အပိုင်း🌺၄၆🌺

193 4 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၄၆)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

      ""အား...ကျွတ်...""

ခါးသက် ပထမဦးဆုံး ခံစားလိုက်ရတာက နာကျင်မှုတွေ..။ တစ်ကိုယ်လုံး တစ်ဆစ်ဆစ်နဲ့ကိုက်ခဲပြီး ဦးခေါင်းကလဲ အရမ်းကို နာကျင်နေလေသည်။

ကိုလွန်း...ဟုတ်ပေသား..။ သူတို့ကား နဲ့နေလင်းသားရဲ့ကားကို တိုက်ခဲ့မိတာလေ။ ကိုလွန်း...ကိုလွန်း..ဘာဖြစ်သွားသေးလဲမသိဘူး။
   
    ကိုလွန်းအကြောင်းကို စဉ်းစားမိသွားပြီး ခါးသက်အရမ်းကို ထူပူသွားကာ..မျက်၀န်းအစုံတို့ကိုအားယူပြီး ဖွင့်လိုက်၏။ စူးရှလှသည့် အလင်းရောင်ကြောင့် တစ်ဖန် မျက်၀န်းတို့ကိုမှိတ်လိုက်ပြီး။ ဖြေးညင်းစွာ ပြန်လည်၍ ဖွင့်လိုက်ရ၏။

""အား.....ကိုလွန်း...ကိုလွန်း..""

""ခါးသက် .မင်းသတိရလာပြီလား..""

နန်းဦးက စိုးရိမ်တကြီးနဲ့မေး‌လာလေသည်။ ခါးသက် သူ့ဘေးနားကို တစ်ချက် ဝေ့ကြည့်လိုက်တော့ အမေအေးရော..အစ်ကိုထစ်ချုန်းပါ ရှိနေလေသည်။

*"ကိုလွန်း.ရော..ကိုလွန်း..သူဘာဖြစ်သွားသေးလဲ.""

ခါးသက်မေးလိုက်တော့ အစ်ကိုထစ်ချုန်းက မျက်နှာလွဲသွားသလို အမေအေးကတော့ ငိုနေသည်။ နန်းဦးကတော့ မျက်နှာပျက်ယွင်းနေ
ကာ ခါးသက်နဲ့အကြည့်ခြင်းမဆုံရဲဘဲ ဖြစ်နေလေသည်။

""နန်းဦး.ငါမေးနေတယ်လေ..ကိုလွန်း ဘာဖြစ်သွားသေးလဲလို့...""

ခါးသက်စိတ်မရှည်စွာ မေးလိုက်တော့..

""ကိုလွန်း.က..အခုအရေးပေါ်လူနာခန်းထဲမှာ..""

""ဘာ...အခြေနေက အရမ်းစိုးရိမ်ရလို့လား..""

""အင်း...""

နန်းဦး စိတ်မသက်သာစွာနဲ့ ခေါင်းညိတ်ပြလိုက်တော့..။

""ငါ .ငါ..ကိုလွန်းကို သွားကြည့်မယ်..""

ဆိုပြီး အိပ်ရာပေါ်ကနေ ထဖို့ခါးသက်ကြိုးစားလိုက်လေသည်။။

""ခါးသက်...မင်းမထသေးနဲ့ဦးလေ..မင်းလဲအခုမှ ..သတိရလာကာစဘဲရှိသေးတယ်လေ..ဇွတ်မထသေးနဲ့ဦး..""

ဝိုးတဝါးအိမ်မက်Where stories live. Discover now