Uni
ထမင်းစားပြီး အိပ်လိုက်တာ ဘယ်လောက်တောင်ကြာသွားလည်းမသိ
နိုးလာတော့ ညနေတောင်စောင်းနေပြီ
"ဟေ့ ဒီမှာ ငါရေချိုးမလို့ ငါ့ကိုတသ်ချက်ကူညီပေးဦး "
မိန့်ခေါ်လိုက်တော့
နက်ကရေချိုးခန်းထဲက ရေကို အပူအရေးညှိပေးပြီး
အက်ျိကို လာချွတ်ပေးတယ်
ခေါင်းက ဒါဏ်ရာက အက်ျီချွတ်ရင်ထိမှာစိုးလို့သာ အကူအညီတောင်းလိုက်ရတာ
နက်ကိုကြည့်လိုက်တော့ မျက်နှာက ခရမ်းချဉ်သီးလိုပဲ နီရဲနေတာ
"ကဲ ရေချိုးပြီးရင်ဝတ်မယ့် အက်ျီပါထုတ်ထား ပေးနော် "
နက်ခေါင်းငြိမ့်ပြလိုက်တယ်
ရေချိုးပြီးပြန်ထွက်လာတော့
နက်က စာကြည့်စားပွဲမှာ မျက်နှာနဲ့ စာအုပ်နဲ့ ကပ်တော့မယ်
ခေါင်းငုံ့ထားတာ ဘာလဲဟ ငါတို့က လင်မယားပဲကို ဘာတွေဒိလောက်ရှက်နေတာလဲမသိဘူး
"ဟေ့ မင်းကျောင်းမသွားဘူးလား ကျောင်းတက်တာလဲမတွေ့ဘူး"
"ဟို ကိုမိန့်အာဏာနေကောင်းမှပဲ
သွားမလားလို့ပါ ခုက အ်ိမ်မှာလဲ ရှင်တစ်ယောက်တည်းဆိုတော့"
"ငါနေကောင်းနေပြီပဲ သွားပေါ့ မင်းကငါတက်မှတက်ရအောင် ငါတို့က ကျောင်းတူလို့လား "
"အင်း တူတူပဲလေ"
"ဟေ ဟုတ်လား မင်းကဘယ်အတန်းကလဲ"
"ကျွန်မက ကိုမိန့်အာဏာကောင်မလေးနဲ့ အခန်းတူတူပဲ"
"အော်ဆောင်းဦးယမုံနဲ့ အတန်းတူတူပဲကို ဒါကြောင့်ယမုံက မင်းအကြောင်းကို ကကြီးကနေအ အထိသိတာပေါ့
ကောင်းပါတယ်လေ
ငါလည်းငါ့နားမှာရှိတဲ့လူအကြောင်းအားလုံးသိထားရတော့ "
"......"
မိန့်ဖုန်းထမြည်တယ်"ဟယ်လို ယမုံ လား
အင်းသက်သာပါတယ်
ဟုတ်လား တော်တာပေါ့ဘယ်တော့သွားရမှာလဲ
အင်းအင်းဒါပဲနော်""မင်း ငါ့ကို အာလူးနဲနဲကြော်ပေးပါလား မင်းမနေ့ကကြော်သလိုမျိုးလေ ငါဗိုက်ဆာနေလို့"

YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်