အပိုင်း -- ၃၉

7.8K 628 35
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"မင်းနဲ့လမင်းက ဘာတော်တာလဲ "

ခွန်းစကားကြောင့် ရှေ့ကနေဦးဆောင်လျှောက်လှမ်းနေသောကောင်လေးက သူမကို စူးစမ်းသလိုလှည့်ကြည့်လာသည်။

"ဒီကအစ်မကရော အစ်မလမင်းကိုဘယ်လိုသိတာလဲ "

"လမင်းကတို့မိန်းမလေ....စိတ်ဆိုးပြီး အိမ်ကနေထွက်သွားလို့ပြန်လာခေါ်တာ "

"ဟမ်...!!!..."

မျက်လုံးအပြူးသားနှင့် အံ့အားသင့်သွားသော ထိုကောင်လေးမျက်နှာကိုတည့်တည့်ကြည့်၍ သူမပခုံးတွန့်ပြလိုက်သည်။

"အစ်မလမင်းကအစ်မမိန်းမ....မဟုတ်သေးပါဘူး "

"မယုံလည်းအဲ့ဒါအမှန်တရားပဲ "

"သမီး...."

ခေါ်သံနှင့်အတူ အနားကိုရောက်လာကြသောဖေဖေတို့ကြောင့် ခွန်းနှင့်ထိုကောင်လေး စကားစပြတ်သွားရ၏။

"ဒီမှာ ဒေါ်ရင်မေဆိုတဲ့အန်တီများရှိသလားငါ့တူ "

"လမင်းရှိတယ်။သမီးလမင်းနဲ့တွေ့ပြီးပြီဖေဖေ။ဘွားဘွားနဲ့တွေ့ပြီး အကျိုးအကြောင်းသေချာပြောပြီး ပြန်ခေါ်ရအောင် "

ဖေဖေ့မေးခွန်းကို ခွန်းကပင်ကြားဖြတ်ဖြေလိုက်ကာ လုပ်ရမည်များကို တစ်ဆက်တည်းပြောလိုက်မိ၏။

"ဧည့်သည်တွေဆိုတော့ ကြွကြပါခင်ဗျ။ကျွန်တော် ဘဘုန်းဆီကိုခေါ်သွားပေးပါ့မယ် "

ထိုကောင်လေးခေါ်ဆောင်လာရာကတော့ အစောကမီးဖိုဆောင်နှင့် ဝါးနှစ်ပြန်မျှအကွာအဝေးမှာရှိနေသော ဇရပ်ကလေးဆီပင်။
ဇရပ်ဟုလည်းမဆိုသာ ခေါင်းရင်းဘက်မှာဘုရားစင်နှင့် ထိုအောက်ကသစ်သားကြမ်းပြင်ထက်မှာ ဖယောင်းပုဆိုးခင်းထားပြီး ဘုန်းကြီးတစ်ပါးကထိုင်နေ၏။သက်တော်ခြောက်ဆယ်ကျော်၊ခုနစ်ဆယ်နီးပါးမျှရှိပြီထင်သည်။

"ထိုင်ကြပါ ဦးလေးတို့ "

ထိုကောင်လေးစကားကြောင့် ခွန်းတို့အားလုံး ထိုအဆောင်လေးရှေ့မှာဖိနပ်ချွတ်ကာ ဘုန်းဘုန်းရှေ့တရိုတသေဝင်ထိုင်၍ ဘုရားကိုဦးစွာရှိခိုးလိုက်၏။ထို့နောက်ဘုန်းဘုန်းကိုဝတ်ပြုကာ ဖေဖေကလာရင်းကိစ္စကိုဦးဆောင်ပြောသည်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now