Chapter(121+122)

516 52 6
                                    

အခန်း(၁၂၁) ပြဿနာများကိုဖယ်ရှားခြင်း။

...

နှစ်ယောက်သားတစ်ဖန်တိတ်ဆိတ်သွားပြန်ကာ ထို့နောက်ဝူရှောင်းဝေကပြောလာသည်။

"ဒီတော့ မင်းပြောသလိုဆိုရင် မင်းက ကောင်းချန်းယွီကချီချန်းရဲ့အာရုံစိုက်ခံရအောင်သုံးတဲ့အကူပစ္စည်းသပ်သပ်ပဲပေါ့။ ဒါပေမဲ့ချီချန်းကငါနဲ့တွဲနေတော့ ကောင်းချန်းယွီရဲ့လူနဲ့သွားရှုပ်မှာမဟုတ်ဘူး၊ ဆိုတော့မင်းမှာဘာတန်ဖိုးမှမရှိတော့ဘူးလေ၊ သူမင်းကိုစွန့်ပစ်လိုက်သင့်တာကြာပြီ! ဒါပေမဲ့အခုအခြေအနေကိုကြည့်ရတာတော့ သူကမင်းကိုမစွန့်ပစ်ရုံတင်မကဘူး၊ အခုဆိုရင်မင်းကိုသူ့ဘေးမှာထားဖို့ကြိုးစားနေတာ ဒါကိုရောမင်းဘယ်လိုရှင်းပြမလဲ။"

အခုဝူရှောင်းဝေဒါကိုပြောလာတော့ ရှောင်ရွှိုင်ဟာလည်းအဓိပ္ပါယ်ရှိသည်ဟုခံစားမိကာ ရုတ်တရက်ပြောစရာစကားမဲ့သွားသည်။

"ချီချန်းငါ့ကိုမနှောင့်ယှက်တော့တာက ငါကကောင်းချန်းယွီနဲ့တကယ်တွဲမနေဘူးလို့သူကထင်နေတာဖြစ်မယ်။ ငါတို့ဆက်ဆံရေးကိုရှင်းလင်းအောင်လုပ်ပြီးတာနဲ့ ချီချန်းကငါ့ကိုလွှတ်ပေးမယ်လို့သေချာကြီးမပြောနိုင်ဘူးဟ။"

ဝူရှောင်းဝေနှာမှုတ်လိုက်သည်။
"ဒါဆိုမင်းပြောနေတာက ကောင်းချန်းယွီမင်းကိုရသွားတာနဲ့ ချီချန်းကမင်းကိုထပ်နှောင့်ယှက်ဖို့ပြန်သွားမယ်ပေါ့။"

ရှောင်ရွှိုင်ကအရှက်မဲ့စွာရယ်လိုက်သည်။
"အခုမင်းစိုးရိမ်နေပြီ! မင်းစိုးရိမ်နေပြီပဲ!"

"ဘယ်သူကစိုးရိမ်နေလို့လဲ။" ဝူရှောင်းဝေမျက်နှာထားတောင့်ခဲသွားသည်။
"မင်းကကောင်းချန်းယွီတိုက်ပွဲစဆင်နွှဲအောင်လုပ်နေရုံပဲ။ ဒီတော့ချီချန်းကငါ့ဘေးကနေခွာသွားပြီး ငါတို့လည်းကောင်းကောင်းကြီးအနားယူနိုင်ပြီလေ။"

ရှောင်ရွှိုင်လှောင်ပြုံးပြုံးကာ ရယ်မောပြီးနောက်တွေးမိသည်၊ သူတစ်ခုခုမှားနေတယ်လို့ထင်နေတုန်းပဲ။

"ဟေ့၊ ရှောင်းဝေ၊ မင်းတို့သုံး​ယောက်ကြားကအရာက နည်းနည်းထူးဆန်းတယ်မထင်ဘူးလား။"

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Dove le storie prendono vita. Scoprilo ora