Chapter_3 (The little doctor in the clinic)

2K 315 7
                                    

#Unicode

အခန်း(၃) ဆေးခန်းက ဆရာဝန်ငယ်လေး

ဝူချီချုန်းနိုးလာတဲ့အချိန်မှာ သူက ဆေးခန်းကို ရောက်နေတာ သိလိုက်ရသည်။ သူ့ရဲ့ဘေးမှာ ဇာဂနာအသေးစားနဲ့ ကတ်ကြေးကို ပိုးသတ်နေတဲ့ ဆရာဝန်တစ်ယောက်လဲ ရှိသည်။
အိပ်ယာပေါ်က လှုပ်ရှားနေတဲ့ အသံကို ကြားလိုက်ရတဲ့ ကျန်းရှောင်ရွှိုင်ကဝူချီချုန်းဘက်ကို လှည့်ပြီး နူးနူးညံ့ညံ့ပြုံးပြလိုက်သည်။ သူ့ရဲ့ ဖြူဖွေးပြီး သေးငယ်တဲ့ သွားလေးတွေဟာလဲ ပုလဲလုံးလေးတွေ စီတန်းထားသလိုပင်။

"နိုးလာပြီလား"

ဝူချီချုန်းသိလိုက်တာက ဆရာဝန်သည် ယောကျ်ားဆန်ဆန် ချောမောတဲ့သူဖြစ်တာကိုပင်။

"ဘယ်သူက ကျွန်တော့်ကို ဒီကို ပို့ခဲ့တာလဲ"

ကျန်းရှောင်ရွှိုင်က ပစ္စည်းတွေကို အဝေးကို ရွှေ့လိုက်ပြီးနောက် သူကပြောသည်။
"မင်းရဲ့ ကောင်မလေးက လူနှစ်ယောက်ကို ငှားပြီးတော့ မင်းကို ဒီကိုခေါ်လာတယ် ပြီးတော့ သူမက ပြောသေးတယ် မင်းကို စျေးအပေါဆုံးဆေးနဲ့ ကုသပေးလိုက်ပါတဲ့ ကုန်ကျစရိတ်ကိုလဲ မင်းပဲ ပေးမှာပါတဲ့"

ဝူချီချုန်းက ခပ်ဟဟ ရယ်သည်။
"သူမက ကျွန်တော့်ကို ကောင်းကောင်းသိတာပဲ"

ကျန်းရှောင်ရွှိုင်ရဲ့ ချောမောတဲ့ မျက်နှာက တစ်ခဏလောက် အမူအရာမဲ့သွားပြီး နှုတ်ခမ်းကလဲ အဓိပ္ပါယ်မသိနိုင်တဲ့ အပြုံးကို ပြုံးထားသည်။
သူက ဝူချီချုန်းဆီ လျှောက်လာပြီးတော့ ရေတစ်ခွက် ကမ်းပေးသည်။
"ဆေးအရင် သောက်လိုက်အုံး"

ဆေးသောက်ပြီးတဲ့နောက်မှာ ဝူချီချုန်းက မေးလိုက်သည်။
"ကျွန်တော့် ကောင်မလေး ဘယ်မှာလဲ"

"သူမ သွားတာကြာလှပြီ။ မင်းရဲ့ခေါင်းက ဒဏ်ရာကိုဆေးထည့်ပြီးတော့ ၃နာရီ ၄နာရီလောက် ကြာအောင် စောင့်သေးတယ်...ဟေး...ငါပြောချင်တာက...မင်းရဲ့ခေါင်းကို ဘာလုပ်ခဲ့တာလဲ"

"အုတ်ခဲနဲ့ ထုခဲ့တာ" ဝူချီချုန်းက ဂုဏ်ယူစွာဖြင့်ပြောသည်။

"ရန်ဖြစ်ခဲ့တာလား"

"ကျွန်တော့်ကောင်မလေးက ကျွန်တော်နဲ့ လမ်းခွဲချင်တယ်လေ...ကျွန်တော်က သူမကို ကျွန်တော့်ရဲ့ အချစ်ကို သရုပ်ဖော်ပုံကို မြင်စေချင်ရုံပါ"

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Where stories live. Discover now