Chapter(98)

683 84 3
                                    

အခန်း(၉၈) ပေါက်ကွဲခြင်း။

...

မနက်၄နာရီတွင် ဖုန်းကရုတ်တရက်ထမြည်လာတော့ ဝူရှောင်းဝေ၏မှေးစင်းနေသောမျက်ဝန်းများမှာပြူးကျယ်သွားရသည်။

ချီချန်း၏လက်မောင်းများကဝူရှောင်းဝေကိုဖက်ထားကာ သူ့နှလုံးခုန်မြန်နေတာကိုခံစားလို့ရပြီး သူ့လက်ဖဝါးကြီးကဝူရှောင်းဝေ၏ရင်ဘတ်ပေါ်ပွတ်သပ်ပေးလိုက်သည်။
"စိတ်မပူနဲ့၊ ကိုယ့်ဖုန်းလာတာ၊ ဆက်အိပ်တော့။"

ထိုသို့ပြောပြီးနောက် သူသည်သူ့ဖုန်းကိုယူကာအပြင်ထွက်လိုက်သည်။

"ဒီမှာတစ်ခုခုဖြစ်နေတယ်၊ campထဲကိုထရပ်ကား၆စီးဝင်သွားတာကို ကုန်းဇီနဲ့ငါတို့မြင်လိုက်တယ်။ ထရပ်ကားတွေကအကုန်အလုံပိတ်ထားတာ၊ အထဲမှာလူဘယ်နှယောက်ရှိမှန်းမမြင်ရဘူး။ ထရပ်ကားတွေကမြွေတွေကိုအပြင်ထုတ်ဖို့လို့ထင်တယ်။ သူတို့မြွေတွေကိုထုတ်တာပြုတာမိနစ်၃၀ဝန်းကျင်လောက်ကြာနိုင်တယ်။ ငါတို့ကcampနဲ့၁၀မိုင်အကွာမှာ တဲသေးသေးလေးဆောက်ပြီးကြည့်နေတာ။ တံခါးဝမှာအစောင့်တစ်အုပ်ရှိတယ်။ ထရပ်ကားလာတာနဲ့ ငါတို့အစီအစဥ်စလို့ရပြီ။"

ချီချန်း၏အကြည့်နက်မှောင်သွားသည်။
"ငါအခုလာခဲ့မယ်၊ ဂရုစိုက်ကြ။"

သူဖုန်းချလိုက်သည်။

ဝူရှောင်းဝေကအိပ်ယာပေါ်တွင်တိတ်တိတ်လေးလှဲနေပြီး ချီချန်းကသူ့ဘေးတွင်ထိုင်ကာ သူ့ခေါင်းကိုအကြာကြီးပွတ်ပေးနေပြီး နှလုံးသားနာကျင်မှုတစ်စွန်းတစ်စကသူ့မျက်ဝန်းထဲတွင်ထင်ဟပ်လျက်ရှိသည်။ သာပေါင်၊ ကိုယ်မင်းကိုအကြာကြီးခက်ခဲစေခဲ့ပြီ၊ ကိုယ့်ကိုစောင့်နေနော်၊ ကိုယ်တို့နှစ်ယောက်ကြားမှာရှိနေတဲ့အရာမှန်သမျှကိုကိုယ်ဖယ်ရှားပစ်မယ်၊ မင်းနဲ့ထိုက်တန်တဲ့တရားမျှတမှုကိုကိုယ်ပေးပါ့မယ်။

တံခါးပိတ်သံကြားလိုက်ရပြီးသော် ဝူရှောင်းဝေအိပ်ယာပေါ်တွင်ထထိုင်လိုက်သည်။

အစောကြီးရှိသေးတာကို သူဘာလို့အပြင်ထွက်သွားတာလဲ။

ချီယွမ်ကတစ်ခုခုမှားသွားမှန်းအနံ့ခံမိသွားတာမို့ စကားပြောဖို့ချီချန်းကိုခေါ်လိုက်တာများလား။ အဲ့လိုသာဆိုရင်ကောင်းလိမ့်မယ်၊ ချီချန်းကချီယွမ်ကိုပုန်ကန်လိုက်တော့ နောက်ကျရင်ပြဿနာနည်းသွားမှာပဲ။ ဘာပဲဖြစ်ဖြစ် ချီချန်းကသူ့ဘေးမှာမရှိသရွေ့ သူမြွေတွေကိုသံသယဖြစ်မှာမဟုတ်ဘူး။

တန်ပြန်တိုက်စစ် || ဘာသာပြန် [BOOK-1] Where stories live. Discover now