Chapter_24 (Honest People)

971 174 2
                                    

#Unicode

အခန်း(၂၄) ရိုးသားသောလူ

ဝူရှောင်းဝေက ချီချန်းရဲ့ တွန်းအားပေးမှုကြောင့် မြို့တော်စီမံခန့်ခွဲရေးဌာနကို ရောက်လာခဲ့ရသည်။

ဝူရှောင်းဝေက နှာခေါင်းစည်းကို ချွတ်လိုက်တဲ့အခါမှာတော့ ချီချန်းက ဝူရှောင်းဝေရဲ့ မျက်နှာတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တောက်ပတဲ့ မျက်လုံးတစ်စုံအပါအဝင် ကျန်တဲ့မျက်နှာ အစိတ်အပိုင်းတွေကိုပါ တွက်ကြည့်လိုက်ရင် တည်​ငြိမ်ပြီး ချောမောတဲ့ လူတစ်ယောက်နဲ့ တူသည်။

ဝူရှောင်းဝေရဲ့ လှပတဲ့ မျက်လုံးတစ်စုံက သူ့ကို ကြည့်ရတာ မငြီးငွေ့စေပေ။

ချီချန်း ဖောင်စာရွက်ကို ကောက်ကိုင်လိုက်သည်။

"နာမည်?"

"ဝူရှောင်းဝေ"

ကိစ္စမရှိဘူး? ချီချန်း မျက်လုံးမှေးပြီးတော့ ဝူရှောင်းဝေကို ကြည့်လိုက်သည်။ ဒီလူက သူ့ရုံးကို လာဖို့ သတ္တိရှိတယ်။ ဒီလို စကားကို ပြောရဲတယ်တဲ့လား?

[ဝူရှောင်းဝေက ကိစ္စမရှိဘူးလို့ အဓိပ္ပါယ်ရတဲ့ ပုကျောင်းဝေနဲ့ ဆင်တူလို့ပါ]

"လိင်?.."

ချီချန်းရဲ့ စကားလုံးတွေက မပြတ်မသားဖြစ်နေပြီး ချီချန်းက အသံနိမ့်နိမ့်နဲ့ ပြောလိုက်တာကြောင့် ဝူရှောင်းဝေကလဲ သူ့နာမည်ကို ထပ်မေးတယ်လို့ ထင်လိုက်သည်။ ဒါကြောင့် သူက စိတ်မရှည်စွာ ချက်ချင်း ပြန်ဖြေသည်။

"ဝူရှောင်းဝေ"

ဝူရှောင်းဝေ တွေဝေနေချိန်မှာ ချီချန်းက ဝူရှောင်းဝေကို ရယ်လိုက်သည်။
"လိင်က ကိစ္စမရှိဘူးတဲ့လား?"

ချီချန်း ကတ်ကြေးတစ်လက်ကို ထုတ်လိုက်ပြီးတော့ လက်ချောင်းတွေနဲ့ ကတ်ကြေးကို ကစားနေသည်။
"တကယ်လို့ လိင်က မင်းအတွက် အရေးမကြီးဆိုရင် မင်းဆီကနေ ငါဖြတ်ထုတ်ပေးလိုက်တာက ပိုကောင်းမယ်ထင်တယ်..နောက်တစ်ခါ မင်းဒီလို ထပ်ပြောရင် ငါနည်းနည်းလောက် ညှိ..."

ဝူရှောင်းဝေက ခြေထောက်ကို ချက်ချင်းစိလိုက်ပြီးတော့ ID Cardကို ထုတ်လိုက်ပြီး သူ့ကို ပေးလိုက်သည်။

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Where stories live. Discover now