Chapter(76+77)

940 134 9
                                    

#Unicode#

အခန်း(၇၆) ခံနိုင်ရည်အားစမ်းသပ်ခြင်း

ချီချန်းက ဝူရှောင်းဝေကိုလည်ပင်းကနေဆွဲလိုက်ရင်း လှုပ်ရှားမှုရပ်တန့်စေသည်။ ခဏတာလှုပ်ရှားရုန်းကန်နေပြီးနောက် စွမ်းအင်တစ်ချို့က ဝူရှောင်းဝေအား ချီချန်း၏ရင်ဘတ်ကိုထပ်မံတိုက်ခိုက်အောင်ပြုလုပ်စေသည်။

"ငါအခုစိတ်အခြေအနေမကောင်းဘူး။ ဒီညအိမ်ပြန်ပြီးအနားယူလိုက်၊ မနက်ဖြန်မနက်ကျမှ ငါမင်းကိုမနက်စာလာပို့ပေးမယ်။"

ဝူရှောင်းဝေဟာဝမ်းနည်းပူဆွေးနေဆဲဖြစ်ပြီး တရစပ်တတွတ်တွတ်ရေရွတ်နေဆဲပင်။
"ငါ့ခေါင်းက အမာကျောဆုံးအပိုင်းပဲ။ မင်းကဆေးထည့်ပေးလိုက်လို့၊ သူ့ရဲ့ခံနိုင်စွမ်းရည်ကိုပါ တစ်ပါတည်းလွင့်ပြယ်သွားစေတာ.."

ချီချန်း ဝူရှောင်းဝေ၏ခေါင်းကိုကိုင်ကာမေးလိုက်သည်။
"နာလို့လား။"

"ဟမ်၊ စိတ်အခြေအနေမကောင်းဘူးလို့မင်းပြောခဲ့တယ်လေ၊ ဘာလို့လဲ။"
ဝူရှောင်းဝေလက်တွေ့ကိုပြန်ရောက်လာပြီဖြစ်သည်။

ချီချန်းအိပ်ယာပေါ်ကဆင်းလိုက်ကာ ဝူရှောင်းဝေကိုလက်မောင်းကြားထဲညှပ်ပြီး အပြင်ကိုဆွဲထုတ်လိုက်သည်။ ဝူရှောင်းဝေကလဲ မရုန်းကန်ပဲ သူ့ကိုချီချန်းအပြင်ဆွဲထုတ်ခွင့်ပေးထားလိုက်သည်။ ထို့နောက် သူတံခါးကိုပိတ်ချလိုက်တော့ တစ်ယောက်ကအထဲမှာဖြစ်ပြီး တစ်ယောက်ကအပြင်မှာဖြစ်သည်။ တစ်နာရီကြာပြီးနောက် ချီချန်းတံခါးဖွင့်လာတော့ ဝူရှောင်းဝေတစ်ယောက်အပြင်မှာမတ်တပ်ရပ်နေဆဲဖြစ်တာကြောင့် သူအထဲကိုဆွဲခေါ်လိုက်လေသည်။

"ဒီနေ့ကသူမွေးနေ့ပဲ။"
ချီချန်းစီးကရက်မီးညှိလိုက်သည်။
"သူရှောင်ချူပေါင်ကို ငါ့ဆီပေးခဲ့တုန်းက လက်ဖဝါးသာသာလောက်လေးပဲရှိသေးတာ။ ၆နှစ်ကြာပြီးတဲ့နောက်မှာ အခုရှောင်ချူပေါင်ဘယ်လိုပုံစံဖြစ်နေလဲဆိုတာကို သူတွေးတောင်မတွေးကြည့်မိလောက်ဘူးလို့ငါထင်တယ်။ အတိတ်မှာတုန်းက ငါမြွေတွေကိုသိပ်မကြိုက်ဘူး။ ဒါပေမယ့်နှစ်အနည်းငယ်လောက် ငါသူနဲ့အချိန်ဖြုန်းပြီးနောက်မှာ ငါသူတို့အပေါ်စိတ်ဝင်စားမှုကြီးထွားလာတယ်။"

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Where stories live. Discover now