အပိုင်း -- ၄၁

7K 591 14
                                    

Unicode

ပါးပြင်ထက်မှ ရွေ့လျားနေသောအထိအတွေ့ကြောင့် လမင်း မျက်လုံးတို့ကိုအားယူဖွင့်ကြည့်လိုက်မိသည်။သို့ပေမယ့် အမြင်အာရုံတို့ဟာ မသဲကွဲ။မျက်လုံးထောင့်မှာဝေဝါးစွာမြင်လိုက်ရသော အပြုံးတစ်ခုကြောင့် အလန့်တကြားပင် အားယူကာရုန်းထလိုက်မိသည်။

"အ "

"ဖြည်းဖြည်းလမင်း ခေါင်းမူးသွားမယ် "

ရုတ်တရက်ထမိ၍ မူးဝေသွားသောခေါင်းကြောင့် ကုတင်ကိုမှီထိုင်ကာ ခေတ္တမျှငြိမ်သက်လိုက်မိပေမယ့် ကြားလိုက်ရသောအသံကြောင့် အလန့်တကြားပင် ဝေဝါးနေသောအမြင်အာရုံတို့ကို တစ်ဖန်အားစိုက်၍ကြည့်လိုက်မိတော့ ကုတင်အစွန်းမှာ လမင်းကိုပြုံးကြည့်နေသောလူကြောင့် သွေးတို့ဆောင့်တိုးသွားသလိုပင် ခံစားလိုက်ရသည်။

"ကိုခေတ်သွေးမာန် "

"အစ်ကို့ကိုတော့မှတ်မိသေးသားပဲ "

အခန်းကိုမျက်လုံးဝေ့ကာကြည့်မိတော့ လမင်းအခန်းမဟုတ်ပေ။တစ်ဆက်တည်းမှာပင် လက်ကိုင်ပဝါကိုင်ထားသောလက်တစ်ဖက်ကိုသတိရမိသည်။

"လက်ကိုင်ပဝါကိုင်ထားတဲ့လက် အဲ့ဒါရှင်မလား...ရှင်...ရှင် ကျွန်မကိုဘယ်ခေါ်လာတာလဲ "

ထိတ်လန့်လာသောစိတ်တို့ကြောင့် ကုတင်ပေါ်မှဆင်းလိုက်မိသည်။သောက်လာခဲ့မိသောဘီယာနှစ်ခွက်ကို ယခုအချိန်မှလမင်းကျိန်ဆဲမိတော့သည်။
ယိုင်နဲ့သွားသောခြေလှမ်းတို့ကြောင့် နံရံကိုအားပြုကာရပ်လိုက်ရ၏။အနားကိုရောက်လာပြီဖြစ်သောထိုလူ့ကြောင့် အမြန်ပင် နံရံကိုကျောကပ်၍ လမင်းစူးရဲစွာကြည့်လိုက်ပြီး

"ရှင်ကျွန်မကိုဘာလုပ်လိုက်တာလဲ။ဘာကိစ္စဒီကိုခေါ်လာတာလဲ "

"ဘာလို့ရှင်တွေ၊ကျွန်မတွေဖြစ်နေရတာလဲလမင်းရယ်။အစ်ကိုလို့ပဲခေါ်ပါ လမင်းရဲ့အစ်ကိုလေ "

"ဘာလုပ်လိုက်တာလဲဆိုတာကိုသာ ဖြေစမ်းပါ "

"အစ်ကိုဘာမှမလုပ်ရသေးပါဘူး။လမင်းကိုအဆုံးရှုံးမခံနိုင်လို့ခိုးပြေးလာတာ "

ထပ်မံ၍ကြုံလာရပြန်ပြီ။ဒီတစ်ခါတွင်တော့ လမင်းငြိမ်မခံလို။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now