Part-1

13.9K 540 16
                                    

~ဖြန်း~

အသံနဲ့အတူ...လည်ထွက်သွားတဲ့ပါးကိုကိုင်ပီး..ကြောင်စီစီလေးဖြစ်နေသူမှာLalisaပင်...

ကားParkingမှာသူဘလိုင်းြကီးအရိုက်ခံရသည်.

ဘာကိစ္စမှန်းလဲမသိ၊သူ့ကိုနာမလိုသူ၊မုန်းသူအများအပြားရှိပေမဲ့...ဘလိုင်းကြီးပါးလာရိုက်တာကြတော့...
နဲနဲလွန်တယ်လို့သူမထင်သည်...

"မင်းဘာလုပ်တာလဲ..."

တစ်ဖက်ကမိန်းကလေးနဲ့ဘာမှမပြောဘဲ.ပါးကိုရိုက်ခြင်းမဟုတ်၊လက်သီးနဲ့ပါဆင့်ထိုးလိုက်တာကြောင့်သူမမှာဘေးတစ်စောင်းလဲကျသွားရသည်....

Girl-စနိုက်ကြော်မ....

Girl 1-ဟဲ့..ဟဲ့..ဘာလုပ်တာလဲ...နင်လူမှားနေပီ...

နောက်ကထိုကောင်မလေးရဲ့သူငယ်ချင်းဖြစ်ပုံပေါ်တဲ့ကောင်မလေးတစ်ယောက်ကလာဆွဲပီး..လူမှားကြောင်းပြောနေသောကြောင့်..
ထိုကောင်မလေးကချက်ချင်းပင်....
သူမသူငယ်ချင်းရဲ့လက်ကိုဆွဲရင်းပြေးသွားသည်...

"ဟေ့..."

အော်ခေါ်ပေမဲ့....ထွက်ပြေးသွားသည့်သူမကိုLalisaစိတ်တိုသွားသည်မှာအမှန်ပင်...

ခုနကအခြေအနေအရသူမနားလည်လိုက်သည်...
ထိုအချိုးမပြေတဲ့ကောင်မလေးကသူမကိုလူမှား၍ရိုက်ခဲ့ခြင်းပင်...ဒီလိုရိုက်ပီးမှ...တောင်းပန်စကားပြောရင်ကြေအေးပေးမည်,..ဟုတွေးထားပေမဲ့....အခုတော့နောက်တစ်ခါ
တွေ့ရင်..အကြမ်းဖက်မှုနဲ့ထောင်ချမည်..ဟုကြိမ်းဝါးမိလိုက်သည်....

"ကျစ်..နာလိုက်တာ..."

အထိုးခံရတဲ့ကွဲပြတ်ထားတဲ့နှုတ်ခမ်းကသွေားများစိမ့်ထွက်လာသောကြောင့်အော်လိုက်ခြင်းပင်...

ပိုက်ဆံအိတ်ထဲကသူဆောင်နေကြ..
ပုဝါအပြာလေးကိုထုတ်ကာ..နှုတ်ခမ်းကသွေးများသုတ်လိုက်သည်....

သူမရဲ့ခက်ထန်သည့်မျက်နှာဟာ..
ချက်ချင်းပင်ပြုံးမိသွားသည်...

ထိုအပြုံးကိုသူမပင်သတိမထားမိချေ....

<><><>

သူမအတွက်လူရိုက်နေသည်မှာ...အကြိမ်ပေါင်းမရေနိုင်တော့...

OH MY CEO!!![Complete]Where stories live. Discover now