Part 8 ( Uni )

229 45 0
                                    


ပြိုင်ပွဲတစ်ခုမှာ

တရားတယ်၊ မတရားတယ် မရှိဘူး။

အနိုင်ရယ်၊ အရှုံးရယ် ပဲရှိတယ်။

ပြီးတော့ ~ လိပ်ပြာလုံတယ်ဆိုတာ ဘာလဲ။

"Clear conscience is softest pillow."
-Russian Saying

Clear conscience ဆိုတာ "လိပ်ပြာလုံတာ"။

လိပ်ပြာလုံရင် ညတွေမှာ အေးအေးချမ်းချမ်းပဲ အိပ်စက်နိုင်မယ်။ အဲ့ဒါကြောင့် Clear conscience is softest pillow- လိပ်ပြာလုံခြင်းသည် အနူးညံ့ဆုံး ခေါင်းအုံး လို့ပြောကြတယ်။

xxxx

Linn Yu Thway's side

လင်းယုသွေးအခုတလော အတော်လေးပျင်းနေရသည်။ Zuri ဟာ အခုတလော သူ့အနားမှာမှမရှိဘဲ။ အကြောင်းကတော့ Zuriဟာ မိန်းကလေး Basketball လက်ရွေးစင်ဖြစ်သွားသောကြောင့်ဖြစ်သည်။ လင်းယုသွေးတို့ကျောင်းဟာ နှစ်စဥ် နှစ်တိုင်း ဗဟိုအဆင့် အားကစားဖလားကို လုတဲ့ အထက်တန်းကျောင်း အနည်းငယ်ထဲက တစ်ကျောင်းဖြစ်သည်။ ကျောင်းအနေနဲ့ သူမတူအောင် ကျွမ်းကျင်တဲ့ အားကစား နှစ်မျိုးလည်းရှိသည်။ ထိုနှစ်မျိုးကတော့ Basket ball နဲ့ ဘောလုံးဖြစ်သည်။ တိတိကျကျပြောရလျှင် မိန်းကလေး ဘတ်စကတ်ဘော အသင်း နဲ့ ယောကျ်ားလေးဘောလုံးအသင်းဖြစ်သည်။ အလယ်တန်းပထမနှစ်ကတည်းက Training ဆင်းထားပြီး ကျောင်းတွင်းပြိုင်ပွဲများမကြာခဏကျင်းပကာ ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးသည်။ အလယ်တန်းနောက်ဆုံးနှစ် ရောက်တဲ့အခါကစလို့ ကျောင်းကိုယ်စားပြု အားကစားသမားဖြစ်နိုင်သည်။ အခုလည်း မိန်းကလေး basket ball အသင်း ဟာ တိုင်းအဆင့်ပထမနဲ့ ဗဟိုကိုပါသွားပြီဖြစ်သည်။

" အစ်မ "

"Zuri ~ TRAINING ပြီးပြီလား "

" ပြီးပြီ ~ နောက်အပတ် Final "

" ဟုတ်လား ဒီတစ်ခေါက် ဘယ်သွားပြိုင်ရမှာလဲ "

" သွားမပြိုင်ရဘူး ဒီတစ်ခေါက် ရန်ကုန်မပါလို့ မန္တလေးကိုပဲလာပြိုင်ကြမှာ "

" ဟုတ်လား ~ ဘယ်မြို့တွေလဲ "

" Finalist လေးဖွဲ့ က မန္တလေး ၊ ကချင် ၊ စစ်ကိုင်း နဲ့ မွန် "

" အော် ~ "

" ကချင်ပြည်နယ်နဲ့ အရင်ပြိုင်ရတာ "

Ready To Be A Princess [ Completed ]Où les histoires vivent. Découvrez maintenant