Part 11 ( Uni )

234 40 0
                                    


အတိတ်ကို အတိတ်မှာပဲထားခဲ့ကြကြေးဆိုရင် ဝဋ်ကြွေးဆိုတာ ဘယ်ရှိမှာလဲ။ အရင်ဘဝ က အတိတ်တွေကိုတောင် ကျွန်တော်တို့ ဝဋ်ကြွေးပြန်ဆပ်ကြရသေးတာပဲ။

_ပုံပြင်သစ်

x x x

လင်းယုဝေရဲ့ manga pageဆီ message တွေရောက်နေတာမို့ ဘုရားတမိသည်။

" ပင်လယ်ပြာကို ဘာသာမပြန်ဖြစ်ဘူးလား "

ဟိုအကောင် Zero ဆီက ပို့ထားတဲ့ message ကိုမြင်ပြီးလူပါတုန်တက်သွားသလို~

" ဟုတ် ~ ကျောင်းနဲ့ဘယ်လိုမှမအားဘဲ အလုပ်တွေပါပုံနေလို့ပါ "

" Aww ok "

သောက်မြင်ကပ်ဖို့ကောင်းလိုက်တာ Reply ကအစသောက်မြင်ကပ်စရာကောင်းနေတာ ~
လင်းယုသွေးနဲ့ Light Blood Cell သာတစ်ယောက်တည်းဖြစ်ကြောင်းသိသွားရင် ~ အမလေး အတွေးနဲ့တင်ကြက်သီးထတယ်ဆိုတာဒါမျိုး ~

နောက် message တစ်ခု ~

ဟမ် ထူးထူးခြားခြား ပုံပြင်သစ် ဆီကပါလား။

" Comics တစ်ပုဒ်ကို Myanmar to Japan Trans ပေးနိုင်လား ကျွန်တော် Translation ခပေးပါ့မယ်"

" ဘယ် Comics လဲ "

" ပင်လယ်ပြာ ~"

တကယ်တော့ Trans ပေးချင်ပေမဲ့ Zero ဆိုသူနဲ့ နည်းနည်းလေးတောင်မပက်သက်ချင်တော့တာမို့ ~

" ပင်လယ်ပြာက လွဲလို့ တစ်ခြားကြိုက်တာပြောပါ "

" အာ ~ admin ကမာနကြီးတာပဲ oki လေ ဒါဆို အခု ကျွန်တော့်သူငယ်ချင်းဆွဲလက်စ Comics ကိုပြန်ခိုင်းရမှာပဲ "

တကယ်တော့ လင်းယုသွေး မာနကြီးတာ မဟုတ်ရပါ။ ပုံပြင်သစ်က သူအရင်တစ်ခါက ပြောတာကို မကျေနပ်လို့ လက်မခံတာလို့ထင်နေပုံပေါ်သည်။ ထားလိုက်ပါတော့ ~ အကုန်လိုက်ရှင်းရင် ရှုပ်ကုန်တော့မှာပဲ။

" ဟုတ် ~ ပြန်ပေးမယ် "

" ကျွန်တော့်ရဲ့ From Heaven to Hell ဆိုတဲ့fiction ကို အခု ကျွန်တော့်သူငယ်ချင်း artist က စဆွဲနေတာ တစ်ယောက်က English လိုပြန်မှာ admin ကတော့ japan ပေါ့ ~ အဓိကက comics ကို ဘာသာ၃ခုယှဥ် ဖတ်ရင်း Japan စာလေ့လာတဲ့သူတွေကို အထောက်အကူပြုစေချင်တာ "

Ready To Be A Princess [ Completed ]Where stories live. Discover now