အပိုင်း🌺၄၃🌺

165 5 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၄၃)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

        ကိုလွန်းရဲ့ ကျန်းမာရေးက .အနည်းငယ် သက်သာလာပင်မဲ့လဲ..နေကတော့အရှင်းမပျောက်သေးပေ..။ အခုရက်ပိုင်း အရမ်းချူချာလွန်းသည့် လွန်းကို ခါးသက်အစွမ်းကုန်.အရိပ်တကြည့်ကြည့်နဲ့..ပြုစုပေးခဲ့လေသည်။
 
    သို့ပေမယ့် ကံကြမ္မာက လွန်းကိုရက်စက်ဖို့ အကြောင်းဖန်လာခဲ့လေသည်။ ခါးသက် မကြောင်းချင်ဆုံးသော..သတင်းဆိုးကြီးက..ခါးသက်ထံသို့ ကျရောက်လို့လာခဲ့လေသည်။

""ဗျာ..""

လက်ထဲက ဖုန်းလေးကို တင်းကျပ်နေအောင် ခါးသက် ဆုပ်ကိုင်ထားနေမိသည်။ ကြားလိုက်ရသည့် စကားတွေက မယုံကြည်နိုင်စရာ..။
ကိုလွန်းရဲ့ဒေါ်လေး ဆုံးပြီတဲ့လေ။

""ဟုတ်ကဲ့..လူနာရှင်ကို ကျွန်တော် ပြောပြလိုက်ပါ့မယ်..""

""ခါးသက်...ဘယ်ကဖုန်းလဲ..ဆေးရုံကလာတဲ့ဖုန်းလား..ဒေါ်လေးငယ် ဘာဖြစ်လို့လဲဟင်...သူ..သူသတိရလာလို့တဲ့လား.""

အနောက်မှာ ရောက်နေသည့် လွန်းက..မျှော်လင့်တကြီးနဲ့ခါးသက်ကို မေးနေရှာသည်။

  လွန်းရဲ့မျက်၀န်းတွေထဲကို ခါးသက်စိုက်ကြည့်ရင်း ဘယ်လိုပြန်ဖြေရမယ်မှန်းမသိ။ အသာခေါင်းကို ဖြေးညှင်းစွာနဲ့ ခါရမ်းပြလိုက်ပြီး..

""မဟုတ်ဘူး..ကိုလွန်းရဲ့အဒေါ် ဆုံးသွားပြီတဲ့..""

""ဘာ. ""
ကြားလိုက်ရတဲ့ စကားသံအဆုံး..ကြမ်းပြင်ပေါ်..ပုံခနဲ့ ထိုင်ချသွားသည့်လွန်း.. ။သူမျက်၀န်းတွေထဲမှာ မယုံကြည်နိုင်မှုတွေနဲ့အတူ မျက်ရည်စများနှင့် ပြည့်လျှံလို့သွားလေသည်။

""ဒေါ်လေးငယ် ဆုံးသွားပြီ..ဟုတ်လား..ဒေါ်လေးငယ်.ဆုံးသွားပြီ.. ဟင့်အင်း...မဖြစ်နိုင်တာ...မင်းပြောတော့...ဒေါ်လေးငယ်ရဲ့အခြေနေက ကောင်းလာပြီဆို...ခါးသက် မင်းငါ့ကို..စိတ်ဆင်းရဲအောင်..လျှောက်ပြီးပြောနေတာမလား..ဒေါ်လေးငယ်မသေသေးဘူး ဟုတ်တယ်မလား....ဒေါ်လေးငယ်ဆုံးသွားပြီဆိုတာ မဟုတ်ဘူးမလား..."".
လွန်း ကယောင်ခြောက်ခြားနဲ့ ခါးသက်ကို မေးလိုက်သည်။

ဝိုးတဝါးအိမ်မက်Where stories live. Discover now