Part 4 ( UNI )

272 49 7
                                    

Part 5

Note ဒါမဖတ်ခင် Season1 part 4 Episode 1 , 2 လေးပြန်ဖတ်ရင်တော့ကောင်းတာပေါ့😁 မဖတ်လည်းရပါတယ်။

Xxx

သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို ခင်ဗျား ဘာနဲ့ တိုင်းတာမလဲ။

ခေါက်ရိုးကျိုးနေတဲ့ သိက္ခာ ၊ ကိုယ်ကျင့်တရား ဆိုတဲ့စကားလုံးတွေ မပါဘဲ ဖြေကြည့်ပေးပါလား။

xxxx

လင်းယုသွေးတို့ အထက်တန်း ဒုတိယနှစ်တွေ လက်ရှိမှာ ကမ်းခြေတစ်ခုကို အပျော်ခရီးထွက်လာကြသည်။ လင်းယုသွေးဟာ တန်းခွဲ ဘီခေါင်းဆောင်ဖြစ်နေတာမို့ အလုပ်အလွန်များလျက်ရှိသည်။ လူစစ်ရ ၊ အခန်းခွဲရနဲ့ နောက်ဆုံး သူတို့ ရေဆော့တာကအစ လိုက်ထိန်းနေရသည်။ အကုန်လုံးပင်ပန်းပြီး အခန်းထဲပြန်အနားယူတော့မှပဲ လင်းယုသွေး အေးအေးဆေးဆေး နားရတော့သည်။ ကံကောင်းသလား၊ ဆိုးသလားမသိ Guide ဆရာမနဲ့ အခန်းတစ်ခန်းထဲမှာ နေရပြီး ထိုဆရာမ က အခြားဆရာမများနဲ့သွားအိပ်သည်။  လင်းယုသွေးတစ်ယောက်တည်း တစ်ခန်းနေရတာ ကြောက်သလိုလိုရှိပေမဲ့ လွပ်လပ်တာမို့ကောင်းပါတယ်လို့သာဖြည့်တွေးတွေးမိလိုက်သည်။

အခန်းတိုင်းလိုလိုလည်း စကားစုပြောတဲ့ အဖွဲ့တွေလောက်ကလွဲရင် အကုန်လုံးလည်း ငြိမ်နေပြီမို့ အခွင့်သာခိုက် မှာ ပင်လယ်ဘက်ကိုသွားဖို့ လမ်းလျှောက်ထွက်လာသည်။

" အတန်းခေါင်းဆောင် "

" မင်းမြတ်ဟန် "

" ဟဲ ~ ဟဲ ရော့ ခေါင်းဆောင်ကိုကျွန်တော်ကြုံရင်ပေးဖို့ ယူလာတာ  "

လက်ဆောင်လေးကိုကြည့်လိုက်တော့ ပွေ့နိုင်လောက်တဲ့ အနေအထား ခပ်ကြီးကြီး ယွန်းသေတ္တာကိုတွေ့လိုက်ရသည်။ သေတ္တာကိုဖွင့်ကြည့်လိုက်တော့ ချည်လုံးတွေနဲ့ အပ်တွေ ~~

" ပထမဆုံး မိန်းကလေးသူငယ်ချင်းကိုပေးတဲ့လက်ဆောင်မို့ ဘယ်လိုမှသဘောမထားဘဲ စိတ်ချလက်ချယူလို့ရပါတယ် "

" ပထမဆုံး မိန်းကလေး သူငယ်ချင်း ~ ဟုတ်လို့လား"

" အင်း ~ ဟုတ်ပါတယ် အရင်က မိန်းကလေး သူငယ်ချင်းတိုင်းကို ရည်းစားစကားပြောမိလို့ အကုန်လုံးက အဆက်အသွယ်ဖြတ်သွားကြတာ ဟဲဟဲ ~ အဲ့တာကြောင့် အတန်းခေါင်းဆောင်က ပထမဆုံး မိန်းကလေးသူငယ်ချင်း "

Ready To Be A Princess [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin