အပိုင်း -- ၁၇

6.4K 624 26
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

🍀🌹

ဟိုတွေးဒီတွေးနှင့် ဥာဥ့်နက်သည်အထိခွန်းအိပ်မပျော်ဘဲ မိုးလင်းခါနီးမှအိပ်ပျော်သွားသောကြောင့် နာရီကိုကြည့်မိတော့ ရှစ်နာရီထိုးပြီးနေပြီ။ထို့ကြောင့် အဝတ်အစားလဲပြင်ဆင်ပြီးသည်နှင့် မနက်စာပင်မစားတော့ဘဲ လင်းမြတ်သူနှင့်တွေ့ရန် ဆိုင်ကိုစောစောထွက်လာခဲ့သည်။ရင်ထဲမှာပြည့်ကျပ်နေသောအကြောင်းအရာတွေကတစ်စုံတစ်ယောက်ကို ဖွင့်ချပြမှ သူမအသက်ရှူချောင်လိမ့်မည်။

"ခွန်း.....ခွန်းဟုတ်တယ်မလား....ဘယ်တုန်းကပြန်ရောက်တာလဲ "

ဆိုင်တံခါးဖွင့်ကာဝင်ဝင်ချင်း အစ်ကိုမျိုးကအံ့အားသင့်သလိုဆီးကြိုနှုတ်ဆက်သည်။
ခွန်းအလိုက်သင့်လေးပြုံးကာပင် ခေါင်းညိတ်ပြမိ၏။

"ခွန်း......"

ကျောဘက်မှထွက်ပေါ်လာသော ခပ်ရှရှခေါ်သံတစ်ခုကြောင့် သူမလှည့်ကြည့်လိုက်မိတော့ နားနေခန်းပေါက်ဝမှာရပ်၍ ထင်မထားသည့်သူကိုတွေ့လိုက်ရသလို သူမကိုငေးကြောင်ကြည့်နေသည့် လင်းမြတ်သူ။

"ပြီးမှ အေးအေးဆေးဆေးစကားပြောတာပေါ့ကိုမျိုး "

ဝန်ထမ်းတွေကိုပင်နှုတ်မဆက်နိုင်။ပြုံးရုံပြုံးပြ၍ လင်းအားလက်ဆွဲပြီး နားနေခန်းထဲပြန်ဝင်ကာ တံခါးပိတ်လိုက်သည်။လူမမြင်ကွယ်ရာရောက်သည်နှင့် လည်ချောင်းဝထိဆို့တက်လာသော ရင်ဘတ်ထဲမှနာကျင်မှုကြောင့် လင်းလက်အားလွှတ်ပေးကာ တစ်ဘက်သို့မျက်နှာလွဲလိုက်မိသည်။

"ဘာဖြစ်လာတာလဲ ခွန်း ၊ တစ်ခုခုဖြစ်လာတာလား "

သူမခန္ဓာကိုယ်အား မျက်နှာချင်းဆိုင်လှည့်၍ မေးနေသော လင်းနှင့် အကြည့်ချင်းမဆုံရဲ။ဝဲတက်လာသောမျက်ရည်တို့ကြောင့် လင်းအကြည့်တို့ကို သူမရှောင်ရှားနေမိသည်။

"ငါ့ကိုရင်ဖွင့်ချင်တာရှိလို့ နင်ဒီအထိလာတာမလား ၊ ဘာတွေဖြစ်လာတာလဲခွန်းရယ် ငါစိတ်ပူအောင်မလုပ်စမ်းနဲ့ ပြောချင်တာကိုပြောစမ်းပါ "

ပခုံးနှစ်ဖက်ကနေဆုပ်ကိုင်ကာ သူမခန္ဓာကိုယ်ကိုလှုပ်ယမ်းလိုက်သောလင်းကိုမဝံ့မရဲမော့ကြည့်မိတော့ အားကိုးရာတွေ့သည့်အလား မျက်ရည်တို့က တားမရစွာဆင်းသက်ကုန်သည်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now