Part 7 (Uni)

249 41 1
                                    


"စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်
နေရောင်မခံ၊ ပန်းပျံပင်ဆင့်
မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ
မိုးမခဘူး၊ နွေလသန်ပေါက်
ယဉ်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်
ပွင့်ဖူးတွေဆင်ကြသည်။
ရွှေပင်ဆင့်ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်
ဂမုန်းအင့်အဖက်၊ ဆောင်းစက်ရိပ်ခို၊
ရေတွက်လို့ ဆိုတော့မည်။"
-ဦးတိုး

ဦးတိုးဟာ မြန်မာနိုင်ငံမှာများ မကြီးပြင်းခဲ့ရင်~

ဘယ်ပန်းကိုများစာဖွဲ့နေမှာပါစ ~။

xxx

"အစ်မ "

" Zuri "

Zuri ရည်းစားစကားပြောပြီးတဲ့နေ့ကတည်းက ကျောင်းဆင်းချိန်တိုင်း လင်းယုသွေး အနောက်တစ်ကောက်ကောက်လိုက်နေတာဖြစ်သည်။ အခုလည်း ဒီကလေးမှာဟာ မုန့်စားကျောင်းဆင်း Menga ဖတ်နေတုန်း အနားရောက်လာပြီဖြစ်သည်။ အနေခက်အောင်လုပ်နေတာလည်းမဟုတ်တော့ လင်းယုသွေး လည်းအထူးတလည် မောင်းမထုတ်ဖြစ်တော့ပါ။

" အမက စာမေးပွဲပြီးသွားလည်း စာကျက်တာပဲလား "

" ကျောင်းစာမဟုတ်ပါဘူး ~ အမကခုဖတ်နေတာ အပြင်စာပါ "

" အော် "

" Menga ဖတ်နေတာ "

" ညီမကတော့ Menga ဖတ်ရတာ မကြိုက်ဘူး "

" ဒါဆိုညီမက ဘယ်လိုမျိုးတွေဖတ်တာလဲ~

" စကားကြီး ၉ မျိုး တို့ ဘာတို့ပေါ့ "

" အော် ~ "

" ဟယ် အမ တကယ် မသိဘူးလား "

" ဟင် ~ "

" စကားကြီးက ၁၀မျိုးလေ အစ်မရဲ့ ညီမက အစ်မကို စချင်လို့ စကားကြီး ၉မျိုး လို့ပြောတာ "

" ဟီး ~ အစ်မ မှမသိတာ "

" အစ်မကတော့ဖြစ်ရမယ် ~ အထက်တန်းတောင်ရောက်နေပြီ မြန်မာစာမကြေဘူး ။ *လင်းယုငထုံ ၊ ပြောအကုန် ၊ လုံးစုံကန်းကာယုံ။* "

" အမ် ~ အကြီးကို "

" မဟုတ်လို့လား "

" ဒါမဲ့လေ *လင်းယုငထုံ ၊ ​ပြောအကုန် ၊ လုံးစုံကန်းကာယုံ။* ဆိုတာလေးက ဆိုလို့တော့ကောင်းတယ်နော် "

Ready To Be A Princess [ Completed ]Where stories live. Discover now