အပိုင်း -- ၃၀

6K 601 50
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"အစ်ကိုကအိမ်ပြန်မှာ....လမင်းကိုတောင်ကြိုမပြောဘူး "

သူမနှင့် Batch မတူသောကြောင့် ပိတ်ရက်ရသည့်တစ်ပတ်ကို အစ်ကိုကအိမ်ပြန်မည်ဆိုတာ ယခုမှပြောလာသည်။

"အစကတော့ မပြန်ဘူးလို့လုပ်နေတာ....ဖေဖေတို့က အရေးကြီးကိစ္စရှိလို့ဆိုပြီး ပြန်လာခိုင်းတာ "

"အရေးကြီးကိစ္စ....ဘာကိစ္စလဲ "

"ဟင့်အင်း....အစ်ကိုလည်းမသိသေးဘူး "

သူမနေသည့်အိမ်ကို မကြာခဏအလည်ရောက်လာတတ်သည့်အစ်ကိုက ဒီတစ်ခါတော့ အိမ်ပြန်မည့်ကိစ္စကိုပြောရင်း လာနှုတ်ဆက်ပုံရသည်။

"လမင်းကရော ပြန်ဖို့အစီအစဥ်မရှိဘူးလား....entrance ဖြေဖို့က နှစ်ပတ်ကြီးများတောင်လိုသေးတယ်လေ "

"စာတွေပြန်နွှေးရဦးမယ်လေ...အချိန်ပိုင်းအလုပ်တွေလည်းရှိသေးတယ်....ပြီးတော့ ကိုယ်တိုင်လည်းပြန်ချင်စိတ်မရှိသေးလို့ "

"အိမ်ကိုရောဘာမှာချင်သေးလဲ "

အိမ်ဆိုသည့်အသံကြားမှ သူမကိုအဆက်အသွယ်မလုပ်တာ သုံးရက်မျှရှိပြီဖြစ်သော အစ်မကို သတိရမိသည်။မနေ့က ဦးဦးကို အစ်မအကြောင်းမသိမသာမေးမိတော့ ဒီရက်ပိုင်းအလုပ်ရှုပ်နေတာ ဟုသာအဖြေရ၏။

"မမှာတော့ပါဘူး....အဆက်အသွယ်ပြတ်နေတာမှမဟုတ်ဘဲ"

"အစ်ကိုမရှိတဲ့တစ်ပတ်ကျော်ကို စိတ်ချမယ်နော်....အာရုံနောက်စရာလူတွေ အနားကပ်လာရင် အစ်ကို့ကိုဖုန်းသာဆက်လိုက်....ချက်ချင်းပြန်လာခဲ့မယ် "

"သွားတောင်မသွားရသေးဘူး....ပြန်လာဖို့ရာကိုပြောနေတာ..... အန်တီမူယာသိရင်တော့ အရမ်းတွေစိတ်မကောင်းဖြစ်သွားတော့မှာပဲ"

ထိုစကားတို့အဆုံး နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ သဘောတကျရယ်မောလိုက်မိကြသည်။များသောအားဖြင့် အစ်ကိုနှင့်အတူရှိနေရသည့်အချိန်တွေမှာ သူမအတွက် စိတ်ပေါ့ပါးမှုကိုခံစားရစေ၏။

သူမကို လက်ပြနှုတ်ဆက်ထွက်ခွာသွားသည့် ကိုခေတ်သွေးမာန်၏ကျောပြင်ကိုကြည့်ရင်း entrance မတိုင်ခင်နှစ်ပတ်အတွင်းမှာ ဘာလုပ်ရမည်ဆိုတာ စဥ်းစားမိသွား၏။ထို့ကြောင့် အခန်းထဲကိုအပြေးသွားကာ စာကြည့်စားပွဲပေါ်တင်ထားသည့် ပြက္ခဒိန်လေးကိုကြည့်မိတော့ မင်နီဝိုင်းထားသောရက်စွဲလေးကနီးကပ်နေလေပြီ။
မကြာတော့သည့်အချိန်မှာ သူမနှင့်အစ်မ၏သုံးလပြည့် anni ဟာ နီးကပ်နေပြီဖြစ်သောကြောင့် အစ်မကိုပျော်ရွှင်ခြင်းတွေဖန်တီးပေးရန် သူမသတိရသွားရသည်။စိတ်ကူးထဲမှာပေါ်လာသည့်အတိုင်း ထိုနေ့ရက်ကလေးကိုကြိုတွေးမိတော့ ကြည်နူးခြင်းတွေဟာ ရင်ထဲမှာနှိုင်းဆမရစွာ အပြုံးတို့ကိုဖန်တီးပေးလာသည်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now