#Unicode
အခန်း(၄) ငါမင်းအတွက် သေပေးနိုင်တယ်
လွန်ခဲ့တဲ့၂လအတွင်းမှာ ဝူချီချုန်းက ယွဲ့ယွဲ့ကို သူနဲ့တွေ့ဖို့ ခဏခဏပြောခဲ့ပေမယ့် သူမက ငြင်းဆိုခဲ့သည်။ သူမပြောတာက
"နင် လုံးဝ နေပြန်ကောင်းမှ တွေ့လည်း အဆင်ပြေပါတယ် နင်အခု ပြန်ကောင်းအောင် အချိန်ယူလိုက်အုံး"ယွဲ့ကို မြန်မြန်တွေ့နိုင်ဖို့အတွက် ဝူချီချုန်းက ဆေးကုသမှုကို အားတက်သရော ပူးပေါင်းပါဝင်ခဲ့သည်။ အသားတွေကို မစားသလို အနာ ကောင်းကောင်းမကျက်မှာ ကြောက်တဲ့အတွက် သူက ဖုန်းတောင် မသုံးပေ။ နောက်ဆုံးမှာတော့ ဒီ၂လကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ခဲ့သည်။
ဝူချီချုန်း လုံးဝ ပြန်ကောင်းသွားသည်ကို သူမသိတော့မှ သူမက သူနဲ့တွေ့ဖို့ ကတိပေးခဲ့သည်။
ဒီအချိန်မှာတော့ ပန်းခြံဝင်ပေါက်မှာလဲ မဟုတ်သလို ပန်းခြံရဲ့ ကန်ဘေးမှာလဲ အုတ်ခဲတစ်ခုမှ မရှိပေ။
ဝူချီချုန်းက ကန်ဘေးမှ ပါးစပ်ကနေ လေတွေမှုတ်ထုတ်ရင်းနဲ့ ရပ်စောင့်နေသည်။ အရင်ကထက်စာရင် သူက သန့်ရှင်းလာပြီး ပိုပြီးရည်မွန်တဲ့ပုံ ပေါက်လာသည်။ သူက သူ့အတွက် ယွဲ့ယွဲ့ဝယ်ပေးထားတဲ့ တီရှပ်လေးကို ဝတ်လာသည်။ အဲ့ဒီ့တီရှပ်က သူ ဒုတိယနှစ်ကောလိပ်ကျောင်းသားဖြစ်ခဲ့စဥ်က သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ယွဲ့ယွဲ့က ဝယ်ပေးခဲ့တာဖြစ်သည်။ နောက်ပိုင်းမှာတော့ သူက ဝလာတဲ့အတွက် တီရှပ်ကို ဝတ်လို့မရနိုင်တော့ပေ။ မနေ့က သူအဲ့တီရှပ်ကို ပြန်ရှာပြီး ဝတ်ကြည့်လိုက်တော့ သူနဲ့ကွက်တိပဲဖြစ်နေသည်။ သူ တီရှပ်ကို နောက်တစ်ကြိမ် ပြန်ဝတ်နိုင်ခဲ့ပြီ။
ယွဲ့ယွဲ့ရဲ့ ဖြူဖွေးနေတဲ့မျက်နှာပေါ်မှာ နေရောင်ခြည်က ကျရောက်နေပြီးတော့ သူမလေးရဲ့မျက်နှာက ဝင်းပနေသည်။ သူမလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလဲ ငြီးငွေ့ဖွယ်မကောင်းသလို နူးညံ့ချောမွေ့နေသည်။ သူမလေး လမ်းလျှောက်လာတာကို ကြည့်နေရင်းနဲ့ပဲ ဝူချီချုန်းရဲ့ ခန္တာကိုယ်ထဲက ဆဲလ်တိုင်းက သိသာထင်ရှားစွာ စိတ်လှုပ်ရှားနေသည်။ သူမလေးကို မတွေ့ရတာ ကြာနေတဲ့အတွက် သူ့ရဲ့နှလုံးသားလေးက ကြောင်တစ်ကောင် လာကုတ်ခြစ်နေသလိုမျိုး ယားယံနေသည်။
![](https://img.wattpad.com/cover/239207414-288-k941325.jpg)
YOU ARE READING
တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1]
RomanceOriginal Author_ Chai Jidan Book-1 (1~150) "ငါနင့်ကိုထားသွားတုန်းက ငါကရုပ်ဝါဒီသမားဖြစ်လို့မဟုတ်ပါဘူး။" "ငါသိတယ်။" "သူကငါ့ကိုမချစ်ဘူး။ ငါသူနဲ့ပြတ်ဆဲပြီးသွားပြီ။" "ငါသိတယ်။" "နင်သိနေခဲ့တယ်လား? နင်ငါ့ကိုအရမ်းစိုးရိမ်နေသေးတယ်ဆိုတာငါမသိခဲ့..." "ငါသိတာကဘာ...