အပိုင်း -- ၆

7.2K 643 12
                                    

တစ်ရစ်ချင်း၊တစ်ရစ်ချင်းနွယ်လာတဲ့အရာ
သံယောဇဥ်နဲ့ချစ်မေတ္တာ
ဘယ်အရာကဘယ်ဌာနကဝင်လာသလဲ
အဖြေရှာရခက်တယ်......

🍀🍀🍀🍀🍀

"ပြီးရင်ဆင်းခဲ့တော့နော်လမင်း ကိုယ်ဧည့်ခန်းကပဲထိုင်စောင့်နေတော့မယ် "

အခန်းတံခါးဝမှ ခေါင်းပြူကာပြောလာသည့်မမခွန်းကိုမြင်လိုက်ရသောကြောင့် လမင်း တံခါးပေါက်ကိုအလျှင်အမြန်ကျောခိုင်း၍ ခေါင်းသာညိတ်ပြမိသည်။ရုတ်တရက် တံခါးဖွင့်ကာခေါင်းဝင်လာသောကြောင့် တပ်လက်စအင်္ကျီကြယ်သီးပေါက်တွေပင် မတည့်ချင်တော့။

"Okok....မြန်မြန်ဆင်းလာနော် နေပူရင်အဆင်မပြေဘူး "

ခွန်း တံခါးကိုအသာပြန်ပိတ်၍ တိုးတိုးရယ်လိုက်မိသည်။အကျီဝတ်လက်စထိုကလေးတော့ မည်မျှရှက်သွားမည်မသိ။သူမကလည်းသူမပါပဲ တံခါးမခေါက်ဘဲဝင်သွားမိတာကိုး။ဒါပေမယ့်လည်း မိန်းကလေးချင်းဆိုတော့ပြဿနာမရှိပါ။အဝတ်လဲမည်ဆိုရင် Lock ချထားပါလို့ သူ့ကိုပြောထားရပေဦးမည်။
ခွန်းဧည့်ခန်းမှာမထိုင်တော့ဘဲ စာဖတ်ဆောင်အနောက်ဘက် အလုပ်သမားများအပင်ရှင်းနေသောနေရာသို့ လျှောက်လာခဲ့လိုက်သည်။ကိုမောင်ကျော့်ကိုယုံပေမယ့် တစ်ခေါက်လောက်တော့ သေချာကြည့်ရှုညွှန်ကြားမှဖြစ်မည်။

"ကိုင်းတွေကိုအများကြီးရှင်းမပစ်ခိုင်းနဲ့နော်ကိုမောင်ကျော် မန္တလေးနေပူက ဒီလောက်အပင်ပေါတာတောင် ခံနိုင်တာမဟုတ်ဘူး "

သူမအသံကြောင့် ငှားထားသောအလုပ်သမားများနားရပ်နေသောကိုမောင်ကျော်က သူမရှိရာအပြေးရောက်လာ၏။

"ကျန်တဲ့အပင်တွေကတော့ ခုတ်သင့်တာခုတ်ရှင်းသင့်တာရှင်းနေပါပြီမမလေး။ခြံအစွန်နားက ပုန်းညက်ပင်ကြီးကိုတော့ လုံးလုံးမရှင်းရသေးဘူး "

​ခြံထောင့်ကပုန်းညက်ပင် ...
ထိုအပင်ကြီးက သူမလူမှန်းသိတတ်စအချိန် ကတည်းကရှိနေခဲ့တာ။ခြံဝယ်ကတည်းကပါသလားတော့ ခွန်းလည်းမပြောတတ်ပါ။
သူမငယ်ငယ် အပင်တွေအရမ်းများမလာခင်တုန်းကတော့ မေမေခူးပြီးဘုရားကပ်တာမြင်ဖူးသည်။ထိုပန်းအနံ့ကိုတော့ခွန်းသိပ်မကြိုက်ပါ အရမ်းမွှေးလွန်းသည်လေ။နောက်ပိုင်းတော့ ဘယ်သူမှမခူးတော့ အပင်ကြီးရှိနေတာကိုပင် မေ့တေ့တေ့ဖြစ်နေကြပြီ။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now