#Unicode
အခန်း(၂၅) ကိုယ်ထိလက်ရောက်စော်ကားတဲ့ ဆရာဝန်
ဆေးခန်းရဲ့ ကြမ်းပြင်က သန့်ရှင်းပြီးသား ဖြစ်နေသည်။ သန့်စင်နေတဲ့ ကြမ်းပြင်ပေါ်မှာတော့ ဖိတ်ခေါ်ခြင်းမခံထားရတဲ့ ဖိနပ်တစ်စုံရှိနေသည်။ ကျန်းရှောင်ရွှိုင်က မတ်မတ်ရပ်ကာ ကောင်းချန်ယွီကို အေးစက်စက် ကြည့်လိုက်သည်။ ဒါက သူ့ရဲ့ ပထမဆုံး နှောင့်ယှက်တာ မဟုတ်ပေ။
ဝူရှောင်းဝေကို ဒီမှာ မတော်တဆ ဖမ်းမိတဲ့နေ့ကတည်းက ကျန်းရှောင်ရွှိုင်က စကားအနည်းငယ် ပြောခဲ့သည်။ ကောင်းချန်ယွီက ကျန်းရှောင်ရွှိုင်ကို စိတ်ဝင်စားနေသည်။ သူက ဆေးခန်းကို နေ့တိုင်းနီးပါးလာပြီးတော့ လာတိုင်းလဲ လူနာတစ်ယောက်အနေနဲ့ ဆွေးနွေးအကြုံပြုချက်ကို သူ့ဆီက ရယူသည်။ သူက ဒီကိုလာဖို့ဆို ဘယ်တော့မှ မပင်ပန်းပေ။
"ဒေါက်တာကျန်း..ကိုယ့် အရမ်းနေမကောင်း ဖြစ်နေသလိုပဲ"
ကျန်းရှောင်ရွှိုင်က ကောင်းချန်ယွီကို မကြည့်ပေ။ သူက ကြမ်းတိုက်တံကို ယူလိုက်ပြီးတော့ ကောင်းချန်ယွီကို ကြမ်းပြင်ပေါ်ကို လှဲချလိုက်သည်။ကောင်းချန်ယွီရဲ့ ခပ်မှေးမှေး မျက်လုံးတစ်စုံက ကျန်းရှောင်ရွှိုင်ကို ကြည့်နေသည်။ သူ့မျက်လုံးထဲက သွေးတွေက ဆွဲထုတ်ခံလိုက်ရပြီးတော့ ကြိုးအဖြစ် ပြောင်းသွားသည်။ ချောမောတဲ့ ဒေါက်တာသေးသေးလေးက ကြိုးချည်လိုက်ပြီးတော့ ကားထဲကို ထည့်လိုက်သည်။ သူအဲ့ဒါကို စဥ်းစားမိချိန်မှာ သူက ဒေါက်တာရဲ့လက်ကို မကိုင်လိုက်ရပေ။ ကောင်းချန်ယွီက ကျန်းရှောင်ရွှိုင်ရဲ့ ခါးကို ဆွဲလိုက်တော့ နှစ်ယောက်လုံးက ပူးကပ်သွားသည်။
"ဒေါက်တာကျန်း..မင်းရဲ့အကျီကို ဘာနဲ့လျှော်တာလဲ..အနံ့လေးက မွှေးနေတာပဲ"
ကျန်းရှောင်ရွှိုင် သူ့မျက်နှာကို ထုတ်ဖော်ပြလိုက်သည်။ ဓားသွားလို ချွန်မြနေတဲ့ မျက်လုံးတစ်စုံက ကောင်းချန်ယွီရဲ့ ပါးစပ်ကို ကြည့်လိုက်ပြီးတော့ သူက လက်သီးနဲ့ထိုးလိုက်သည်။ ကောင်းချန်ယွီက လက်သီးကို ဖမ်းဖို့ လွယ်ပေမယ့် သူက မရှောင်ခဲ့ပေ။ သူက လျှာကို ထုတ်လိုက်ပြီးတော့ ကျန်းရှောင်ရွှိုင်ထိုးခဲ့တဲ့ နေရာကို လျှာနဲ့ လျက်လိုက်သည်။
YOU ARE READING
တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1]
RomanceOriginal Author_ Chai Jidan Book-1 (1~150) "ငါနင့်ကိုထားသွားတုန်းက ငါကရုပ်ဝါဒီသမားဖြစ်လို့မဟုတ်ပါဘူး။" "ငါသိတယ်။" "သူကငါ့ကိုမချစ်ဘူး။ ငါသူနဲ့ပြတ်ဆဲပြီးသွားပြီ။" "ငါသိတယ်။" "နင်သိနေခဲ့တယ်လား? နင်ငါ့ကိုအရမ်းစိုးရိမ်နေသေးတယ်ဆိုတာငါမသိခဲ့..." "ငါသိတာကဘာ...