Part 9 ( ZG )

124 16 0
                                    

ကဗျာနဲ့ ကာရန်

သီချင်းနဲ့ သံဇဉ်

နို့နဲ့ ပေါင်မုန့်

ဆရာဝန် နဲ့ Duty coat

စာအုပ်နဲ့ ဘောပင်

ကောင်းကင်နဲ့တိမ်

မိုးအေးတဲ့နေ့တစ်နေ့ နဲ့ အဆွေးဇာတ်လမ်း

အပေါ်က စကားလုံးအတွဲတွေမှာ တူညီနေတာတစ်ခုရှိတယ်လို့ခံစားမိလား။

ကျွန်တော်ကတော့ ခံစားမိတယ် အဲ့တာက "လိုက်ဖက်ညီမှု" ပါပဲ။

ကျွန်တော်က သိပ္ပံကျောင်းသူမို့ တခြား စကားလုံး တစ်လုံးကို အစားထိုးပြောရမယ်ဆိုရင် "Chemistry မိတယ် " ပေါ့။

x x x

ညကြီးမင်းကြီး လင်းယုသွေး တစ်ယောက် အိပ်မပျော်နိုင်အောင်ဖြစ်လျက်ရှိသည်။ အကြောင်းကတော့ သူဒီနေ့မှ ပင်လယ်ပြာကို ဇာတ်သိမ်း ဖတ်လို့ပြီးသွားတာ ... ။ မင်းသားနဲ့ မင်းသမီးက Chemistry မမိလို့ ဘယ်လိုမှမညားနိုင်ဘူး ဆိုပေမဲ့ ဒုတိယ မင်းသားနဲ့ ညားပေးလိုက်တာကို ရင်ထဲက တဆစ်ဆစ် ...။

ရင်ထဲ အဆင်မပြေတာတွေကြောင့် လက်က အရင်တစ်ခေါက် page ကနေလာပြောထားတဲ့ စီက တစ်ဆင့် ပုံပြင်သစ် wall ထဲ ရောက်သွားမိသည်။
ထူးထူးခြားခြား လင်းယုဝေကို လွန်ခဲ့တဲ့ ၂ပတ်ကတည်းက " Thanks " လို့ပို့ထားတာကိုအခုမှမြင်မိသည်။ ဘာအတွက်လဲ ။ ပင်လယ်ပြာကို ဆက်ပြီး ဘာသာမပြန်တော့လို့ဖြစ်မည်ထင်တယ်။

Mutual friend ( 2 )

တစ်ယောက်က မေ ဖြစ်ပြီး နောက်တစ်ယောက်က ဆောင်းကဗျာ ဖြစ်သည်။

ပုံပြင်သစ်ဟာ fic နဲ့ပက်သတ်တာကလွဲရင် ကျန်တာကို public နဲ့တင်မထားချေ။ ထို့ကြောင့်လွန်ခဲ့တဲ့ နှစ်တွေက ပင်လယ်ပြာ အကြောင်းတင်ထားတဲ့ post စီ ရောက်ဖို့ အနည်းငယ်သာ အချိန်ယူထားသည်။

လင်းယုသွေးသတိထားမိတာတစ်ခုက post တိုင်းမှာ I_saw_that account ဆိုတဲ့ account ရဲ့ comment ရှိနေခြင်း။I_saw_that ဆိုတဲ့ accountက လင်းယုသွေးရဲ့ page မှာလည်း ဘာ manga တင်တင်အမြဲ react ပေးနေကြ account ဖြစ်ပြီး တစ်ခါတလေ comment ပေးတတ်သည်။ Account name ကလည်းအဆန်းဖြစ်နေတာမို့ ဒီ account ကိုထူးထူးခြားခြားမှတ်မိနေခြင်း။ ပင်လယ်ပြာကို ဘာသာပြန်မိတာကို ပုံပြင်သစ် ချက်ချင်းသိသွားတာ ဒီ account ကြောင့်များလား။

Ready To Be A Princess [ Completed ]Where stories live. Discover now