Chapter_44 (Borrow a knife to kill)

951 163 5
                                    

#Unicode

အခန်း(၄၄) လူသတ်ဖို့ဓားငှားခြင်း

ဝူရှောင်းဝေက ဝယ်သူ၏ဖုန်းနံပါတ်ကို ပစ္စည်းပို့သူ၏စာရွက်ပေါ်မှာ တွေ့လိုက်သည်။ သူ့ကို ပစ္စည်းဝယ်ပေးတဲ့သူက ချီချန်းလားဆိုတာတော့ သူမသိချေ။ သူက ထိုဖုန်းနံပါတ်ကို ရိုက်နှိက်ကာ ခေါ်ဆိုလိုက်ပါ၏။

"ဟယ်လို"
အသံနိမ့်နိမ့်က တစ်ဖက်ကထွက်ပေါ်လာသည်။

ဝူရှောင်းဝေက စာလုံးတစ်ချို့စီက ပြောလိုက်သည်။
"တကယ်ပဲမင်းလား"

တစ်ဖက်ကနေ 'အင်း'ဆိုသည့်အသံထွက်လာသည်။

"ငါမင်းဆီကနေ ပိုက်ဆံချေးလို့ရမလား"

ချီချန်း: "ဘယ်လောက်ပဲ"

"၂၀၀၀၀...တကယ်လို့ မင်းမှာမရှိဘူးဆိုရင် မင်းချေးနိုင်သလောက်ပဲ ချေးလို့ရပါတယ်။ ငါမင်းကို မြန်နိုင်သမျှ မြန်မြန်လေးပြန်ဆပ်မှာပါ"

ချီချန်း: "အကောင့်?"

ဝူရှောင်းဝေ ရှော့ခ်လဲရသွားသလို အံ့သြသွားပါ၏။ ချီချန်းက သူ့ကို ပိုက်ဆံချေးလိမ့်မယ်လို့ မျှော်လင့်ထားသော်လည်း သူတောင်းဆိုတာကို ပျော်ရွှင်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ ပိုက်ဆံနှင့်ပတ်သတ်လာရင် ချေးငှားသူက သူငယ်ချင်းဖြစ်နေရင်တော့ တကယ်ကိစ္စမရှိပါချေ။ တကယ်တမ်းကတော့ ယုံကြည်မှုနှင့် ခင်တွယ်မှုသာ လိုအပ်လေသည်။

"မင်းဘာလို့ပိုက်ဆံချေးချင်တာလဲ"

"ငါမြွေ​ပေါက်တွေထပ်ဝယ်ချင်လို့လေ။ လွန်ခဲ့တဲ့နှစ်ရက်က မြွေပျိုးထောင်ရေးခြံကို ငါထပ်မေးခဲ့တယ်။ ဘော့စ်ပြောတာကတော့ မြွေပေါက်တွေက ပြဿနာမရှိဘူးဆိုပဲ။ ဥတုရာသီကြောင့်တဲ့။ သူတို့မှာ နောက်ထပ်အသစ်ရောက်လာတဲ့ အိမ်မွေးမြွေပေါက်တွေလဲရှိတယ်တဲ့။ ပြီးတော့ အဲ့မြွေလေးတွေက ထူးကဲတဲ့ဘေဘီလေးတွေလေ။ ဟုတ်တယ်။ သားပေါက်ရာမှာ အခက်အခဲရှိတော့မှာမဟုတ်ဘူး။ စွန့်စားစရာလဲမလိုတော့ဘူး"

ဖုန်းက ပြတ်တောက်သွားလေပြီ။

ခေတ္တကြာပြီးနောက်တွင် ပိုက်ဆံကရောက်လာလေသည်။

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Donde viven las historias. Descúbrelo ahora