Part-30

4.3K 464 12
                                    

"Kim JisooမှRosèနှင့်သူငယ်ချင်းသာဖြစ်ကြောင်း
ဖြေရှင်းပြီး..သူမ၏ချစ်သူJohn Mesnenနှင့်လက်ထက်တော့မည်ဖြစ်ကြောင်း"

သူမစိတ်တွေဆောက်တည်ရာမရဖြစ်ကာ...
အိပ်ယာကုတင်ခေါင်းရင်းမှာ..ခွေခွေလေး..ထိုင်နေသည်..နဖူးထောင့်မှာလဲ...ရှရာတစ်ခုကသွေးထွက်နေဆဲပင်...

ပန်းအိုးအကွဲစလေးက...သွေးများစီးကျပီး..ဘေးကကြမ်းပြင်မှာနေရာယူလို့...

အိပ်မက်ထင်လို့ပန်းအိုးနဲ့ခေါင်းရိုက်ခွဲထားသည်ပင်..

လက်ထက်ပွဲကနောက်တစ်ပတ်တဲ့...

"အဟက်...သူငါ့ကိုမချစ်ဘူးဘဲ..."

"Chaeyoung...ငါ့ကိုတံခါးဖွင့်ပေးအုန်း..ထမင်းစားရအောင်..."

တံခါးကိုထုကာ..လာခေါ်နေသည့်Lisaကို..

"Lisa..ငါDietလုပ်နေလို့မစားချင်ဘူး..."

Lisa၏သက်ပြင်းချသံကြားမှ..သူမငိုမိသည်..

မွန်းကြပ်တဲ့စိတ်က...ဘယ်လိုမှပင်ချုပ်ထိန်းလို့မရ..အခုမ"ကိုရှင်းပြခိုင်းစေချင်သည်..

ဘာလို့အဲလိုလုပ်တာလဲလို့...

ဖုန်းကိုဆက်တိုက်ခေါ်နေသည်..ဆက်တိုက်ချပစ်သည်...

နောက်ဆုံးတစ်ခါခေါ်လိုက်သည်ကျမှ..

"Hello.."

ယောင်းရဲ့အသံဖျော့ဖျော့လေး..

"ဘာပြောစရာများရှိလို့လဲ..Chaeyoung.."

"မ..ဘာလို့အဲလိုလုပ်တာလဲ..."

"ရှင်းသားဘဲ..မင်းကိုမချစ်လိူ့..."

"ဟင့်အင်း...မ..ယောင်းကိုချစ်ပါတယ်..အခက်အခဲရှိရင်တူတူဖြေရှင်းကြမယ်လေနော်..."

"Sorry..ကျမစိတ်ကစားတုန်းမို့..ရှင်နဲ့တွဲမိတာ.."

"ဘယ်လို..မဖြစ်နိုင်တာမပြောပါနဲ့..မ..ရယ်.."

"ခွင့်ပြုပါအုန်း..ကျမရဲ့သတို့သားကဖုန်းခေါ်နေပြီ..."

Tee..

ဖုန်းချသွားတော့..

နံရံကိုဖုန်းနဲ့ပစ်ပေါက်လိုက်မိသည်...

"စိတ်ကစားလို့တဲ့လား...."

စိတ်လိုလက်ရငိုကာ..သူမရဲ့ညတာကမျက်ရည်တွေအပြည့်...

OH MY CEO!!![Complete]Where stories live. Discover now