Extra

10.5K 687 35
                                    

အုတ်ရေကန်ဘေးမှာခုံလေးချ၍ လက်ထဲမှာတော့ယပ်တောင်တစ်ချောင်းနှင့် ခွန်း မှာကမ္ဘာတွေပျက်နေပေမယ့် သူကတော့အေးအေးဆေးဆေးပင်။ကန်ထဲကရေကိုပလတ်စတစ်ပုံးနှင့်လာဆွဲလိုက် အပင်တွေကြားကိုဝင်သွားလိုက်နှင့် အလုပ်ရှုပ်နေ၏။

မနက်ခင်းစောစောစီးစီးမှာပင် နေစရာမရှိအောင်ပူလောင်နေသည့် ရာသီဥတုကိုပဲအပြစ်တင်ရမလား။ထိုအခြေအနေမှာပင် ခွန်းကိုပစ်ထားကာ သူ့အပင်တွေကိုသာဂရုစိုက်နေသည့် အနှီကလေးငယ်ကိုပဲ မကြည့်သမျှစိတ်တို့ပုံချရမလား ခွန်းဝေခွဲရခက်နေသည်။

"လမင်းထက်သာ "

"ဟင်...ပြောလေအစ်မ "

ကန်ထဲကရေကိုလာခပ်သောသူက ခွန်းခေါ်သံကြောင့် ရေပုံးကိုလက်ကကိုင်ဆွဲ၍ ခွန်းရှေ့မှာခြေစုံရပ်နေရှာသည်။

သို့ပေမယ့် ခွန်းဘာမှမပြောနိုင်သေး။လက်ထဲမှယပ်တောင်ကို လေးငါးချက်မျှခတ်၍ ပူလောင်မှုသက်သာအောင် အရင်လုပ်ရသေး၏။ထို့နောက် ထိုင်ရာမှထကာယပ်တောင်ကို ခုံပေါ်တင်ထားခဲ့ပြီး သူ့ဆီကိုလျှောက်လာမိသည်။

"အဲ့ဒီပုံးကိုခဏချထားစမ်းပါ။အစ်မစကားပြောချင်လို့ ရေတွေပါနေတာကြီးကိုဆွဲထားတော့ လက်တွေနာကုန်တော့မှာ "

"လေးတယ်အစ်မ..."

ပြောလည်းပြော သူ့လက်ထဲမှာရေပုံးအား ခွန်းဆွဲယူသည့်အခါတွင်တော့ နှစ်ယောက်ကြားမှာလက်ချော်ကာ ပုံးကမြေပြင်ပေါ်ပစ်ကာကျ၏။

"ဗွမ်း...."

"ဟာ....အစ်မ"

ထိုအာမေဋိတ်သံကတော့ လမင်းထက်သာဆီမှအသံပင်။ပုံးထဲကရေတွေ မှောက်ကျသောကြောင့် ခြေထောက်တစ်ခုလုံးစိုရွှဲသွားသည့်အပြင်၊စင်လာသမျှရေတွေမှာ မြေပြင်ကသဲနှင့်ရော၍ ဗွက်အဖြစ် ခွန်းခြေသလုံးထက်ထိပေပွနေသည်ကိုပင် သူမြင်မည်မထင်။
သူ့ပုံးကွဲသွားသောကြောင့် နှမြောတသစွာထိုင်၍ ကောက်ယူကြည့်နေလေ၏။ခွန်း၏မကြည်နေသမျှစိတ်တို့ဟာ ထိုအခြင်းအရာကြောင့်ပင် သူ့အပေါ်ကိုပုံကျရလေပြီ။

"တော်တော်ကိုနှမြောနေတာပေါ့လေ ဟုတ်လား။ကိုယ့်ချစ်သူကိုကျတော့ ဘာဖြစ်နေသလဲတစ်ချက်မကြည့်ဘူး။အဲ့ဒီပုံးကို တော်တော်နှမြောနေတာလား။မင်းဘာသာမင်း အဲ့ဒီပုံးနဲ့နေခဲ့ အခန်းထဲလုံးဝဝင်မလာနဲ့ "

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now