အပိုင်း🌺၄၂🌺

197 7 1
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၄၂)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

        ""ဟူး..""

ခါးသက် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ လွန်း ရဲ့ ဒေါ်လေး နှလုံးခုန်ရပ်သွားတာကြောင့် ခါးသက် ဆေးရုံဆီကို အပြေးလေးသွားခဲ့ရသည်။

   အမှန်တကယ် ‌လွန်းအဒေါ်ရဲ့ အခြေနေက သိပ်မကောင်း..။ နှလုံးခုန် ရပ် ရပ်သွားတာအခုဟာနဲ့ဆိုရင် ၃ကြိမ်ရှိနေလေပြီ။ လွန်း စိတ်ဆင်းရဲမှာကြောက်လို့ ခါးသက် ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။

""လူနာရဲ့ အခြေနေက တစ်နေ့တခြား ပိုပိုဆိုးလာနေတယ်..ဒီနေ့..သူ့ရဲ့အသက်ကို ကယ်လိုက်နိုင်ပင်မယ့်..နောက်နေ့ဆိုရင်တော့ ပြောလို့မရဘူး..စိတ််မကောင်းစွာနဲ့.အကောင်းဆုံး အကြံပေးချင်တာကတော့..လူနာကို လက်လျော့လိုက်ဖို့ပါဘဲ..""

ဟု ဆရာ၀န်ကြီးက လေးပင်စွာနဲ့ဆိုလာသည့်စကားများကြောင့် ခါးသက် ရင်ထဲ  လောင်မြိုက်လို့နေခဲ့သည်။ တိုးတက်လာသည့်အခြေနေမရှိဘဲ.
..တစ်နေ့တခြား အခြေနေပိုဆိုးလာတာကြောင့် ဒေါ်လေးငယ်ကို ဆရာ၀န်ကြီးက လက်လျော့ခိုင်းနေခြင်းဖြစ်သည်။ ‌ကားအက်စီးဒန့်ကြောင့်ရခဲ့သည့် ဒေါ်လေးငယ်ရဲ့ ဦးခေါင်းဒဏ်ရာက ‌ပြန်ကောင်းဖို့ရန် လုံး၀မဖြစ်နိုင်ကြောင်း ဆရာ၀န်ကြီးက ထပ်လောင်း၍ ရှင်းပြခဲ့လေသည်။

        ခါးသက်အနေနဲ့ ဒေါ်လေးငယ်ကိုလက်မလျော့ချင်ဘူးဆိုရင်တောင်..ဒေါ်လေးငယ်ရဲ့အခြေနေက နေ့လား ညလား မသိနိုင်တော့သည့် အခြေနေကိုရောက်နေခဲ့လေပြီ။

ဒီအကြောင်းတွေကို..လွန်းသိအောင်.. ခါးသက်ဘယ်လို ပြောပြရမည်မသိ။

""ကိုလွန်းအတွက်..နာကျင်မှုတွေက မကုန်နိုင်သေးတာများလား..။ ဒီအချိန်မှာ.ကိုလွန်းကို ဒီအကြောင်းတွေ ပေးသိလို့မဖြစ်ဘူး..။ ကိုလွန်းရဲ့ကျန်းမာရေးက သိပ်ကောင်းသေးတာလဲမဟုတ်ဘူး။။ ဒီအချိန်မှာသာ ဒေါ်လေးငယ်အကြောင်းကို ကိုလွန်းသိသွားရင်...ကိုလွန်းရဲ့စိတ်တွေ ပိုပြီး ပြိုလဲသွားလိမ့်မယ်။။ ကိုလွန်းကိုအသိမပေးသေးဘဲ ခဏလောက်တော့ ဖုံးကွယ်ထားလိုက်တာ ကောင်းမယ်ထင်ပါတယ်။
🌺🌺🌺
      ""အစ်ကိုလေးခါးသက်..ပြန်ရောက်လာပြီလား.""

ဝိုးတဝါးအိမ်မက်Where stories live. Discover now