Chapter_2 (Come on! Someone Commited Suicide)

2.2K 329 4
                                    

#Unicode

အခန်း(၂) လာကြပါအုံး...ဒီမှာ..တစ်ယောက်ယောက် သတ်သေဖို့ လုပ်နေလို့..

ယွဲ့ယွဲ့က နှုတ်သီးတော်တော်ကောင်းသည်။ တစ်ဖက်သားကို နာကျင်အောင် ဘယ်လို ပြောရမလဲဆိုတာ ကောင်းကောင်းသိသည်။ ဝူချီချုန်း သူမရဲ့ ဒီလိုပုံစံကို အရင်ကတည်းက မြင်ခဲ့ရတာဖြစ်သည်။
ဝူချီချုန်းက ကုန်းပြီး အောက်မှာကျနေတဲ့ သူမအိတ်ကို ပြန်ကောက်ပေးပြီး သူမဆီကို ပြုံးပြီး ပြန်ပေးသည်။

"မင်း ငါ့ရဲ့ ဒီပုံစံကို မကြိုက်ဘူးဆိုရင် ငါဝိတ်ချလို့ရပါတယ်"

"အချိန်ဖြုန်းမနေပါနဲ့တော့...10 kilogramလောက် ကျရုံက ဘာမှ ဖြစ်လာမှာမဟုတ်ဘူး နင် ဝိတ်ချလို့ရရင်တောင်မှ နင့်ရဲ့ကပ်စေးနှဲတဲ့ အကျင့်က ဖျောက်လို့ရမှာ မဟုတ်ဘူး နင်နဲ့ ရှော့ပင်းထွက်တိုင်းမှာ စျေးလျှော့ထားတဲ့ ဟာတွေကိုပဲ ဝယ်ရတယ် supermarketကို သွားတဲ့အချိန်မှာလဲ နင်က စျေးပေါတာတွေကို ရှာနေတုန်းပဲ အခန်းငှားရင်တောင်မှာ အဲကွန်းမပါတဲ့ အခန်းကိုပဲ ငှားတယ် ငါ့သူငယ်ချင်းတွေက ငါ့ထက်ပိုပြီး အဆင်ပြေနေကြတယ် သူတို့မှာ ကိုယ်ပိုင်ကားရှိပေမယ့် ငါကတော့ ဘတ်စ်ကားနဲ့ ရထားကို တိုးစီးနေရတုန်းပဲ.."

ဝူချီချုန်းကတော့ ချော့ပြီး ပြောသည်။
"ပေကျင်းက ကားလမ်းအရမ်းပိတ်တယ်.. ဆီစျေးနှုန်းကလဲ အရမ်းမြင့်တယ်...ကားမောင်းတာက..မကောင်းပါဘူး"

ယွဲ့ယွဲ့ ဒေါသမထွက်တော့ဘူး ။

"ဟုတ်တယ်..နင်က တစ်လကို လစာက2000ကျော်လောက်ပဲ ရတယ် ပေကျင်းမှာက စျေးအရမ်းကြီးတယ်...အဲ့တော့ နင်က ကောင်မလေးတစ်ယောက်အတွက် ကုန်ကျစရိတ်တွေကို တတ်နိုင်မှာ မဟုတ်ဘူး...အဲ့တော့ နင့်ရဲ့ ပိုက်ဆံတွေကို ခြွေတာဖို့ ငါတို့ ပြတ်ကြတာပေါ့"

"ငါ..."

ဝူချီချုန်းက အသံကို နှိိမ့်ပြီး မေးသည်။

"တကယ်လို့...ငါ့ရဲ့ပိုက်ဆံတွေကို မင်းဖြုန်းရင်တောင် ငါက ဂရုမစိုက်ဘူးဆိုရင်ရော"

"ဟုတ်သားပဲ...အဲ့ဒါက..၂၀၀၀ယွမ်လေးပဲလေ အဲ့လောက်ဆင်းရဲမွဲတေနေတာ ဘယ်မှာရှိလို့လဲ တကယ်လို့ နင်က ပြင်းပြင်းထန်ထန် အလုပ်လုပ်ရင်တောင် သူများတွေ ဟောက်နေသလောက်ပဲရှိမယ် မနက်၉နာရီကနေ ညနေ၅နာရီထိ အလုပ်လုပ်နေကြတဲ့ တက္ကသိုလ်ဘွဲ့ရတွေတောင်မှ အထက်တန်းမအောင်တဲ့ ကောလိပ်ကျောင်းသားလောက်တောင် မတော်ကြဘူး..အခု ခေတ်စားနေတာက BMWကားလေ...အဲ့ကားကို မောင်းဖို့ နင်မတတ်နိုင်ဘူး...အနည်းဆုံးတော့ နင် Passatမောင်းနိုင်ဖို့ လိုတယ်"

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Where stories live. Discover now