Part 2 (UNI)

347 59 8
                                    

Part 3

Note ဒါမဖတ်ခင် Season1 part 2 Episode 1 , 2, 3 လေးပြန်ဖတ်ရင်တော့ကောင်းတာပေါ့😁မဖတ်လည်းရပါတယ်လို့။

xxx

~ မိုးရွာတုန်းရေခံ ~

~ နေပူတုန်း မြက်ခြောက်လှန်း ~

××××

ဂျလိမ်း ~ ဂျလိမ်း

မိုးချိန်းလို့ကလေးတွေကြောက်ကြသည်ထင်သည်။ လှောင်အိမ်ထဲက ငှက်ဖြူလေးကလည်း ငြိမ်နေသလို ~~
ကြောင်အဝါလေးကလည်း လင်းယုသွေး အနား တိုးခွေ့ကာနေသည်။
ဒီအချိန်ဆို လမ်းဘေးခွေးတွေ မိုးမိရင်အဆင်ပြေပါ့မလားအမြဲတွေးမိသည်။ ဒါပေမဲ့လည်း တောင်သူတွေအတွက်တော့ မိုးကမရွာလို့မဖြစ်ပါ။ ပြန်တွေးကြည့်ရင် သဘာဝတရားကြီးကမျှတပါတယ်လေ။

တိရစ္ဆာန်လေးတွေကို လင်းယုသွေး တကယ်ချစ်ပါသည်။ အိမ်ကနှစ်ကောင်ကျွေးစရိတ်ကို Crochet ထိုးရင်း ရှာရသလို ၊ လမ်းဘေးခွေးတွေကို ညနေစာအမြဲကျွေးနိုင်ဖို့အတွက်လည်း Translate လုပ်ရသေးသည်။ ပုံမှန် translate လုပ်နိုင်မှာကြော်ငြာခ ရမယ်မဟုတ်ပါလား။

အင်း ~ ပျင်းလိုက်တာ ။ ကျောင်းပိတ်ရက်ဖြစ်တာမို့ မနက်ကတည်းက ထိုင်ပြီး Translate လုပ်နေရတာမို့ ညောင်းလည်း​ညောင်းသည်။ Order မရတာကြာပြီဖြစ်တဲ့ Crochet Page လေးကများ အခုနေ Order များရလိုက်ရင် သိပ်ကောင်းမှာပဲလို့ တွေးနေတုန်း ~

*Ting*

Page ကနေ Noti တက်လာတယ်။

" နောက်အပတ် တနင်္လာ anni date မို့ ကောင်မလေးအတွက် ခေါင်းစီးကြိုးနဲ့ အင်္ကျီလေး ထိုးပေးလို့ရမလား "

ခေါင်းစည်ကြိုးတွေက အရောင်စုံထိုးထားပြီးသားမို့ အင်္ကျီကတော့ တစ်ပတ်နဲ့ပြီးလောက်မှာပါလို့တွေးရင်း ~

" ဟုတ်ကဲ့ရပါတယ် ဘာအရောင်လေးထိုးပေးရမလဲ "

" ခရမ်းရောင်ပါ ~ ဘယ်လောက်ကျမလဲမသိဘူး"

" နှစ်ခုပေါင်းဆို ၂သောင်း ကျပါမယ်ရှင့် "

" ဟုတ်ကဲ့ ~ ဘယ်ကို့ပို့ပေးရမလဲရှင့် "

" အိမ်ကယူလို့ အဆင်မပြေတာမို့ ကောင်မလေးရဲ့ကျောင်းကိုပဲပို့ပေးလို့ရမလား "

Ready To Be A Princess [ Completed ]Where stories live. Discover now