အပိုင်း -- ၂၃

6.8K 605 37
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

"ကားကိုဖြည်းဖြည်းမောင်းနော်အစ်ကို "

"စိတ်ချပါလမင်းရဲ့။အိမ်ကိုပြန်ရောက်ရောက်ချင်း အစ်ကိုဖုန်းဆက်ပါ့မယ် စိတ်မပူနဲ့ "

သူမခေါင်းထက် လက်ဖဝါးနှင့်ခပ်ဖွဖွတစ်ချက်ပုတ်ပြီး ကိုခေတ်သွေးမာန်က ကားပေါ်တက်ကာမောင်းထွက်သွားလေပြီ။

လမင်း လက်ထဲမှာကိုင်ထားသည့်အရာကို ကြည့်မိတော့မှ ခေါင်မိုးထပ်မှာစကားပြောနေစဥ်က အနည်းငယ်အေးသည်ဟုဆိုကာ သူမအပေါ်လွှမ်းခြုံပေးခဲ့သော ကိုခေတ်သွေးမာန်၏ အပေါ်ထပ်ကုတ်အင်္ကျီကျန်နေခဲ့မှန်း သတိရတော့သည်။

"မနက်မှပဲပေးပါတော့မယ်လေ "

အတွေးလေးနှင့်အတူ အိမ်ထဲလှမ်းဝင်ရန်ပြင်တော့ အိမ်ပေါက်ဝမှာရပ်နေသောအရိပ်တစ်ခုကြောင့် သေချာအာရုံစိုက်ကာကြည့်မိတော့ သူမကိုလက်ပိုက်ကာရပ်ကြည့်နေသောအစ်မ။
ချည်ထည်ဝမ်းဆက်ကလေး ဝတ်ထားပြီးပြီဆိုတော့ အိပ်ယာဝင်တော့မည်ထင်သည်။သို့ပေမယ့် ဘာကြောင့်အိမ်ပေါက်ဝမှာရပ်နေသလဲ လမင်းမသိပါ။

"မအိပ်သေးဘူးလားအစ်မ။ခြေထောက်က အများကြီးသက်သာသေးတာမဟုတ်ဘဲနဲ့ ဘာလို့ဒီအထိဆင်းလာတာလဲ "

အစ်မအနားကပ်ကာ မေးခွန်းထုတ်မိပေမယ့် သူမေးတာကိုအာရုံမရဘဲ အစ်မအကြည့်တို့က သူကိုင်ထားသည့် ကိုခေတ်သွေးမာန်၏အင်္ကျီထံမှာပင်။

"အဲ့ဒီအင်္ကျီကဘာလုပ်တာလဲ "

"သြော်....ဒါလား....ခေါင်မိုးထပ်မှာလေတိုက်တော့ အေးလို့ခြုံပေးတာလေ။ပြန်ပေးဖို့မေ့သွားတာ "

"ပွဲလုပ်တာကခေါင်မိုးထပ်လား "

"ဟင့်အင်း.....မဟုတ်ပါဘူး "

အစ်မနှင့်မတူစွာ မေးခွန်းတွေဆက်နေသောကြောင့် လမင်းယောင်နနနှင့်ပင် ခေါင်းရမ်းကာဖြေမိသည်။

"အဲ့ဒါဆိုရင် ခေါင်မိုးထပ်ကဘာသွားလုပ်တာလဲ "

သူသဘောပေါက်သွားလေပြီ။အမှန်ဟုတ်မဟုတ် သူဖြစ်စေချင်သောအရာတစ်ခုဖြစ်လာနေပြီဆိုတာကို သဘောပေါက်သွားရသည်။
ထို့ကြောင့် ဘေးနားလေးရပ်နေသော အစ်မ၏လက်မောင်းအား သူ့လက်ချိတ်လိုက်ပြီး ပခုံးပေါ်မေးတင်ကာမှီလိုက်တော့ အစ်မက သူ့ကိုမကြည်သလိုကြည့်လာသည်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now