Part 6 (Uni)

256 44 4
                                    

Part 7

လောကကြီးမှာ အတော်ဆုံးသတ္တဝါရယ် လို့ တင်စားနိုင်နဲ့ လူ အနေနနဲ့ တားစီးလို့ရတာ ဘာများရှိသလဲ။

ပန်းတွေဝေမှာကို တားလို့မရဘူး ~
ပန်းတွေ ကြွေမှာကိုလည်း တားလို့မရဘူး ~

ကြယ်တွေကြွေမှာကိုလည်း တားလို့မရဘူး ~
လစန္ဒာ သာ မှာကိုလည်းတားနိုင်စွမ်းမရှိဘူး ~

နှင်းကျမှာကိုလည်း မတားနိုင်ဘူး ~
နေပူမှာကိုလည်း တားပိုင်ခွင့်မရှိဘူး ~

တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်တို့ဟာ သဘာဝတရားကြီးကို တားဆီးနိုင်စွမ်းမရှိပါဘူး။

သဘာဝတရားကြီးအပြင် ကျွန်တော်တို့တားဆီးလို့မရတာတွေလည်းရှိပါသေးတယ်။ ဘာတွေဖြစ်မလဲ။

×××
လပတ်စာမေးပွဲနီးပြီဖြစ်၍ လင်းယုသွေး တစ်ယောက် ရှိသမျှအတန်းချိန် အကုန်ဖျက်ကာ Library ထဲမှာ တစ်ယောက်တည်း စာထိုင်ကျက်နေသည်။ ဒီတစ်ခါသာ B ခန်းပြန်ကျရင် အတန်းခေါင်းဆောင်ပြန်ဖြစ်မှာဖြစ်သလို ၊ မာတာမိခင်ကလည်း ခွင့်လွှတ်ဖို့မလွယ်တော့။

" သမီး ဒီမှာ တစ်ယောက်တည်း ဘာထိုင်လုပ်နေလဲ "

အထက်တန်း ဒုတိယနှစ် အေခန်း၏ အတန်းပိုင်ဆရာမ ~

" သမီး စာမရသေးလို့ စာလာကျက်နေတာပါတီချယ် "

ဆရာမဟာ စာမေးပွဲနီးနေတာကို နားလည်တာမို့ အထွေအထူးမေးမြန်းမနေဘဲ စာကြည့်တိုက်ထဲဝင်ကာ လုပ်စရာရှိတာကိုလုပ်နေသည်။ ဆရာမပုံကြည့်ရတာ တစ်ခုခုကိုရှာဖွေနေပုံပေါ်သည်။

" တီချယ် ဘာရှာတာလဲ သမီးကူရှာပေးရမလား"

" အေး သမီး ပစ္စည်းတော့မဟုတ်ဘူးသမီးရေ ~ လူ ။ အေခန်းထဲက Zero နဲ့ ကောင်မလေး တစ်ယောက် ဆေးလိပ်ခိုးသောက်နေတယ်လို့ လာလာတိုင်ကြလို့ ~ သူအခု အခန်းထဲမှာမရှိတာနဲ့ ဆရာမ အခုရှာနေတာ ~ Library မှာတော့ရှိပုံမပေါ်ဘူး တခြားအခန်းတွေဆရာမကိုကူရှာပေးပါဦးသမီး ~ သမီးပါ ကူရှာတော့မြန်တာပေါ့"

" ဟီး ~ ဟုတ် "

လင်းယုသွေးဟာ ပါးချိုင့်ပေါ်အောင်ရီပြရင်း တုံ့ပြန်လိုက်သည်။

Ready To Be A Princess [ Completed ]Where stories live. Discover now