Part 10 ( Uni )

224 46 3
                                    


စာအုပ်တွေဖတ်တဲ့အခါ ၊ ဇာတ်လမ်းတွေကြည့်တဲ့အခါ တချို့လူတွေက ဇာတ်သိမ်းကိုကျော်ဖတ်ကြတယ်။

တစ်ခါတလေ ကိုယ်တိုင် ဇာတ်ကားထဲကိုဝင်သွားတဲ့အခါမျိုးတွေမှာ ဇာတ်သိမ်းက ကြေကွဲစရာ ကောင်းရင်မခံစားနိုင်ကြဘူးလေ။

ဒါဆိုဇာတ်သိမ်းကို ကျော်မကြည့်ဘဲကြိုသိတဲ့ အခါမျိုးတွေရှိလား။

× × ×

" မင်း မဟုတ်လား "

ကျောင်းဥယျာဥ်ထဲမှာအေးအေးဆေးဆေးထိုင်နေရင်း ဟိန်းလားဟောက်လား အလုပ်ခံရသည့် လင်းယုဝေ ~။ ဘယ်သူလည်း သိချင်တာမို့ ကြည့်မိတဲ့အခါ ~

ဟမ် ~ Zero

" ဘာကိုလဲ "

" ဆေးလိပ်သောက်တဲ့ နေရာ တီချယ့်ကို​တိုင်လိုက်တာ မင်းမဟုတ်လား "

Zero ဟာ လင်းယုသွေးဘေးကိုဝင်ထိုင်ရင်း ပြောလိုက်သည်။

" မ​တိုင်ပါဘူး ~ ​တိုင်ချင်ရင် အဲ့နေ့ကတည်းက တီချယ့်ကိုပြောခဲ့မှာပေါ့ "

" သူတော်ကောင်းယောင်ဆောင်တဲ့ဟာမ "

" ဘာ !! "

" အေးလေ ~ အဲ့နေ့က မင်းသူတော်ကောင်း ယောင်ဆောင်ပြီး ငါ့ညီမကိုပါ ဆေးလိပ်ဖြတ်ခိုင်းတာ မဟုတ်လား ~ အခုလည်း မင်း ဆရာမကိုတိုင်ထားလို့ ဆရာမက Basketball ကွင်းထဲအထိလာစစ်တာ ငါပြေးလိုက်ရတာ သေမလိုပဲ "

" မဟုတ်ဘူးလေ ဆေးလိပ်သောက်တာက မှကောင်းတာ "

" ဆေးလိပ်သောက်တာ ကောင်း မကောင်း သိရအောင်မင်းက သောက်ဖူးလို့လား "

" ထားလိုက်တော့~ နင်နဲ့စကားဆက်ပြောဖို့အစီအစဉ်မရှိဘူး "

ဆက်ပြီးနေရင် ဘယ်အချိန်လည်ပင်းညှစ်သတ်ခံရမယ်မသိတာကြောင့် လွယ်အိတ်ကို ကောက်ဆွဲကာ ထလာလိုက်တော့သည်။ ဒီကောင်ကို ပုံပြင်သစ် ဘာလို့ အရူး လို့ စွပ်စွဲမှန်းနားလည်လာသလိုလို ။

~~~

" ကဲ တပည့်တို့ ~~ ဒီနေ့ ဆရာမတို့ကျောင်းက ကျောင်းသူတစ်ယောက် ဆေးလိပ်ဝယ်နေတာမြင်ခဲ့တယ်လို့ အတိုင်ခံရတာမို့လူတိုင်းရဲ့လွယ်အိတ်တွေစစ်ရလိမ့်မယ် ~ သမီး ခက် "

Ready To Be A Princess [ Completed ]Where stories live. Discover now