Chapter_46 (The so-called Narrow Family Road

905 155 5
                                    

#Unicode

အခန်း(၄၆) ဒါက ကျဥ်းမြောင်းတဲ့မိသားစုလမ်းလို့ခေါ်တယ်

ချီချန်းသည် သူ့နေရာသူပြန်သွားတော့ ယွဲ့ယွဲ့သည် တံခါးပေါက်ဝတွင် ရပ်နေကာ အိပ်မောကျတော့မည့်အလား ထူးထူးဆန်းဆန်းကြည့်နေလေသည်။

"မင်းဘာလို့လာတာလဲ?"
ချီချန်း မေးလိုက်သည်။

ယွဲ့ယွဲ့သည် ချီချန်း၏လက်မောင်းကို ဖက်လိုက်ကာ သူ၏ပုခုံးပေါ်တွင်မှီလိုက်၏။

"ကျွန်မ ရှင့်ကိုလွမ်းတယ်"

သူသည် အိမ်ထဲသို့ဝင်လိုက်သည့်အချိန်တွင် သကြားအရုပ်အား သစ်သားစားပွဲပေါ်တွင် တင်ထားလိုက်သည်။ ယွဲ့ယွဲ့သည် အဲ့ဒါကိုမြင်သွားကာ အံ့အားသင့်သွား၏။ ချီချန်းလိုမျိုး အေးစက်စက်နှင့် မာနကြီးပြီး အထိမခံသည့်လူက ဒီလိုသကြားနှင့်လုပ်ထားသည့်အရာမျိုးကို စိတ်ဝင်စားတယ်? ယွဲ့ယွဲ့ကတော့ သကြားအရုပ်ကို မမြင်ဖူးခဲ့တာက အချိန်အတော်ကြာခဲ့ပြီ။ သူမမှတ်မိတာက သူမငယ်ငယ်တုန်းက အဲ့ဒါတွေက အရမ်းကိုရှားပါးတယ်ဆိုတာကိုပင်။

"ဒီပုံစံက ရယ်ရတယ်။ ရှင် ဒါကိုဘယ်က ဝယ်လာတာလဲ?"

ချီချန်း၏အသံကတော့ အနောက်ဘက်တွင် ဖျော့နေလေကာ သူကပြောသည်။
"ဝယ်လာတာမဟုတ်ဘူး။ လူတစ်ယောက်က ငါ့အတွက်မှုတ်ပေးတာ"

"ဝေါင်း"
ယွဲ့ယွဲ့သည် အံ့သြသွားရပြန်သည်။
"ရှင့်မှာ ဒီလိုထူးချွန်တဲ့သူငယ်ချင်းရှိသေးတယ်လား?"

ယွဲ့ယွဲ့သည် ထိုစကားကိုပြောလိုက်ချိန်တွင် သကြားအရုပ်မှုတ်နေသည့်ဝူရှောင်းဝေက ချီချန်း၏ခေါင်းထဲတွင် တစ်ခါထပ်ပေါ်လာသည်။ ဘဝင်မြင့်ခြင်းမရှိပါပဲ လေးလေးနက်နက်နှင့် ရှပ်တီးရှပ်ပြာနိုင်သည့်လှုပ်ရှားမှုက ပိုပိုပြီးမွှေးကြိုင်လာလေသည်။

"ကျွန်မလည်း တစ်ခုလိုချင်တယ်"
ယွဲ့ယွဲ့သည် ရုတ်တရက်ပြောလာ၏။

ချီချန်းသည် သာမန်ကာလျှံကာပြန်ပြောသည်။
"တစ်ရက်ကျရင် ငါသူ့ကို မင်းအတွက်မှုတ်ခိုင်းလိုက်မယ်"

ယွဲ့ယွဲ့က ခေါင်းငြိမ့်ပြသည်။

"ဟုတ်သားပဲ။ ငါ့မိဘတွေက မနက်ဖြန်ညအားတယ်။ သူတို့က မင်းနဲ့အတူ ထမင်းတစ်နပ်စားချင်နေတယ်"

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Where stories live. Discover now