာနောက်ကျတာကို..နားလည်ပေးကြပါနော်😘။.
နေလင်းသာက စလာကတည်းက..
မာယာရှင်လေးနော်😁..။
                      ⭐ညှို့စက်ကွင်း⭐

ဝိုးတဝါးအိမျမကျWhere stories live. Discover now