Part-12

4K 505 7
                                    

မထင်မှတ်ထားတဲ့စကားကြောင့်Jennieမျက်လုံးပါပြူးသွားသည်...
သူ့ကိုကိုယ်ရံတော်လုပ်ဖို့ခေါ်သည်တဲ့လေ...

"ရှင်..ကျမရှင့်ဆီမှာအလုပ်တောင်းတာ..ဒီဇိုင်နာအလုပ်လေ.."

"မင်းအတွက်လစာ##လောက်ပေးမယ်..ဒီဇိုင်းဆွဲခွင့်လဲရမယ်..မင်းဒီဇိုင်းတွေကိုသဘောကျရင်ငါ့Companyမှာလဲသုံးပေးမယ်.."

"ရှင်...တကယ်လား..."

မထင်မှတ်ထားတဲ့ပိုက်ဆံပမာဏကြောင့်Jennieထပ်အံ့သြသွားရပြန်တယ်...

"ပီးတော့..ငါ့အနားမှာဘဲအချိန်ပြည့်နေရမယ်.
ငါ့ရဲ့အတွင်းရေးမှူးလုပ်ရမယ်.."

"ဟမ်..ရှင့်ရဲ့အတွင်းရေးမှူးပါလုပ်ရမှာလား.."

"အင်း..."

"အင်းလေ..ကျမအတွက်လက်မခံနိုင်စရာအကြောင်းမှမရှိဘဲ..."

"ဒါနဲ့..ရှင့်အတွက်ထမင်းထည့်လာပေးတယ်.."

အပေါက်ဝမှာချထားခဲ့တဲ့...အိတ်ကိုသွားယူရင်းပြောသည်...jennieအနေနဲ့ခုနကကိစ္စကိုမမေးချင်သလို..အစလဲမဖော်ချင်ပါ..သူလိုလူကိုတောင်ကြောက်စေနိုင်အောင်..ခုနကလူကဘယ်သူများလဲ...မေးရင်လဲ..သူခုနကအခြေအနေကိုအမှတ်ရနေရုံမှတစ်ပါး..ဘာကောင်ေးကွက်မှမည်မဟုတ်ချေ...

"ငါမင်းကိုပြောစရာရှိတယ်..."

"ဟမ်..ပြောလေ..."

Jen..စားပွဲပေါ်ကိုထမင်းနဲ့ဟင်းတွေထည့်ထားတဲ့ဘူးအဆင့်လေးတွေLisaစားဖို့ထားပေးနေရင်း..Lisaရဲ့အပြောကြောင့်ရှေ့ကဆိုဖာအသေးလေးမှာဝင်ထိုင်လိုက်တယ်...

"ခုနကတစ်ယောက်ကငါ့ဦးလေးတစ်ယောက်လွှတ်လိုက်တာ..."

"ဘယ်လို..."

(ဘုရား..ဘုရား..ဘယ်လိုဦးလေးကများ..သူ့တူမကိုဒီလိုသတ်ဖို့အထိအမုန်းကြီးမုန်းနေတာလဲ...)

စိတ်ထဲတွေးမိလိုက်ရုံသာ...

"ဒါကြောင့်..ငါ့ကိုဘဲစောင့်ရှောက်ပေး.."

ခုနကကိစ္စJenစိတ်ခုနေမည်ဆိုတာသိလို့Lisaပြောလိုက်ခြင်းပင်..

"ရှင်..စားချင်တဲ့ငါးကင်ကင်လာပေးတယ်.."

"အင်း..ငါစားကြည့်မယ်..."

OH MY CEO!!![Complete]Where stories live. Discover now