Part 3 (UNI )

283 52 6
                                    

Part 4

Note ဒါမဖတ်ခင် Season1 part 3 Episode 1 , 2 လေးပြန်ဖတ်ရင်တော့ကောင်းတာပေါ့😁 မဖတ်လည်းရပါတယ်။

xxxx

အနက်ရောင်ကို ရိုးရှင်းတဲ့အရောင်လို့ ပြောရင်ခင်ဗျားတို့ လက်ခံကောင်းလက်ခံ လိမ့်မယ်။ဒါပေမဲ့ အမှောင်ကို သိမ်မွေ့တယ်လို့ပြောရင်တော့ခင်ဗျားတို့လက်ခံနိုင်မယ်မထင်ဘူး။

တကယ်တမ်းတော့ အနက်ဆိုတာ အရောင်တစ်ခုမဟုတ်ပါဘူး။ အနက်ရဲ့ အဓိပ္ပာယ်ဟာ အရိပ်။ အရိပ်ရဲ့ အဓိပ္ပာယ်ဟာ အလင်းမရှိခြင်း ။ အလင်းမရှိခြင်းရဲ့ အဓိပ္ပာယ်ဟာ အမှောင် ။ တကယ်က အနက်ရောင်ဟာ အမှောင်ထုပါပဲ။ အနက်ရောင်ဟာရိုးခြင်းသလို အမှောင်ထုကလည်း ရိုးရှင်းစွာ သိမ်မွေ့ပါတယ်။

xxxx

ပထမ နှစ်ဝက်စာမေးပွဲပြီးတဲ့အခါမှာ စာမေးပွဲအဆင့်ပေါ် မူတည်ပြီး အခန်းတွေပြန်ခွဲရသည်။  ကျောင်းသားကျောင်းသူတွေဟာ ဘီခန်းကနေ အေကိုတက်လာပြီး အချို့ကတော့ အေခန်းကနေ ဘီခန်းကို ကျသွားသည်။ အေခန်းကနေဘီကို ကျသွားတဲ့သူတွေအထဲမှာ လင်းယုသွေးလည်း အပါအဝင်ဖြစ်သည်။ ကျမှာပေါ့ Crochet လည်းပြေးထိုးရသေး၊ Manga လည်း ဘာသာပြန်ရသေး~။ အိမ်ကိုကလည်း အလုပ်က ကူရသေးသည်။

" ဟင်း ~ ဆင်းသွားတော့လည်း ကောင်းတာပေါ့ အေခန်းကဟာတွေလို ဘဝင်ခေါင်တွေနဲ့ မဆုံရတော့ဘူးပေါ့ "

အပေါင်းအသင်းကတော့ မဟုတ်လည်း စိတ်ပူစရာမှမလိုဘဲ လင်းယုသွေး က ဘယ်သူနဲ့မှ မှသေချာမပေါင်းတာ။

သို့သော်ပြဿနာကား ~ ဘီခန်းတွင် Roll1 ဖြစ်နေ၍ နေရင်းထိုင်ရင်း အတန်းခေါင်းဆောင်ရာထူးကို အလိုလျောက်ရသွားခြင်းပင်ဖြစ်သည်။ထို့ကြောင့် လင်းယုသွေးဟာ အတန်းလစ်၍  Library သွားပြီး Manga ဖတ်နေ၍ မရတော့ချေ။ မဖြစ်ပါ ဒီအတိုင်းဆို အေခန်းပြန်မရောက်ရင် update ပုံမှန်မလုပ်နိုင်လို့ page က ငွေမဝင်ရင် လမ်းဘေးက ငါ့ကလေးတွေကို ငတ်ကုန်တော့မည်။

" မင်းမြတ်ဟန် "

" ဘာလဲ ~ "

ကိုယ်က အိမ်စာထပ်ခိုင်းတာကို မထပ်တဲ့အပြင် ဘာလို့ မထပ်တာလဲ မေးတိုင်းလည်း မထပ်ချင်လို့လိုသာဖြေသည်။ အခုလည်း ဒီသူတောင်းစားဟာ လင်းယုသွေးကို စိတ်မရှည်သလို​တောင်ပြန်ဟောက်နေလိုက်သေးသည်။

Ready To Be A Princess [ Completed ]Tahanan ng mga kuwento. Tumuklas ngayon