Part 1 (UNI)

1.2K 67 6
                                    


Note~ဒါမဖတ်ခင် Season1 Episode 1 , 2, 3 လေးပြန်ဖတ်ရင်တော့ကောင်းတာပေါ့😁 မဖတ်လည်းရပါတယ်လို့။

x x x

An Eye for An Eye.
_ Hammurabi

An Eye for two eyes .
_Phone Pyin Thit

×××

ကျောင်းအသစ် ၊ သူငယ်ချင်းအသစ်

လင်းယုသွေး တစ်ယောက်ကျောင်းကိုဝင်လာသည်။ သူ့အဖွဲ့နဲ့သူ အသားကျပြီးသားဖြစ်တဲ့ နာမည်ကြီးကျောင်းတစ်ခုထဲကို အထက်တန်း ဒုတိယနှစ် ရောက်မှ ကိုယ်ကဝင်ရောရမှာမို့ ကြောက်သလို လင်းယုသွေးဟာ သာမန်ကောင်မလေးတစ်ယောက်သာ.. ။ သာမန်ဆန်တဲ့ ရုပ်ရည်၊ သာမန်အရည်အချင်း နဲ့ တကယ် သာမန်လူတစ်ယောက်သာဖြစ်သည်။ အင်း ~ ဒါပေမဲ့ အရပ်လေး ရှည်ပြီးရုပ်ကလေးချောတာတော့ ရှိတာပေါ့လေ။

အထက်တန်း ဒုတိယနှစ် တန်းခွဲ A ~
တကယ်က လင်းယုသွေးဟာ တန်းခွဲ B မှာ တက်ရမှာပေမဲ့ တန်းခွဲအေက ကောင်မလေး တစ်ယောက်ကျောင်းထွက်သွား၍ တန်းခွဲ A ရောက်သွားခြင်းဖြစ်သည်။ ထိုကျောင်းသူဟာဘာလို့ကျောင်းသွားသလဲ မသိ ~။

အင်းး ~ ဒီအခန်း ခုံ ၅ တန်းမြောက် ~

" ဟယ် ~ ကျောင်းသူသစ်လား "

" ဟုတ် ~ "

" ပုံပြင်သစ်က ကျောင်းထွက်သွားတာ ထင်တယ် ~ နင်သူ့နေရာဝင်တာ မလား "

" ဘယ်သူမှန်းမသိပေမဲ့ ကျောင်းသူတစ်ယောက် ကျောင်းပြောင်းသွားလို့တဲ့ "

" အော်အင်း ~ ဒါနဲ့ ငါ့နာမည် မေ ပါ "

" ငါက လင်းယုသွေး "

လင်းယုသွေးဟာ အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ်ကောင်မလေးဖြစ်သည်။ မျက်ဝန်းနက်နက် နဲ့ ပါးချိုင့်လေးတွေ ထင်းနေတဲ့ချစ်စရာ ကောင်မလေးမျိုး ~~

ပုံပြင်သစ်က အရပ်ပုပု ခပ်ပြည့်ပြည့် ကောင်မလေးဖြစ်ပြီး ရုပ်မဆိုးပေမဲ့ လင်းယုသွေးလို အကြည်ဓာတ်လေးတော့မဟုတ် ဟု မေ တွေးလိုက်မိသည်။ ဒါနဲ့ ပုံပြင့်ကို သတိရလိုက်တာ~

" Hello ငါက ဆောင်းကဗျာ "

ကျောင်းသူသစ်ဘေးမှာ ဆောင်းကဗျာဟာ ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။

Ready To Be A Princess [ Completed ]Where stories live. Discover now