၂၅

339 45 9
                                    


[Unicode]

ယွမ်မောက်အကျဉ်းချခံရသည့်သတင်းဟာ တောမီးသဖွယ် ပျံ့နှံ့သွားပြီး၊ မကြာခင်မှာပင် ကွမ်းနင်းတစ်မြို့လုံး၌ မသိသူမရှိသော သတင်းတစ်ရပ်ဖြစ်လာလေသည်။ မြို့ထဲတွင် ဝေဖန်စာများက အမြောက်အများရှိနေကာ လူတိုင်းဟာ စိတ်တထင့်ထင့်နှင့်နေထိုင်နေ
ကြရ၏။

ဒီသတင်းကို ရွယ်ချန်ရွှမ်မသိအောင် သူတို့ဖုံးဖိချင်ခဲ့သော်ငြား သူမကသိရှိသွားခဲ့ပြီး၊ အိပ်ရာထဲ ဘုံးဘုံးလဲသွားတော့လေသည်။ ယွမ်မိသားစုဟာလည်း စိတ်ဓာတ်ကျနေကြရှာလေပြီ။

အလွန်အမင်းကို အချိူးအကွေ့၊အလှည့်အပြောင်းများလှသောညကို ကျော်ဖြတ်ပြီးချိန်တွင် ယွမ်ညီအစ်ကိုသုံးယောက်က ချန့်အန်းရုံထံမှ အမှုစစ်ဆေးချက်သတင်းများကို သိချင်နေကြတာကြောင့် သူ့အိမ်သို့ အမြန်လိုက်သွားမိကြ၏။

ချန့်အန်းရုံ၏မျက်နှာအမူအရာဟာ အလွန်ကိုမှ မြင်မကောင်းရှုမကောင်းဖြစ်နေပြီး စိတ်မချမ်းမသာဖြစ်နေသည့် အသံဖြင့်ပြောလာလေသည်။

"ကောကျူံ းက လက်ရေးမူချင်းယှဉ်ပြလာတာကွာ။
အဲ့တာက တကယ့်ကို သခင်ကြီးလီရဲ့လက်ရေးပဲ"

"မဖြစ်နိုင်တာ!"

ယွမ်ရှောက်ရွှီးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လာ၏။

"သခင်ကြီးလီ သူ့အကြံအစည်ကိုပြောပြခဲ့တဲ့အဲ့ဒီနေ့က ခင်ဗျားနဲ့ကျွန်တော်အပြင် ကွမ်းနင်းရဲ့ဗိုလ်ချူ ပ်တွေလည်း အဲ့ဒီနေရာမှာရှိနေခဲ့တယ်လေ။ ဘယ်နေရာကများ အတင်းတွန်းအားပေးတာနဲ့တူနေခဲ့လို့လဲ?"

"ရှောက်ရွှီး ငါသိတယ်။ ငါသိပေမဲ့ ငါယုံကြည်တာက
အသုံးမဝင်ဘူးကွ။ ကြီးကြပ်ရေးအရာရှိယုံကြည်ပေးမှရမှာ"

ယွမ်စီခုံး သွားကိုခပ်တင်းတင်းကြိတ်လိုက်ပြီးနောက်

"လက်ရေးကိုတုပနိုင်တဲ့လူကိုရှာဖို့ဆိုတာက ဘာမှခက်ခဲတဲ့ကိစ္စမှမဟုတ်တာ။ လက်ရေးမူလေးကိုကြည့်ရုံနဲ့ ဒီအမှုကို သူတို့ဘယ်လိုစီရင်ချက်ချလဲ?"

"သခင်ကြီးကောက သခင်ကြီးလီရဲ့ဆွေမျိူ းတွေနဲ့ပါ
စကားပြောချင်ခဲ့ပေမဲ့ ကြည့်ရတာတော့ အဲ့ဒီဆွေမျိူ းတွေကလည်း အတင်းအကြပ်စေခိုင်းခံထားရပုံပါပဲ။
သူတို့တွေက တောင်စဉ်ရေမရနဲ့ စကားနှစ်ခွတွေ
လျှောက်ပြောနေပြီး အမှန်ကိုမပြောရဲကြဘူး"

The Blood Crown(逐王)[Myanmar Translation]Where stories live. Discover now