Part 5 ( Uni )

272 46 4
                                    

Part 5

မနေ့ကအပိုင်းမှာပါတဲ့  ပင်လယ်ပြာComics ကို ပုံပြင်သစ်နဲ့ Zero ဆွဲနေတဲ့အကြောင်း season 1 တုန်းကထည့်ပေးထားဖူးပါတယ်။ Part 6 episode 3 မှာပါ ။ မယုံရင်ပြန်ရှာကြည့် 😁

xxxxx

လောကကြီးက တွန်းအားပေးနေရင် တောင်ရုန်းထွက်သင့်တဲ့အခြေအနေတွေရှိတယ်။

လူတစ်ယောက်ဟာ သေနတ်လည်းရှိပြီး သူ့ အရှေ့မှာ ထိုင်ခုံမှာကြိုးအချည်ခံထားရတဲ့ လူတစ်ယောက်ရှိနေမယ်။

ထိုင်ခုံပေါ်ကလူဟာ သေနတ်ကိုင်ထားတဲ့သူကို ဒုက္ခပေးခဲ့ဖူးတဲ့သူဖြစ်တယ်။

ထိုင်ခုံပေါ်ကလူကိုသတ်ဖို့ ဘေးနားကနေ တွန်းအားပေးနေမယ့်သူရှိတယ်။

သေစေချင်တဲ့သူတွေရှိတာမို့ သတ်လိုက်ရင် ကောင်းချီးပေးမယ့်သူတွေရှိတယ်။

သတ်ပြီးရင် အလောင်းဖျောက်ပေမယ့်သူရှိတယ်။

ငွေကြေးနဲ့ဖုံးထားပေးမယ့် မိဘတွေလည်းရှိမယ်။

သေနတ်ကိုင်ထားတဲ့သူကို လူသတ်သမားဖြစ်ဖို့ တစ်လောကလုံးကတွန်းအားပေးနေမယ်။

အဲ့ဒီလူက သေနတ်ပစ်လိုက်ရင် အပြစ်ဖြစ်ပါသလား။

×××
လင်းယုသွေးဟာ မနေ့ကရေနစ်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အတန်းခေါင်းဆောင်တာဝန်ဘာမှမလုပ်ဘဲ ဟိုတယ်ခန်းထဲမှာနားနေသည်။ တကယ်တော့ လင်းယုသွေးဘာမှမဖြစ်ပါ။ အပျင်းကြီး၍သာ နားနေခြင်းဖြစ်သည်။

ညနေခင်း ပင်လယ်ထဲ ဆင်းဖို့ အခန်းထဲကထွက်မယ်အလုပ်မှာ Manga trans နေကျ Page ကနေ Message ဝင်လာသည်။

" ပင်လယ်ပြာကို Translate နေတဲ့သူလား မသိဘူး ? "  ဟူ၍ ဖြစ်လေသည်။

" ဟုတ်ကဲ့ "

" အိုင်က ပင်လယ်ပြာဇာတ်လမ်း ကို မူရင်းရေးတဲ့ပုံပြင်သစ်ပါ။ အိုင့်ခွင့်ပြုချက်မပါဘဲ Trans ထားတာမို့ ညီမနဲ့ ဖုန်းပြောလို့ရမလား "

ပုံပြင်သစ် တဲ့လား ငါကြားနေတဲ့ ပုံပြင်သစ်မဟုတ်လောက်ပါဘူး နာမည်တူတာနေမှာပါ။

" ဟုတ်ကဲ့ ညီမက Artist ကိုခွင့်တောင်းပြီးသားပါ"

" အားရင် ညီမနဲ့ပဲ ဖုန်းပြောချင်ပါတယ် "

Ready To Be A Princess [ Completed ]Where stories live. Discover now