၁၁

509 120 162
                                    

[Zawgyi]

စစ်​တန်းလျားမှာပဲ ကြီးပြင်းခဲ့ရသည့်​အပြင်​ ဝံပု​လွေ
တွေရဲ့ "​မွေးစားခြင်း"ကိုပါ ​ခံခဲ့ရဖူးတဲ့ ဖုန်းယဲ့ဟာ
သာမန်​က​လေးတစ်​​ယောက်​ရဲ့ ငယ်​ဘဝအ​တွေ့
အကြုံမျိုး​တွေကို မခံစားခဲ့ရဖူး​တာ​ကြောင့်​ ယွမ်​စီခုံး
နှင့်​အတူ ဖြတ်​သန်း​နေရတဲ့ အချိန်​တိုင်းဟာ
သူ့အတွက်​​တော့ အသစ်​အဆန်းလိုပင်​။

တကယ်​​တော့ ယွမ်​စီခုံးဟာ ​အ​ပျော်​ရှာတဲ့​နေရာမှာ
မကျွမ်းကျင်​​ပေ။ သူ့ရဲ့အကျွမ်းကျင်​ဆုံး ဝါသနာက
စာဖတ်​ခြင်းသာ ဖြစ်​ပါ၏။ ဒါ​ကြောင့်​ "ဒီနယ်​ပယ်​မှာ
ကျွမ်းကျင်​​သော" သူ့ရဲ့ညီငယ်​​လေးကိုသာ ​ကျေးဇူး
တင်​ရ​ပေ​တော့မည်​။

ငှက်​​တွေလိုက်​ရှာရန်​ သစ်​ပင်​တက်​ခြင်း၊ ငါး​တွေနဲ့
ဆော့ဖို့ ​ရေငုပ်​ခြင်း၊ ​နွေဦးမှာ ပိုး​ကောင်​​တွေ လိုက်
ဖမ်းခြင်းနှင့်​ ​ဆောင်းတွင်းမှာ နှင်း​တောထဲ လူးလှိမ့်
ခြင်း စသည်​ဖြင့်​ ယွမ်​နန်းယွီ မလုပ်​တတ်​​သောအရာ
ဟူ၍ လုံးဝရှိမ​နေ။ သူဟာ အိပ်​ရာထဲက​နေ မထနိုင်
သေး​သော်​ငြား ယွမ်​စီခုံးကို ဘယ်​​နေရာသွားပြီး
ဘယ်​လိုကစားရမယ်​ဆိုတဲ့ အကြံဉာဏ်​​တွေ ​ပေးတာကို​တော့ မရပ်​တန့်​နိုင်​​ပေ။

ဒါ​ပေမဲ့ ယွမ်​နန်းယွီ စတင်​ကာ မ​ကျေမနပ်​ဖြစ်​လာတဲ့
အချိန်​က​တော့

"ဒုတိယအစ်​ကို မင်းပါးစပ်​ထဲမှာ ဖုန်းယဲ့ချည်းပဲ
ပြည့်​​နေတာ​နော်​။ မင်း ယွီအာ့ကို​တောင်​ ​မေ့​တော့မှာမလား?"

"ငါက ဘယ်​လိုလုပ်​​မေ့မှာလဲ? ဘယ်​​နေ့တုန်းကများ
မင်းစာဖတ်​တာကို ကြီးကြပ်​​ပေးဖို့ ငါမလာပဲ​နေခဲ့ဖူးလို့လဲ?"

ယွမ်​နန်းယွီက အိပ်​ရာခင်းကို ခပ်​ပြင်းပြင်းရိုက်​လိုက်
ပြီး

"ဒါ​ပေါ့...မင်းက​တော့ ဒါကိုပဲ သတိရ​မှာ​ပေါ့!"

ယွမ်​စီခုံးက သူ့ရဲ့ရယ်​​မောခြင်းကို ရပ်​တန့်​လိုက်​ကာ

"စာဖတ်​ခြင်းဆိုတာ အ​ရေးပါတဲ့ ကိစ္စတစ်​ရပ်​ပဲ။
တစ်​​နေ့တ​လေ​တောင်​ ပျင်းရိ​နေလို့မရဘူး"

The Blood Crown(逐王)[Myanmar Translation]Where stories live. Discover now