697 119 17
                                    

[Zawgyi]

ဖုန်းမိသားစုရဲ့ စစ်​တပ်​က ကွမ်းနင်းမြို့ကို
လာမယ် ဆိုတဲ့ သတင်း​​ဟာ ​မကြာခင်​မှာပဲ 
လျောင်းတုံမှာ ပျံ့နှံ့သွားသည်​။ ကွမ်းနင်းနဲ့
သိပ်​မ​ဝေးလှတဲ့ မြို့နီးနားချင်းက လူ​တွေကလည်း
ကမ္ဘာ့နံပါတ်​တစ်​စစ်​တပ်​ကြီးကို ကြည့်​ရန်
အ​ပြေးအလွှား ​ရောက်​လာခဲ့ကြသည်​။

လျောင်းတုံရဲ့ အုပ်​ချူ ပ်​သူဖြစ်​တဲ့ လီ​ပေါ်ယွင်​၊ 
စစ်​သူကြီး ဟန်​​ကျောက်​ရှင်း၊ ကွမ်းနင်းရဲ့​အောက်​ရုံးတရားသူကြီး ချန့်​အန်းရုံတို့ဟာ ​လျောင်းတုံရဲ့
အ​ရေးပါတဲ့ အရာရှိ​တွေပင်​။ သူတို့​တွေဟာ
ဖုန်းမိသားစုရဲ့စစ်​တပ်​ကို ​တွေ့ဖို့ အာရုဏ်​ဦး
ကတည်းက ပြည်သူ​တွေရယ်​၊ အခြားစစ်​တပ်​အရာရှိ​တွေရယ် ​နှင့်​အတူ ​​တောင်​ဘက်​မြို့ရိုးတံခါးမှာ 
စောင့်​ဆိုင်း​နေခဲ့ကြသည်​။ အဲ့ဒီအထဲမှာ
ယွမ်​​မောက်​နဲ့ ယွမ်​​ရှောက်​ရွှီးလည်း အပါအဝင်​​ပေါ့။

လျောင်းတုံရဲ့အုပ်​ချူ ပ်​သူဟာ ဖုန်းကျန်းပင်းထက်
ရာထူးပိုမြင့်​​သော်​လည်း ဖုန်းကျန်းပင်းက
အရှင်​ဆိုတဲ့ ဂုဏ်​ပုဒ်​ကို ရထားတဲ့အပြင်
တာ့ရှန်​မှာ ချီးကျူးထိုက်​တဲ့ ဂုဏ်​ရည်​​တွေပါရှိတဲ့
ဗိုလ်​ချူ ပ်​တစ်​​ယောက်​ ဖြစ်​တာ​​ရောကြောင့်
အရာရှိအဖွဲ့ဟာ ​လေစိမ်း​တွေ ​​သောက်​မိသလို*
ဖြစ်​​နေရင်​​တောင်​မှ ဘာမှ​ဝေဖန်​ရဲမည်​မဟုတ်​။

မွန်းတည့်​ချိန်​မှာ​တော့ အ​ဝေးက ​အောင်​လံတံခွန်
လွှင့်​လာတဲ့ တပ်​ကို သူတို့​တွေ့လိုက်​ကြရသည်​။
S ပုံသဏ္ဌာန်​ရှိတဲ့ မြင်းတပ်​က ​ရှေ့က​နေ
ဦး​ဆောင်​လာကာ ​ခြေလျင်​တပ်​က​တော့ 
နောက်​က​နေ လိုက်​ပါလာသည်​။ သူတို့်​တွေဟာ
စည်းကမ်းရှိရှိ ​​စနစ်​တကျနှင့်​ ကွမ်းနင်း​ဝေ့ထံသို့
ချီတက်​လာ​နေကြ၏။

"သူတို့လာ​နေကြပြီ...သူတို့လာ​နေကြပြီ"

ယွမ်​နန်းယွီ စိတ်​လှုပ်​ရှားစွာ ​အော်​ဟစ်​လိုက်​၏။

အ​ဝေးက​နေ လှမ်းကြည့်​နိုင်​ဖို့ရာ သူတို့နှစ်​ဦးသားမှာ မနက်​ခင်းအ​စောကတည်းက မြို့ရိုး​ပေါ်ကို
အ​ပြေးအလွှား သွားခဲ့ရသည်​။ သူတို့ မြို့ရိုး​ပေါ်သွားတာကို ယွမ်​​မောက်​က ခွင့်​မပြုခဲ့​ပေမဲ့
ဒီ​နေ့က​တော့ စစ်​သူကြီး​တွေ​တောင်
မြို့ရိုးတံခါးက​နေ လာ​စောင့်​​နေခဲ့ကြတာ​လေ။
မြို့ရိုး​စောင့်​တဲ့ စစ်​သည်​​တွေကလည်း
စည်းမျဉ်းစည်းကမ်း​တွေကို သိပ်​မသိကြတာမို့
သူတို့က သခင်​ချန့်​ဟူရဲ့ သား​တွေမှန်းသိတာနှင့်​ တားဆီးခြင်းမရှိကြ။

The Blood Crown(逐王)[Myanmar Translation]Where stories live. Discover now