545 107 47
                                    

[Zawgyi]

ကြိမ်​ဒဏ်​က စစ်​တပ်​ထဲမှာ အသုံးများဆုံး အပြစ်​ဒဏ်
ပေးနည်း​တွေထဲက တစ်​ခုပင်​။ ယင်းကို စည်းကမ်း
ထိန်းသိမ်းတတ်​​စေရန် သ​​​​တိ​ပေးချက်​တစ်​ခုအ​နေနဲ့ အဓိက အသုံးပြု ကြပြီး သတ်​ဖြတ်​ခြင်းနှင့်​ ​ခြေလက်
ဖြတ်​​တောက်​ခြင်းတို့ကိုလည်း အသုံးများသည်​။

ပြင်းထန်​တဲ့ ကြိမ်​ဒဏ်​သာဆိုရင်​​ အချက်​နှစ်​ဆယ်​ဆိုတာက အသက်​ပင်​ ​သေ​စေနိုင်​​လောက်​​​သော်​လည်း တကယ်​လို့ ကြိမ်​ဒဏ်​ကသာ တမင်​တကာသက်​ညှာ
ပေးမယ်​ဆိုရင်​​တော့ အချက်​တစ်​ရာ အရိုက်​ခံရရင်
တောင်​ အသားနာရုံ​လောက်​ပဲရှိမှာ။ ဒါကလည်း
ပါးကွက်​သားက လာဘ်​ထိုးသူရဲ့ ရည်​ရွယ်​ချက်​ကို
နားလည်​နိုင်​လား (သို့) သူဟာ လာဘ်​​ပေးလာဘ်​ယူ
မလုပ်​ပဲ မျှတတဲ့လူလားဆိုတဲ့အ​ပေါ်မှာလည်း မူတည်
နေ​သေးသည်​။

မျက်​လုံး​ကောင်းတဲ့ ဘယ်​သူမဆို ဖုန်းကျန်းပင်းက
ယွမ်​​မောက်​အ​ပေါ် ဘာမှသိပ်​မလုပ်​ချင်​တာကို မြင်​နိုင်​​လေသည်​။ ဒါ​ကြောင့်​လည်း သူက ​လျော့ရဲရဲ ကြိမ်​ဒဏ်​ အချက်​နှစ်​ဆယ်​​လောက်​နဲ့တင်​ ဒီကိစ္စကို ဒီမှာ
တင်​ပြီးလိုက်​တာ​ပေါ့။

ယွမ်​​မောက်​ရဲ့တင်​ပါး​တွေဟာ ပန်းပွင့်​တစ်​ပွင့်​လို
ပွင့်​အာ​တော့မ​ယောင်​*ပင်​။ သူ့ရဲ့ဒဏ်​ရာ​တွေက
အ​သေးအဖွဲဖြစ်​​သော်​လည်း ​ခံရခက်​တဲ့​နေရာမှာ
ဖြစ်​​နေတာ​ကြောင့်​ သူဟာ အချိန်​အနည်းငယ်​ကြာ
သည်​အထိ အိပ်​ရာ​ပေါ်မှာ လဲ​လျောင်း​နေရသည်​။

[屁 股 开 花*-လူတစ်​​ယောက်​က တင်​ပါးကို
အရိုက်​ခံရလို့ နာ​နေတဲ့အခါ အသုံးများတဲ့ စကားစုပါ]

ယွမ်​စီခုံးက သူ့ရဲ့အိပ်​ရာနံ​ဘေးမှာ ဒူး​ထောက်​​နေပြီး
ထဖို့ ငြင်းဆန်​​နေ​လေသည်​။ သူ့မျက်​လုံး​တွေက နီရဲ
ဖူး​ရောင်​​နေ၏။

ယွမ်​​ရှောက်​ရွှီးက​တော့ အလွန်​​ဒေါသထွက်​​နေကာ
အခန်းထဲမှာ ​ခေါက်​တုံ့​ခေါက်​ပြန်​ ​လျှောက်​​နေရင်း

The Blood Crown(逐王)[Myanmar Translation]Where stories live. Discover now