အပိုင်း -- ၂၈

6.6K 564 36
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

ရက်သတ္တပတ်အနည်းငယ်မျှအကြာတွင်တော့ လမင်းထက်သာ၏နေ့တွေညတွေဟာ ပုံမှန်လည်ပတ်နေသည်။ကျောင်းတစ်ဘက်၊အချိန်ပိုင်းအလုပ်တွေတစ်ဘက်နှင့် အိမ်ကို ညကိုးနာရီမှသာပြန်ရောက်၏။ထိုအချိန်မှရေချိုးညစာစားကာ အစ်မနှင့် Video call ပြောရသည်။

ဒီနေ့သူပြန်ရောက်သည့်အချိန်ဟာ ပုံမှန်အချိန်ထက် အနည်းငယ်နောက်ကျနေသလို ခြံထဲမှာလည်း ကိုဇင်လင်းမောင်၏ကားကိုတွေ့ရ၏။အိမ်ထဲမှာမီးတွေဖွင့်ထားပေမယ့် လူရိပ်ပင်မတွေ့ရ။ ပုံမှန်တံခါးပိတ်ချိန်ဖြစ်သောကြောင့် အိမ်တံခါးမကြီးအား လမင်းပိတ်၍ အပေါ်ထပ်အခန်းရှိရာထပ်ရန်ပြင်မိသည်။
သို့ပေမယ့် ပြန်ရောက်သည့်အကြောင်းအား မမယွန်းကိုပြောရမည်ထင်၍ သူမအခန်းရှေ့မှာခြေစုံရပ်ကာ တံခါးခေါက်ဖို့ရာစဥ်းစားမိတော့ အခန်းတွင်းမှ မမယွန်း၏ရယ်သံလွင်လွင်ကိုကြားရသည်။ထို့ကြောင့် မနှောက်ယှက်သင့်ဘူးဟုတွေးကာ လှေကားမီးများကိုပိတ်၍ အပေါ်ထပ်အခန်းရှိရာသို့သာ တက်လာခဲ့လိုက်သည်။

အခန်းထဲရောက်သည့်အခါတွင်တော့ လွယ်လာသည့်ကျောပိုးအိတ်ကို ကုတင်ပေါ်တင်ပြီးသည်နှင့် အစ်မကိုဖုန်းခေါ်လိုက်သည်။ screen မှာတန်းပေါ်လာသည်က စာအုပ်စင်များ။သူသဘောပေါက်လိုက်ပါပြီ။စာဖတ်ဆောင်ထဲမှာ အစ်မအလုပ်လုပ်နေဆဲပင်။

"အခုမှပြန်ရောက်တာလားလမင်း...."

"အင်း....ကြည့်ပါလား ရေတောင်မချိုးရသေးဘူး "

အစ်မက တပ်ထားသည့်စာကြည့်မျက်မှန်ကလေးကိုချွတ်ပြီး စားပွဲပေါ်လက်ထောက်၍ လက်ဖဝါးပေါ်မေးတင်ကာ ဖုန်းထဲမှသူ့ကိုသေချာကြည့်၏။

"အစ်မပြောတာကျနားမထောင်ဘဲနဲ့။ကိုဇင်လင်းမောင်တို့ဌာနမှာပဲ လေ့လာရင်းနဲ့လုပ်တာတော်ရောပေါ့။ဘယ်နှယ့် အချိန်ပိုင်းအလုပ်တွေပါလုပ်ပြီး ဘာလို့အပင်ပန်းခံနေရတာလဲ "

သူထိုင်နေရာမှကုတင်ပေါ်မှောက်လှဲလိုက်ပြီး ဖုန်းကိုကုတင်ခေါင်းရင်း၌မှီ၍ ထောင်ထားလိုက်ကာ

"အတွေ့အကြုံလိုချင်လို့ပါအစ်မရယ်။အရမ်းပင်ပန်းလာရင်တော့ အစ်မစကားကိုနားထောင်ပါ့မယ်....အစ်မရော အလုပ်တွေအခုထိမပြီးသေးဘူးလား "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now