အပိုင်း -- ၄

7.1K 645 9
                                    

"မနေ့ညကလာမယ်ပြောတော့ ငါကနေ့လယ်လောက်မှရောက်မယ်ထင်နေတာ။ဆိုင်ဖွင့်ချိန်နဲ့တိုက်ပြီး ရောက်အောင်လာသလားမှတ်ရတယ်။အိမ်ကနေ ဘယ်အချိန်ထွက်လာတာလဲခွန်း "

"ခြောက်နာရီ "

ထိုစကားကြောင့် လင်းမြတ်သူ မျက်လုံးအပြူးသားနှင့် ခွန်းအားကြည့်နေမိသည်။

"မနက်ခြောက်နာရီ...တကယ်ကြီးလား....နင်ဒီကို တစ်နာရီခွဲနဲ့ရောက်အောင် မောင်းလာတယ်လို့တော့မပြောနဲ့နော် "

"တစ်နာရီခွဲကျော်မကျော်တော့မသိဘူး။မနက်ခြောက်နာရီမောင်းလာခဲ့တာတော့ အမှန်ပဲ "

လင်းမြတ်သူ ဆိုင်ထဲမဝင်သေးဘဲ ခရေပင်အောက်ရှိထိုင်ခုံလေးဆီဦးတည်တော့ ခွန်းဟာ သူမနောက်မှကပ်‌လျှောက်၍ပါလာ၏။

"ဆိုစမ်းပါဦး။အဲ့လောက်အစောကြီးထွက်လာတယ်ဆိုတော့ အန်တီတို့နဲ့ပြဿနာဖြစ်လာလို့လား "

သူမထိုင်မည့်ခုံပေါ်တွင် ကြွေကျနေသောခရေပွင့်လေးတစ်ပွင့်အား ခွန်း နမ်းရှိုက်ကာလွှင့်ပစ်လိုက်ပြီး လင်းမြတ်သူဘေးတွင်ဝင်ထိုင်လိုက်သည်။

"ဘာမှမဖြစ်ဘူး။ဒီလိုပဲ အစောကြီးမမောင်းဖူးလို့ထွက်လာတာ။မေမေတို့နဲ့က ဘယ်တုန်းကပြဿနာဖြစ်ဖူးလို့လဲလင်းရယ်။ဖေဖေရော၊မေမေရောက ငါ့ကိုအရမ်းချစ်တာသိရဲ့သားနဲ့ "

"အဲ့ဒါကတော့သိပါတယ် နင်က ဒီလိုမျိုးတစ်ခါမှမလာဖူးလို့လေ "

"ဘာမှအထွေအထူးမရှိဘူး။စောစောလာတော့ စောစောပြန်လို့ရတယ်လေ "

ခွန်းပြောနေရင်းမှပင် ဝန်ထမ်းသီးသန့် Parking လေးအားကြည့်မိတော့ ရင်းနှီးနေသည့် Click ဆိုင်ကယ်လေးကရှိမနေ။

"ဟိုကလေးနှစ်ယောက်က Duty change ထားတာလား ဆိုင်ကိုမရောက်သေးတာလား "

"ဘယ်ကလေးနှစ်ယောက်လဲ သွန်းလေးတို့လား "

"အင်းလေ ဆိုင်မှာအငယ်ဆိုလို့ သူတို့နှစ်ယောက်ပဲရှိတာကို "

မကြည်သလိုပြောလိုက်သော သူမစကားကြောင့် လင်းမြတ်သူ၏မျက်စောင်းကဒိုင်းခနဲရောက်လာ၏။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now