Part 12 ( Uni )

239 37 0
                                    


အတိတ်ကို ဆွေးမနေစေချင်ပေမဲ့ ပစ္စုပ္ပန်အချိန်ကလုပ်ရပ်တွေဟာ အတိတ်လှလှတွေကို မဖျက်ဆီးစေချင်ဘူး~

_လင်းယုသွေး

× × ×

အထက်တန်း နောက်ဆုံးနှစ် ~

အထက်တန်းနောက်ဆုံးနှစ်ကိုလည်း လင်းယုသွေးဟာ manga စာအုပ်တွေနဲ့ချည်လုံးတွေကြားမှာပဲဖြတ်သန်းခဲ့တယ်။ ဘာသာပြန်ရင်း အချိန်တွေ တရွေ့ရွေ့ကုန်လာတာ ပုံပြင်သစ်ရဲ့ အပိုင်း၁၀၀ ကျော်ရှည်လျားလှတဲ့ Heaven to Hell ကြီးလည်း အခုဆို ၉၈ ပိုင်းအထိ ဘာသာပြန်ပြီးပြီဖြစ်သည်။ ဒီနေ့ စောသက် အပိုင်းသစ်ပို့ထားပြီလား group ထဲဝင်ကြည့်မိသည်။

*Phone Pyin Thit leaves the group chat*

မှားနှိပ်တာလား။

I_saw_that : Heaven to Hell က ဆက်မဆွဲဖြစ်တော့ဘူးနော် နင်တို့နှစ်ယောက်ကိုတော့သူ Trans ခပေးမှာပါ

*I_saw_that leaves the group chat*

ဟမ်ဘာဖြစ်ကြတာလဲ။

I_saw_that ရဲ့ wall ထဲဝင်ကြည့်တော့ ထူးခြားတာဆိုလို့  In a relationship ချိတ်ထားတာပဲရှိသည်။ ဘာလဲ ရည်းစားထားမိလို့ friendship ပျက်တာတော့မဟုတ်လောက်ဘူး မဟုတ်လား။

Personal Chat box အထိတကူးတကသွားပြီး စောသက်ကို ဘာဖြစ်တာလဲ မေးလိုက်သော်လည်း " မဆိုင်ရင် ဝင်မပါနဲ့" ဆိုတဲ့ စကားတစ်ခွန်းသာ အပြောခံလိုက်ရသည်။

မဆိုင်ရိုးလား တကယ်ဆို လင်းယုသွေးလည်း ဘာသာပြန်တဲ့ကိစ္စကို စိတ်နှစ်ပြီးလုပ်ထားတာပဲလေ ။ သူတို့နှစ်ယောက်လောက်မပင်ပန်းပေမဲ့ ကိုယ်လည်းအများကြီးကြိုးစားထားတာပဲ ။ အခုဟာက personal နဲ့ အလုပ်နဲ့ရောပြီး အလယ်က translator နှစ်ယောက်ကို အားနာရကောင်းမှန်းရော သိကြသေးလား။

* Phone Phin Thit posted a new post *

Caption

အားလုံးပဲ ပုံပြင်သစ်ပြောစရာတစ်ခုရှိလို့ပါ။ ပထမဆုံး အကုန်လုံးကို sorry ပါလို့ပြောချင်ပါတယ်။ ပုံပြင်နဲ့ Heaven to Hell ကို ဆွဲပေးတဲ့ artist ရဲ့ ဆက်ဆံရေးက အဆင်မပြေတော့တာမို့ Heaven to Hell 52ပိုင်းတင်ပြီးခါမှပဲ Rest လုပ်ရမှာမို့ အားနာပါတယ်။ Fiction ကတော့ဇာတ်သိမ်းပြီးသားမို့ Comics ပဲဖတ်နေတဲ့သူတွေလည်း Fic ဖတ်ပြီး မြင်ယောင်လိုက်ကြပါ။ comment မှာ fic link ချထားပေးပါမယ်။

Ready To Be A Princess [ Completed ]Where stories live. Discover now