Chapter_18 (A Millet Porridge)

913 164 1
                                    

#Unicode

အခန်း(၁၈) ဆန်ပြုတ်တစ်အိုး

ပထမအကြိမ် သူရောင်းဖို့ စတင်လိုက်သည်။ စိတ်လှုပ်ရှားမှုက သူ့ရဲ့နှလုံးသားလေးထဲ ရောက်အောင် ခံစားရသည်။ မနက်စောစောစီးစီးဖြစ်တာကြောင့် မှောင်နေတုန်းပင်။ သူက လမ်းမပေါ်က ကျိုးပဲ့နေတဲ့ သုံးဘီးစက်ဘီးကို ယူလို​က်သည်။ ကားက ဆန်အိတ်တစ်ဝက်ထက်နည်းတဲ့ တိုင်ကီတစ်ဝက်လောက်မြင့်တဲ့ ဆန်ပြုတ်အိုးကြီးကို သယ်လာသည်။ သူက ကော်ရည်ဘူးကိုလဲ ဖွက်ထားသေးသည်။ ပျစ်နေတဲ့ ဆန်ပြုတ်တွေက ပုံးထဲမှာ ကားလှုပ်ရှားတဲ့အတိုင်း ယိမ်းယိုင်နေသည်။ ဝူရှောင်းဝေရဲ့ နှလုံးသားလေးက စျေးရောင်းချခြင်းရဲ့ အလှအပကို ခံစားနေသည်။

လူတွေရဲ့ ချုပ်ကိုင်ခြယ်လှယ်တာကိုလဲ ခံစရာမလိုတော့ပေ။ အခြားလူတွေအတွက်လဲ ကြိုးကြိုးစားစားအလုပ်လုပ်စရာ မလိုတော့ပေ။ ဒီနေ့ကစပြီး ငါက ဆန်ပြုတ်ရောင်းနေပြီ။ ဒီဆန်ပြုတ်က ငါ့ရဲ့ကိုယ်ပိုင်အလုပ်ဝင်ငွေ ဖြစ်တယ်။ နည်းနည်းပဲ ရောင်းရပါစေ၊ များများပဲ ရောင်းရပါစေ၊ ငါကတော့ အားအင်ကုန်ခမ်းတဲ့အထိ အလုပ်ကို ပိုလုပ်နေမှာ ဖြစ်တယ်။

"ဆန်ပြုတ်ဗျို့..!"

ဝူရှောင်းဝေ လူသူကင်းမဲ့နေတဲ့ လမ်းထဲမှာ အသံသြသြကြီးနဲ့ ကြွေးကြော်လိုက်သည်။ သူ့ရဲ့နှလုံးသားလေးကတော့ ထူးထူးခြားခြား ပျော်ရွှင်နေသည်။

၂မိုင်လောက် ရှာပြီးတဲ့နောက်မှာတော့ သူက ရောင်းရမယ့် နေရာကို ရှာတွေ့သွားပြီ ဖြစ်သည်။ မနက်စာကို စောနိုင်သလောက် စောစောရောင်းနေကြတဲ့ စျေးသည်အများအပြားရှိသည်။ ဒါပေမယ့် သူတို့အားလုံး ရောင်းကြတာကတော့ ပန်ကိတ်တွေ၊ ဥတွေနဲ့ ပေါင်မုန့်ခြောက်တွေပဲ ဖြစ်ကြသည်။ သူတို့ကတွေက ဆန်ပြုတ်မရောင်းကြပေ။ နောက်တော့ သူက ရပ်လိုက်ပြီး ရောင်းဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုက်သည်။ သူက အဖုံးကို ဖွင့်လိုက်ချိန်မှာပဲ သူ့ရှေ့မှာရပ်နေပြီး သူ့ကို ကြည့်နေတဲ့ အမေကြီးတစ်ယောက်ကို တွေ့သည်။

"ဆန်ပြုတ် လိုချင်လို့လား"
ဝူရှောင်းဝေက မေးသည်။

"နင်က ငါ့နေရာကို ယူထားတယ်"
အဒေါ်ကြီးက စိတ်ဆိုးဆိုးနဲ့ ပြောသည်။

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Where stories live. Discover now