အပိုင်း -- ၁

18.8K 959 13
                                    

စက်တင်ဘာလ၊ ၂၀၀၀ ခုနှစ်။

ပုံမှန်အတိုင်းကားသံလူသံတွေဆူညံနေသော မနက်ခင်းတစ်ခုတွင် မြန်မာပြည်အလယ်ပိုင်းရှိမြို့ငယ်လေးက သက်ဝင်လှုပ်ရှားလျက်ရှိသည်။

ပုံမှန်မဟုတ်သည့်အရာကတော့ ကားကြီးကွင်းထိပ်ရှိသစ်ပင်အောက်တွင် အနှီးအဖြူ ရောင်ထဲ၌ မွေးကင်းစကလေးငယ်လေးကို ထွေးပိုက်ကာထိုင်နေသည့် အသက်နှစ်ဆယ်ကျော်ခန့်မိန်းမပျိုတစ်ဦး။
စပ်စုကြသောလူတစ်ချို့၏မေးမြန်းမှုကိုတော့ မျှော်လင့်ချက်အပြည့်ပါသည့်မျက်ဝန်းများဖြင့် ကလေးမွေးစားရန်ပေးချင်လို့ပါဟုဆိုရှာ၏။

ကံစပ်၍ပဲလား၊ရေစက်ပါ၍ပဲလားတော့မသိ ထိုလူအုပ်ထဲသို့ရောက်သွားသည်ကတော့ ထိုမြို့လေး၌ လူတိုင်းချစ်စနိုးနှင့် အပျိုကြီးဟုခေါ်ကြသည့် မမြတ်မေ။
ဟိုလူဖယ်၊ဒီလူဖယ်နှင့် ထိုအမျိုးသမီးငယ်လေး၏ဘေးနားသို့ မမြတ်မေတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်ရှိသွားရလေပြီ ။

အနှီးထုပ်ထဲမှ နီတာရဲကလေးလေးက တကယ်ပင်ချစ်စရာကောင်းလှသည်။မြင်မြင်ချင်းပင် သူမအတွက် အကြည့်မလွှဲနိုင်အောင် ချစ်မွှေးပါသည့်ကလေးလေးအား မမြတ်မေလိုချင်လာမိသည်။

"အစ်မခဏလောက်ချီကြည့်ချင်လို့ရမလား "

ထိုအမျိုးသမီးက အသာတကြည်ပင် သူမလက်ထဲအား ကလေးလေးကိုလွှဲပြောင်းပေး၏။

"ဘာလေးလဲညီမလေး "

"မိန်းကလေးပါအစ်မ "

"မွေးစားမယ့်လူမရှိရင်ရောညီမလေး ဘယ်သူ့ကိုပေးမှာလဲ "

"အဲ့ဒီအချိန်ကျရင်တော့ နောက်ဆုံးရွေးချယ်စရာက မိဘမဲ့ဂေဟာပဲရှိတော့တယ်အစ်မ...."

မိန်းမငယ်လေးပြောလိုက်သည့်စကားက မမြတ်မေ၏နှလုံးသားကို ဆုပ်ချေလိုက်သကဲ့သို့ပင်။

သူမလက်ထဲရောက်လာသော ကလေးလေးအား မမြတ်မေတစိမ့်စိမ့်ကြည့်၍ မေတ္တာများတိုးကာနေမိ၏။နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခုအား ပိုင်နိုင်စွာချပြီးသည်နှင့် မမြတ်မေထိုင်ရာမှထလိုက်သည် ။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now