အပိုင်း -- ၁၂

6.7K 568 27
                                    

🍀🌹

𝙐𝙣𝙞𝙘𝙤𝙙𝙚

ဆိုင်မှာ ဝန်ထမ်းအသစ်တွေနေရာချရမည်ဖြစ်သောကြောင့် မမလင်းကိုမျှော်နေရတာ လည်ပင်းတောင်ညောင်းလာရပြီ။အခုချိန်ထိအရိပ်တောင်မမြင်ရသေး။

"ဝန်ထမ်းအသစ်တွေကို ဘယ်အချိန်ခေါ်ထားတာလဲကိုအောင်မျိုး။မမလင်းကလည်း အခုချိန်ထိမလာသေးဘူး "

သူမထိုင်နေသည့်ကောင်တာရှေ့မှ ဖြတ်လျှောက်လာသော ဆိုင်၏မန်နေဂျာကိုအောင်မျိုးအား လမင်းထိုင်ရာမှထကာမေးတော့ သူက လက်ကနာရီကိုတစ်ချက်ကြည့်၍ဖြေသည်။

"ရှစ်နာရီခွဲခေါ်ထားတာဆိုတော့ လိုပါသေးတယ်လမင်းရဲ့။ပြီးတော့ ဒီနေ့မလင်းမလာဘူးလေ။တစ်ပတ်လောက်နယ်ကဆိုင်ကိုသွားပြန် check မှာလို့ အစ်ကို့ကိုပြောခဲ့တာလမင်းကိုမပြောခဲ့ဘူးလား "

မမလင်းနယ်ပြန်သွားသည့်သတင်းက သူမကိုခေါင်းကိုက်သွားစေ၏။

"အဲ့ဒါဆို ဝန်ထမ်းတွေကိုဘယ်သူနေရာချမှာလဲ "

"ဆိုင်ရဲ့တာဝန်ခံကလမင်းလေ။လမင်းပဲလုပ်ရမှာပေါ့။အစ်ကို့ကို customer complain နဲ့ ပစ္စည်းစာရင်းတွေအတွက် သေချာတာဝန်ယူဖို့ပဲမှာခဲ့တာ။ကျန်တာတွေကို လမင်းပဲဦးဆောင်ခိုင်းလိုက်တဲ့လေ "

"အဲ့ဒါမှအေးတာပဲ "

စိတ်ပျက်သလို ကိုယ့်နှဖူးကိုယ်ရိုက်ကာ သူမညည်းညူတော့ ကိုအောင်မျိုးကရယ်သည်။

"လမင်းလုပ်နိုင်ပါတယ်။အစ်ကိုလည်းရှိနေတာပဲလေ ကူပေးမှာပါ။အခုတော့ ကားဂိတ်ခဏသွားလိုက်ဦးမယ်။ပစ္စည်းတွေစစ်ပြီးထုတ်ရမှာ "

"ဟုတ်ကဲ့ "

"သြော်....ပြီးတော့ ဝန်ထမ်းအသစ်ကနှစ်ယောက်တည်းရယ်။အရမ်းစိတ်ပူစရာမလိုဘူး uniform လေးပဲလဲခိုင်းလိုက် "

မှာစရာရှိတာမှာ၍ ဆိုင်ရှေ့မှာရပ်ထားသည့် ဆိုင်ကယ်တစ်စီးအားယူကာ အစ်ကိုအောင်မျိုးကတော့ကားဂိတ်သို့သွားလေပြီ။မမလင်းဆီဖုန်းခေါ်ဖို့တွေးမိပေမယ့် ဆိုင်ဖွင့်ချိန်ရောက်တော့မည်ဖြစ်သောကြောင့် မကြာခင်မှာ ဝန်ထမ်းတွေရောက်လာတော့မည်။
ထို့ကြောင့် လမင်း ကောင်တာပေါ်ချထားသော menu card လေးတွေအားယူကာ စားပွဲဝိုင်းတစ်ဝိုင်းချင်းစီပေါ်လိုက်ချလိုက်သည်။ခဏအကြာတွင်တော့ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက် ဆိုင်တံခါးဖွင့်ကာဝင်လာကြလေ၏။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now